ပေါ်တူဂီကွင်းလယ် တိုက်စစ်မှူး ဘရူနို ဖာနန်ဒက်စ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အနာဂတ်နဲ့ပတ်သတ်ပြီး စောင့်ကြည့်ချင်နေတာကြောင့် အသင်းနဲ့ စာချုပ်အသစ် ချုပ်ဆိုမယ့်ကိစ္စနဲ့ ပတ်သတ်တဲ့ ဆွေးနွေးမှုတွေကို ခေတ္တဆိုင်းငံ့လိုက်တယ်လို့ Daily Mail သတင်းမှာ ဖော်ပြထားပါတယ်။

bruno-fernandes-has-put-talks-over-a-new-manchester-united-contract-on-hold-having-turned-down-an-offer-last-year-as-100k-a-week-star-seeks-parity-with-the-clubs-top-earners-cristiano-ronaldo-and-da
Photo : Infosurhoy

အိုးလ်ထရက်ဖို့ဒ်မှာ တစ်ပတ်လုပ်ခ ပေါင် ၁၀၀,၀၀၀ ဝန်းကျင်ရရှိနေတဲ့ တိုက်စစ်မှူး ဘရူနို ဖာနန်ဒက်စ်က ၎င်းဟာ အသင်းရဲ့ အရေးပါဆုံး ကစားသမားတစ်ဦးဖြစ်ကြောင်းကို ထင်ဟပ်စေရန် နောက်ထပ်ချုပ်ဆိုမယ့် စာချုပ်သစ်မှာတော့ ကလပ်အသင်းရဲ့ လစာငွေအများဆုံး ရရှိနေတဲ့ ကစားသမားတွေနဲ့ တန်းတူ လုပ်ခလစာရရှိဖို့ အလိုရှိနေတာပဲ ဖြစ်ပါတယ်။

လက်ရှိ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ခရစ္စတီယာနို ရော်နယ်ဒိုက တစ်ပတ်ကို လုပ်ခလစာငွေ ပေါင် ၄၀၀,၀၀၀ ကျော်နဲ့ အသင်းရဲ့ ဝင်ငွေအများဆုံးကစားနေရာမှာရပ်တည်နေပြီး ဂိုးသမား ဒီဂီယာကတော့ တစ်ပတ်ကို လုပ်ခလစာ ပေါင် ၃၇၅,၀၀၀ နဲ့ ဒုတိယအများဆုံးနေရာမှာ ရှိနေတာပဲ ဖြစ်ပါတယ်။

bruno-fernandes-has-put-talks-over-a-new-manchester-united-contract-on-hold-having-turned-down-an-offer-last-year-as-100k-a-week-star-seeks-parity-with-the-clubs-top-earners-cristiano-ronaldo-and-da

Photo : Daily Mail

ယူနိုက်တက်အသင်းမှာ လက်ရှိ ဘရူနိုဖာနန်ဒက်စ်ထက် လစာငွေပိုရနေတဲ့ ကစားသမားတွေ ၈ ဦးထက်မနည်းရှိနေပြီး ၎င်းကစားသမားတွေထဲမှာ ဟယ်ရီ မက်ဂွိုင်းယား၊ ပေါလ် ပေ့ါဂ်ဘာ၊ အန်တိုနီ မာစီယဲလ်၊ ဗာရန်နဲ့ အက်ဒီဆင် ကာဗာနီ တို့ပါဝင်နေတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဆောင်းရာသီအနှောင်းပိုင်းကာလတုန်းက ယူနိုက်တက်အသင်းအနေနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးခဲ့ပေမယ့် ဘရူနိုဖာနန်ဒက်စ်နဲ့ ၎င်းရဲ့ ကိုယ်စားလှယ်တွေက ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး ယခုနှစ်မေလလောက်အထိ ဆွေးနွေးညှိနှိုင်းမှုတွေ ပြန်လုပ်အုန်းမှာ မဟုတ်ဘူးလို့ သိရပါတယ်။

အခုလာမယ့်နွေရာသီလောက်မှလည်း ယူနိုက်တက်အသင်းအနေနဲ့ ဘောလုံးရာသီအသစ်မှာ ဘယ်ဥရောပပြိုင်ပွဲဝင်ခွင့်ရမလဲဆိုတာ တိတိကျ ကျ သိရမှာဖြစ်တာကြောင့် ပေါ်တူဂီကြယ်ပွင့်အနေနဲ့ အဲ့ဒီအချိန်အထိ အသင်းရဲ့ အနာဂတ်ကို စောင့်ကြည့်နေချင်တာ ဖြစ်ပါတယ်။

bruno-fernandes-has-put-talks-over-a-new-manchester-united-contract-on-hold-having-turned-down-an-offer-last-year-as-100k-a-week-star-seeks-parity-with-the-clubs-top-earners-cristiano-ronaldo-and-da

Photo : Allaboutfpl

ဒါပေမယ့် ဘရူနို ဖာနန်ဒက်စ်နဲ့ ယူနိုက်တက်အသင်းကြားက စာချုပ်သက်တမ်းဟာ ၂၀၂၅ ခုနှစ်အထိ ကျန်ရှိနေသေးတာဖြစ်ပြီး နောက်ထပ် ၁ နှစ် သက်တမ်းတိုးခွင့်လည်းရှိနေတာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းအနေနဲ့ စာချုပ်အသစ်အတွက် ဆွေးနွေးမှုတွေကို ရွှေ့ဆိုင်းလိုက်တဲ့အပေါ်  စိတ်လောနေခြင်းရှိမှာ မဟုတ်ဘူးလို့ သိရပါတယ်။

Photo : Red Devil Armada