ခရီးထွက်ခြင်း က ပျော်ရွှင်စိတ်လှုပ်ရှားဖို့ကောင်းပြီး အတွေ့အကြုံအသစ်တွေ၊ ခံစားမှုရသ အသစ်တွေ ရရှိစေနိုင်ပါတယ်။ သို့သော်လည်း ခရီးတစ်ခုထွက်တယ်ဆိုတာ သွားလာစရိတ်၊ တည်းခိုစရိတ် စတဲ့ အမျိုးမျိုးသော ကုန်ကျစရိတ်တွေ ရှိပါတယ်။ ခရီးထွက်ရတာ ဝါသနာပါပြီး ခဏခဏ ခရီးထွက်ချင်သော်လည်းပဲ ကုန်ကျစရိတ်တွေကြောင့် ခရီးမထွက်ဖြစ်တာ၊ ကြန့်ကြာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒီကြောင့်တော့ အရမ်းစိတ်မပူပါနဲ့၊ ခရီးထွက်ဖို့ ငွေကြေးအမြာက်အများရှိဖို့ မလိုပါဘူး၊ နည်းလမ်းကောင်းလေးတွေ သိဖို့ပဲ လိုပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ခရီးခဏဏ ထွက်ချင်တဲ့ ကွီးတို့အတွက် Budget နည်းနည်းနဲ့ အထာကျကျ ခရီးထွက်နိုင်ဖို့ အကြံပြုချက်လေးတွေကို ဖော်ပြပေးချင်ပါတယ်။

ကြိုတင်အစီအစဉ်ချပါ

Budget အထာကျကျ

Photo : Blue Chip Federal

ခရီးတစ်ခုထွက်မယ်ဆိုရင် ကြိုတင်စီစဉ်တာက အကောင်းဆုံးပါပဲ။ အထူးသဖြင့် အပိုငွေကြေး ကုန်ကျမှုမရှိ‌အောင် ကိုယ်ရဲ့ Budget နဲ့ခရီးသွားမယ်ဆိုရင် ကြိုတင်အစီအစဉ်ဆွဲကို ဆွဲရပါမယ်။ ဒါမှသာ ကွီးတို့ သွားရောက်မယ့်နေရာ၊ တည်းခိုမယ့် ဟိုတယ်၊ လည်ပတ်မယ့်နေရာများကို ကြိုတင်စီစဉ်ထားခြင်းဖြင့် ကိုယ့်ရဲ့ Budget နဲ့ ကိုက်မကိုက်ကို သိနိုင်ပါတယ်။ အသေးစိတ်ကို ကြိုတင်စီစဉ်ထားခြင်းက မမျှော်လင့်ထားသော အသုံးစရိတ်များကိုလည်း နည်းပါးစေပါတယ်။ ဥပမာအားဖြင့် လေယာဉ်လက်မှတ်ကို ကြိုတင်ပြီး ဝယ်ထားခြင်းက အနားကပ်မှ ဝယ်တာထက် ပိုပြီးစျေးသက်သာနိုင်ပါတယ်။ ဒါ့အပြင် လျှော့စျေးအချိန်အခါနဲ့လည်း ကြုံကြိုက်နိုင်ပါတယ်။

