ရာသီပြောင်း စိတ်အတက်အကျ ဖြစ်လွယ်မှုဟာ မျက်စိအရောင်နဲ့ ဆက်စပ်မှုရှိနေတယ်လို့ သုတေသနတစ်ရပ်မှာဖော်ပြထားပါတယ်။

ကျောင်းသား ၁၇၅ ဦးကို လေ့လာခဲ့တဲ့ University of South Wales ရဲ့ သုတေသနအရ အပြာရောင်မျက်လုံးရှိသူတွေထက် အညိုရောင် မျက်လုံးပိုင်ရှင်တွေဟာ ရာသီအကူးအပြောင်းမှာ ဖြစ်တတ်တဲ့ စိတ်မမှန်မှု SAD လက္ခဏာဖြစ်ဖို့ ပိုပြီး များတယ်လို့ ဆိုပါတယ်။ Winter Depression လို့ လည်း ခေါ်တဲ့ ဒီရောဂါဟာ ဆောင်းဝင်စနဲ့ ဆောင်းကုန်ခါနီးလိုမျိုး ရာသီပြောင်းချိန်မျိုးမှာ ဖြစ်တတ်တဲ့ စိတ်ကျရောဂါမျိုး ဖြစ်ပါတယ်။

Source: Pixabay

တစ်ချို့ ကတော့ SAD ရောဂါဟာ နေရောင်နဲ့ ထိတွေ့ မှု နည်းတာကြောင့် ပုံမှန်ခန္ဓာကိုယ်စည်းချက် မမှန်မှုဖြစ်သွားတာလို့ ယူဆကြပါတယ်။ South Wales တက္ကသိုလ်မှ သုတေသီရဲ့ တွေ့ ရှိမှုအရ မျက်လုံးပြာပြာနဲ့ လူတွေဟာ အနက်နဲ့ အညိုရောင်မျက်လုံးပိုင်ရှင်တွေထက် ဆောင်းရာသီမှာ စိတ်လေလွင့်မှု နည်းကြတယ်လို့ ဆိုပါတယ်။

ဒီလိုဖြစ်ရခြင်းဟာ လူတစ်ယောက်ချင်းစီရဲ့ မျက်လုံးမှ အလင်းအတိုင်းအတာကို ကြည့်ရှုလက်ခံတဲ့ အပေါ်လိုက်ပြီး ကွာခြားသွားတာလို့ ယုံကြည်သွားပါတယ်။ ကာလာဖျော့တဲ့ မျက်လုံးအရောင်ပိုင်ရှင်တွေဟာ အလင်းရောင်ပေါ် ခံစားလွယ်မှုမြင့်ပြီး စိတ်ဓါတ်ကျမှုကို အမြန်သက်သာစေမယ့် မယ်လတ်တိုနင်ဟော်မုန်းတွေ ထုတ်နိုင်တယ်လို့ ဆိုပါတယ်။

 

Source: Pexels

ရာသီပြောင်းစိတ်လေမှုကို အခန်းတွင်းကြာကြာနေသူတွေမှာလည်း ကြုံတွေနိုင်ပြီး လမ်းလျှောက်ခြင်း ၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ဒီလိုမျိုး စိတ်လေမှုတွေကို ကုစားနိုင်တယ်လို့ လည်း သိရပါတယ်။