Smoothie ဖျော်ရည်များသည် ဗီတာမင် သတ္တုဓာတ်များနှင့် အာဟာရဓာတ်များ စုံလင်ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် မနက်ခင်းနိုးထလာချိန်မှာ သောက်သုံးသင့်တဲ့ မနက်စာတစ်ခုပဲဖြစ်ပါတယ်။ အထူးသဖြင့် ဝိတ်ချချင်တဲ့ ယောကျာ်းများအတွက် Smoothies ဖျော်ရည်များသည် အရွေးချယ်သင့်ဆုံး မနက်စာတစ်ခုပါ။

ဘယ်လို Smoothies မျိုးကို ဖျော်သောက်ရမလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။

သကြားမုန်လာနှင့် လိမ္မော်သီးဖျော်ရည်

smoothies for men who want to lose weight

သကြားမုန်လာ ၁ လုံးကို အတုံးသေးသေး တုံးထားပါ။ လိမ္မော်သီး ၁ လုံးကိုလည်း အခွံခွာကာ အမြွှာလိုက် ခွာထားပါ။ ထို့နောက် ဂျင်း အနည်းငယ်ကို လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာခန့် ရရှိအောင် ပါးပါးလှီးထားပါ။ လိမ္မော်ရည် စားပွဲတင်ဇွန်း ၁၆ ဇွန်းခန့်လည်း လိုအပ်ပါလိမ့်မယ်။ ရေခဲတုံး နှစ်သက်ပါက ရေခဲတုံးအနည်းငယ် ထည့်ပါ။

ထိုပါဝင်ပစ္စည်းများအားလုံးကို ဖျော်စက်ထဲထည့်ပြီး သမအောင် ဖျော်ပေးလိုက်ပါ။ ရရှိလာတဲ့ဖျော်ရည်ကို အရသာရှိရှိသောက်သုံးလိုက်ပါ။ ဒီဖျော်ရည်သည် ဝိတ်ကျစေရုံသာမကဘဲ ကိုယ်ခံစွမ်းအားကိုလည်း မြှင့်တင်ပေးနိုင်ပါသေးတယ်။

ထောပတ်သီး Smoothie

smoothies for men who want to lose weight

ထောပတ်သီး တစ်ခြမ်းကို အသားများ ခပ်ထုတ်ထားပါ။ ပရိုတင်းအမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း လိုအပ်ပါမယ်။ ဟင်းနုနွယ်အနည်းငယ်၊ နွားနို့ စားပွဲတင်ဇွန်း ၁၆ ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။

ပါဝင်ပစ္စည်းများကို ဖျော်စက်ထဲထည့်ကာ သမအောင် ဖျော်လိုက်ပါ။ ထို့နောက် ဖန်ခွက်ထဲထည့်ကာ အရသာရှိရှိ သောက်သုံးနိုင်ပါပြီ။

ငှက်ပျောသီးနှင့် ရွှေဖရုံသီးဖျော်ရည်

smoothies for men who want to lose weight

ငှက်ပျောသွး ၁ လုံး၊ ရွှေဖရုံသီးအနှစ် အနည်းငယ်၊ ရွှေဖရုံသီးအတုံး အနည်းငယ်၊ အယ်လ်မွန်နို့ စားပွဲတင်ဇွန်း ၁၆ ဇွန်းနှင့် ရေခဲတုံးကြိုက်ပါက ရေခဲတုံးအနည်းငယ် ထည့်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများအားလုံးကို ဖျော်စက်ထဲထည့်ကာ သမအောင် ဖျော်လိုက်ပါ။ ရရှိလာတဲ့ဖျော်ရည်ကို မနက်ခင်းအချိန်အခါမှာ ဝိတ်ချဖို့အတွက် သောက်သုံးနိုင်ပါပြီ။

Source: Eatthis.com

Featured Image Source: Freepik.com