စမတ်နာရီတွေဟာ ဒီဘက်ခေတ်မှာ လူတော်တော်များများ စိတ်ဝင်စား အသုံးများလာတဲ့ နေ့စဉ် အသုံးအဆောင်တွေထဲက တစ်ခုပါ။ နာရီတွေကိုရူးသွပ်တဲ့ ဖက်ရှင်ချစ်သူတွေ တင်မကပဲ ကျန်းမာရေး လိုက်စားသူတွေ ၊ အားကစား ပုံမှန်လုပ်သူတွေ ကြားမှာပါ ထည်ထည်ဝင်ဝင် အသုံးပြုလာ ကြပါတယ်။ Smartwatches တွေဟာ စာရေးသူ တို့ရဲ့ နေ့စဉ်ဘဝထဲက လုပ်ငန်းဆောင်တာတွေကို ပိုမိုလွယ်ကူ ချောမွေ့စေဖို့ ကူညီပေးသလို အိပ်စက်မှု စက်ဝန်းနဲ့ တစ်နေ့တာ လှုပ်ရှားမှု အတိုင်းအတာ စတဲ့ အခြေအနေတွေကို ခြေရာခံ တိုင်းတာပေးတဲ့အတွက် ကျန်းမာရေးအကျိုး ကျေးဇူးများစွာ ပေးစွမ်းတဲ့ ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ လက်ရှိ ဈေးကွက်ထဲမှာတော့ Apple ၊ Samsung တို့လို နာမည်ကြီး ထိပ်တန်း Brand တွေရဲ့ စမတ်နာရီတွေဟာ စွမ်းဆောင်ရည်အားဖြင့် ကြမ်းသလို ဈေးနှုန်းလည်း မြင့်ပါတယ်။ အကယ်၍ ကွီးတို့က စမတ်နာရီ ကောင်းကောင်း သုံးချင်တယ် ဒါပေမယ့် နာမည်ကြီး Brand တွေလို ဈေးတွေ ခေါင်ခိုက်နေတာ မျိုးမဟုတ်ပဲ ဈေးအသင့်အတင့်နဲ့ Budget-Friendly လည်း ဖြစ်ရမယ် ဆိုရင်တော့ အခုပြောပြမယ့် စမတ်နာရီတွေကို ရွေးချယ်အသုံးပြု နိုင်ပါတယ်။

(၁) Reflex Beat Smartband

Reflex Beat Smartband

Photo : Fastrack

ခြေလှမ်း အရေအတွက်ကစလို့ အိပ်စက်မှု အရည်အသွေး ၊ နှလုံးခုန်နှုန်းတွေအထိ တိတိကျကျ ခြေရာခံ တိုင်းတာပေးနိုင်တဲ့ Fastrack အမှတ်တံဆိပ် Reflex Beat Smartband ကတော့ Budget-Friendly ဖြစ်တဲ့ Smartwatches တွေထဲက ရွေးချယ်စရာ တစ်ခုပါပဲ။ ဈေးနှုန်းအားဖြင့် ဒေါ်လာ ၂၀ ဝန်းကျင်သာ ရှိပြီး ဈေးသက်သာပေမယ့် စွမ်းဆောင်ရည်ပိုင်းတော့ လျော့တွက်လို့မရတဲ့ စမတ်နာရီ တစ်လုံးပါ။ စမတ်ဖုန်းနဲ့ ချိတ်ဆက်ပြီး ဖုန်းခေါ်ဆိုမှု ၊ စာတိုပေးပို့မှုနဲ့ ဓာတ်ပုံရိုက်ကူးမှုတွေ အားလုံးကို နာရီရဲ့ မျက်နှာပြင်ပေါ်ကနေပဲ အလွယ်တကူ ထိန်းချုပ်စေခိုင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

