နင်္လာနေ့ မနတ်အစောပိုင်းက 2019 Copa America ဗိုလ်လုပွဲမှာ အိမ်ရှင်ဘရာဇီးလ်အသင်းကပီရူးအသင်းကို (၃-၁) ဆိုတဲ့ရလဒ်နဲ့အနိုင်ရဗိုလ်စွဲသွားခဲ့ပါတယ်။

Source: Daily Post Nigeria

ဒီပွဲကိုအနိုင်ရရှိခဲ့တာကြောင် ဘရာဇီးလ်အသင်းရဲ့ ၁၂ နှစ်သာဖလားလက်မဲ့ရာသီကို အဆုံးသက်နိုင်ခဲ့ပါတယ်။ဘရာဇီးလ်အသင်းရဲ့ပထမဆုံးဂိုးကိုတော့ Everton Soares ကပွဲကစားချိန် ၁၅ မိနစ်မှာ သွင်းယူခဲ့ပါတယ်။ပထမပိုင်းပွဲပြီးခါနီးမှာ ပီရူးအသင်းက ပင်နယ်တီကန်ခွင့်ရရှိခဲ့ပါတယ်။

ဒီပင်နယ်တီကို Paolo Guerrero ကအမှားအယွင်းမရှိကန်သွင်းယူပြီး ပီရူးအသင်းအတွက် ချေပဂိုးသွင်းယူခဲ့ပါတယ်။ ဘရာဇီးအသင်းရဲ့ ဒုတိယဂိုးကိုတော့ မန်စီးတီးကစားသမား Gabriel Jesus က ပထမပိုင်းပွဲပြီး နာကျင်အချိန်ပိုသုံး မိနစ်အတွင်းမှာ သွင်းယူပေးသွားခဲ့ပါတယ်။

Source: Forbes

Gabriel Jesus ဒုတိယပိုင်း မိနစ် ၇၀ မှာ အနီကက်ပြထုတ်ခံခဲ့ရပါတယ်။ ဘရာဇီးလ်အသင်းအတွက် အနိုင်သေချာစေမဲ့ဂိုးကိုတော့ ဒုတိယပိုင်းပွဲပြီးခါနီး မနစ် ၉၀ မှာ ရရှိခဲ့တဲ့ ပင်နယ်တီကို Richarlison က အပိုင်ကန်သွင်းယူပေးခဲ့ပါတယ်။

ဒီဖလားဟာ ဘရာဇီးလ်အသင်းရဲ့ ၉ ကြိမ်မြောက် Copa America ဖလားရရှိခဲ့တာဖြစ်ပြီး ဥရုဂွေးနဲ့အာဂျင်တီးနားတို့ပြီးရင် တတိယအအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။ ဘရာဇီးလ်အသင်းဟာ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ အကြိမ်တိုင်းမှာ ဖလားရရှိအောင်စွမ်းဆောင်နိုင်ခဲ့တဲ့မှတ်တမ်းလည်းဝင်သွားခဲ့ပါတယ်။

Source: Sport360

Copa America သမိုင်းတလျှောက်မှာ အအောင်မြင်ဆုံးအသင်းအဖြစ် ဥရုဂွေးအသင်းက ရပ်တည်နေပြီး ၁၅ ကြိမ်ချန်ပီယံဖြစ်ခဲ့ပါတယ်။ ဒုတိယအနေနဲ့ ဒီပြိုင်ပွဲမှာ တတိယနေရာ ရရှိသွားခဲ့တဲ့ အာဂျင်တီးနားအသင်းက ၁၄ ကြိမ်ရရှိထားပါတယ်။