Bruno Mars ရဲ့နာမည်အရင်းကတော့ Peter Gene Hernandez ဖြစ်ပြီး သူ့ကို ၁၉၈၅ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် ဟိုနိုလူလူ၊ ဟာဝိုင်အီကျွန်း၌ မွေးဖွားခဲ့တာပါ။ သူသည် နာမည်ကျော်ကြားတဲ့ အဆိုတော်ဖြစ်ရုံသာမကဘဲ သီချင်းရေးဆရာ၊ သီချင်းထုတ်လုပ်သူနှင့် ကျွမ်းကျင်အကပညာရှင်တစ်ယောက်ဆိုလည်း မမှားပါဘူး။

သူသည် ပေါ့၊ ရော့်ခ်၊ ရက်ဂေး၊ ဟစ်ဟော့၊ R&B စတဲ့ သီချင်းအမျိုးစားစုံစုံလင်လင်ကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာ သီဆိုင်နိုင်တဲ့အဆိုတော်တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့သီချင်းများသည်လည်း တစ်ကြိမ်နားထောင်လိုက်ရုံနှင့် နားထဲစွဲထင်သွားလောက်တဲ့အထိ ညှို့ယူဖမ်းစားနိုင်စွမ်းရှိပါတယ်။

သူ ရေးဖွဲ့သီဆိုထားတဲ့ သီချင်းအများအပြားရှိသည့်အနက် ယခုတစ်ခုမှာတော့ လူကြိုက်အများဆုံးသီချင်းတချို့ကို ဖော်ပြပေးချင်ပါတယ်။

(10) Marry You

(9) That’s What I Like

(8) Treasure

(7) When I Was Your Man

(6) Grenade

(5) Just The Way You Are

(4) The Lazy Song

(3) 24K Magic

(2) Locked Out of Heaven

(1) Uptown Funk

Source: Live365.com