(၂) ColorFit Pro 2 Smartwatch

ColorFit Pro 2 Smartwatch

Photo : Fliptwirls

Budget ဈေးတန်းထဲက စွမ်းဆောင်ရည် Smartwatchs ကောင်းကောင်းတစ်လုံး ရှာနေရင်တော့ Noise ရဲ့ ColorFit Pro 2 Smartwatch ရှိပါတယ်။ ColorFit Pro 2 Smartwatch မှာ ၁.၃ လက်မ Colour Display ကို တပ်ဆင်ပေးထားပြီး Taps And Swipes လုပ်ဆောင်မှုတွေအတွက် Touch ပိုင်းကို တော်တော်လေး ချောမွေ့သွက်လက်အောင် ဖန်တီးပေးပါတယ်။ Sports Modes ၉ ခု အထိ ပါဝင်ပြီး  ကျန်းမာရေးနဲ့ တစ်နေ့တာ လှုပ်ရှားမှုဆိုင်ရာ အချက်အလက်တွေအတွက် တိကျသေချာတဲ့ ခြေရာခံစနစ်ကို ထည့်ပေးပါတယ်။ ဈေးနှုန်းကတော့ ၃၅ ဒေါ်လာ ဝန်းကျင်ပဲ ရှိပါတယ်။

(၃) AQFIT W6 Smartwatch

 AQFIT W6 Smartwatch

Photo : Amazon.in

AQFIT W6 Smartwatch ကတော့ ပေါ့ပါးကျစ်လစ်တဲ့ ဒီဇိုင်းနဲ့ ၁.၆၉ လက်မ Full-screen Display သုံးပေးထားပြီး ၂၄ နာရီ ကျန်းမာရေး ခြေရာခံစနစ် ပါဝင်တဲ့ အမိုက်စား စမတ်နာရီတစ်လုံး ဖြစ်ပါတယ်။ Display ပေါ်ကနေ ဖုန်းခေါ်ဆိုမှု ၊ ဆိုရှယ်မီဒီယာ အသုံးပြုမှုနဲ့ Daily Reminders ၊ Music Controls တွေကို အလွယ်ကူဆုံး ထိန်းချုပ်အသုံးပြုနိုင်မှာ ဖြစ်ပြီး Sports Modes ၁၅ ခုနဲ့ ဘက်ထရီ သက်တမ်း ၁၀ ရက်အထိ တောက်လျောက် သုံးနိုင်ပါတယ်။ ဈေးနှုန်းကတော့ ၂၃ ဒေါ်လာ ဝန်းကျင် ရှိပါတယ်။

(၄) Gionee STYLFIT GSW6

Gionee STYLFIT GSW6
Photo : Flipkart

Budget Smartwatches တွေထဲမှာ အထာအကျဆုံးနဲ့ စွမ်းဆောင်ရည် အကြမ်းဆုံး စမတ်နာရီလို့ပြောရင် Gionee STYLFIT GSW6 ကို ညွှန်းရမှာ အသေအချာပါပဲ။ Gionee STYLFIT GSW6 စမတ်နာရီက အချိန်နဲ့တပြေးညီ နှလုံးခုန်နှုန်းအမှန်ကို တိုင်းတာပေးနိုင်ပြီး ခြေလှမ်းအရေအတွက် ၊ အိပ်စက်မှု အရည်အသွေး ၊ ကယ်လိုရီ လောင်ကျွမ်းမှုတွေကိုပါ အတိအကျဆုံး ဖော်ပြပေးပါတယ်။ ဖုန်းခေါ်ဆိုမှုနဲ့ စာတိုပေးပို့မှု Notification တွေကို Display ပေါ်မှာ ဖော်ပြပေးမှာ ဖြစ်ပြီး Camera Controls နဲ့ Social Media Controls တွေကို လွယ်ကူလျင်မြန်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၃၅ ဒေါ်လာ ဝန်းကျင် ရှိပါတယ်။

Source : magicpin

Featured Photo : Lifehacker