ဘိုင်ယန်အသင်းနည်းပြ ဟန်ဆီ ဖလစ်ကတော့ ချဲလ်ဆီးအသင်းနဲ့ နည်းပြဖြစ်သူ လမ်းပတ်တို့ကို ချီးကျူးပြောဆိုသွားခဲ့ပေမယ့် ယနေ့ညမှာ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ် ပွဲစဉ်မှာတော့ ခံစစ်ပိတ်ကစားမှာမဟုတ်ဘဲ တိုက်စစ်ဖွင့်ကစားသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဘွန်ဒက်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီကနေ့ညမှာ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ပထမအကျော့ပွဲစဉ်အဖြစ် ချယ်ဆီးအသင်းရဲ့အိမ်ကွင်း စတန်းဖို့ဒ်ဘရစ်ဂျ်ကို လာရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Photo: foxsportsasia

ဘိုင်ယန်မြူးနစ်အသင်းဟာ တော့တင်ဟမ်ဟော့စပါးအသင်းအိမ်ကွင်းကို လာရောက်ကစားခဲ့တဲ့ပွဲစဉ်တုန်းက ၇-၂ နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပြီး ချယ်ဆီးအသင်းနဲ့ လန်ဒန်မြေမှာ ကစားရမယ့်ပွဲစဉ်မှာ တိုက်စစ်ဖွင့်ကစားသွားမှာဖြစ်တယ်လို့ ဟန်ဆီဖလစ်က သတိပေးပြောကြားခဲ့တာဖြစ်ပါတယ်။

ချန်ပီယံလိဂ် အုပ်စုအဆင့်ကို ရာနှုန်းပြည့်နိုင်ပွဲစံချိန်နဲ့ ကျော်ဖြတ်နိုင်ခဲ့ပြီး ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ချယ်ဆီးအသင်းနဲ့ ယနေ့ညမှာ ရင်ဆိုင်သွားရတော့မှာဖြစ်ပါတယ်။

Source : FOX Sports

“ကျွန်တော်တို့အသင်းက သူတို့ရဲ့ မျှော်လင့်ချက်ကို သိထားပြီးဖြစ်ပြီး ဒီပွဲမှာ ရဲရဲရင့်ရင့်နဲ့ ယုံကြည်မှုအပြည့်နဲ့ တိုက်စစ်ဖွင့်ပြီး ကစားသွားမှာပါ။ ဒီပွဲအတွက် ယုံကြည်မှု အပြည့်ရှိပြီး လန်ဒန်မြေမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ပြသနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ချယ်ဆီးရဲ့ အားသာချက်တွေ အားနည်းချက်တွေကို လေ့လာထားပြီး ပွဲကို အဆုံးသတ်ပေးနိုင်မယ့် အခွင့်အရေးကိုလည်း ရှာဖွေပြီးပါပြီ။ ချယ်ဆီးအသင်းဟာ နည်းပြ လမ်းပတ်ရဲ့ လက်အောက်မှာ အသင်းသစ် တစ်ခုလိုပြောင်းလဲသွားခဲ့ပြီး တကယ်ကို ကောင်းကောင်း ကစားနေနိုင်ခဲ့တာပါ။ သူတို့အနေနဲ့ ပရီးမီးယားလိဂ်မှာလည်း အဆင့်၄နေရာကို ရရှိထားပြီး အသင်းများစွာကို အသာစီးရယူထားနိုင်ပါတယ်။ ချယ်ဆီးကို လေးစားမှု ရှိကြောင်းပြသသွားမှာဖြစ်ပေမယ့် ကြောက်ရွံ့နေတာမျိုးတော့ မရှိပါဘူး” လို့ ပြောကြားခဲ့ပါတယ်။