အချိန်အခါကို ရွေးချယ်ပါ

Budget အထာကျကျ

Photo : Traveller Insurance

နွေရာသီကျောင်းပိတ်ရက်များ၊ အများပြည်သူအားလပ်ရက်များ၊ ခရီးသွားရာသီများမှာ ခရီးထွက်ခြင်းကို ရှောင်ပါ။ ဒီလို ရက်သတ္တပတ်တွေမှာ ခရီးသွားတွေများကြောင့် ခရီးသွားလုပ်ငန်များရဲ့ စျေးနှုန်းက အခြားအချိန်များထက် ပိုများနေနိုင်ပါတယ်။ ဒါ့အပြင် လူအများအပြားခရီးသွားခြင်းကြောင့် တည်းခိုစရာ ရှာရခက်တာမျိုး၊ လူစည်ကားနေတာမျိုးနဲ့ တွေ့ကြုံနိုင်ပါတယ်။ ကိုယ့်ရဲ့ Budget အတွက်သာမက အေးအေးဆေးဆေး ခရီးသွားချင်ရင် ဒီလိုအချိန်မျိုးကို ရှောင်ပါ။ နောက်တစ်ချက်ကတော့ ခရီးသွားရာသီမဟုတ်တဲ့ အချိန်တွေမှာ သွားလာသူနည်းပါးသောကြောင့် ဟိုတယ်နှင့် လေကြောင်းလိုင်းများက ခရီးသွားများကို  ဆွဲဆောင်ဖို့ ၎င်းတို့ရဲ့ စျေးနှုန်းများကို လျှော့ချတတ်ပါတယ်။ ဒီလိုအချိန်မျိုးကို အမိအရ အသုံးချပါ။

အများသုံး ပို့ဆောင်ရေးကို အသုံးချပါ

Photo : RailTech.com

ကိုယ်ခရီးသွားတဲ့ နေရာဒေသမှာ လည်ပတ်ဖို့အတွက် သွားလာစရိတ်ကလည်း ကြီးပါတယ်။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ ထိုဒေသရဲ့ အများသုံး ပို့ဆောင်ရေးကို အသုံးပြုကြည့်ပါ။ ဒီလို လုပ်ခြင်းက ကွီးတို့ရဲ့ သွားလာစရိတ်ကို အတိုင်းအတာတစ်ခုထိ လျှော့ချနိုင်ရုံသာမက ထိုဒေသရဲ့ ဒေသခံတွေနဲ့ ၎င်းတို့ရဲ့ နေ့စဉ်ဘဝကိုလည်း ခြေရာခံပြီးသား ဖြစ်စေမှာပါ။ အတွေ့အကြုံအသစ်နဲ့ ခံစားမှုအသစ်တွေကိုလည်း ရရှိစေနိုင်ပါတယ်။

စားသောက်ဆိုင်များကို ကြိုတင်ရှာဖွေထားပါ

Photo : Jetsetter

ခရီးတစ်ခုမှာ ကွီးတို့ရဲ့ စားသောက်စရာအပေါ် သုံးတဲ့ ငွေကလည်း အတိုင်းအတာတစ်ခုထိ ရှိနိုင်ပါတယ်။ ခရီးတစ်ခု ထွက်ပြီဆိုရင် ကိုယ်သွားရောက်လည်ပတ်တဲ့ နေရာရဲ့ ဒေသစာတွေကို မြည်းစမ်းကြည့်ရမှာပါ၊ သို့သော်လည်း ကြိုတင်မရှာဖွေထားပဲ တွေ့တဲ့ဆိုင်ကို ဝင်လိုက်ခြင်းက ကွီးတို့ကို ငွေပိုကုန်စေသလို၊ စိတ်ကျေနပ်မှု အပြည့်အဝရမယ်လို့လည်း အာမခံနိုင်ပါဘူး။ ဒါ့ကြောင့် စျေးနှုန်းသက်သာမှန်ကန်ပြီး လတ်ဆတ်သော ဒေသထွက် အစားအစာများကို မြည်းစမ်းဖို့ ဒေသခံတွေကို မေးမြန်းခြင်းဖြစ်စေ၊ ကိုယ်တိုင်ကြိုတင် ရှာဖွေထားခြင်းကို ဖြစ်စေ ပြုလုပ်ဖို့လိုပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အစားအစာတွေရဲ့ စျေးနှုန်းတွေကို ကြိုသိနိုင်သလို ကိုယ့်ရဲ့ Budget နဲ့လည်း ချိန်ဆလို့ရပါတယ်။

ကဲ……… ကွီးတို့ရေ ဒီလို အချက်တွေကို သိထားရင် Budget နည်းနည်းနဲ့ အထာကျကျ ခရီးထွက်လို့ရပြီ‌ပေါ့။ ကွီးတို့ကိုယ်တိုင် Budget အနည်းငယ်နဲ့ ခရီးထွက်ဖူးရင် နည်းလမ်းလေးတွေကိုလည်း ဝေမျှပေးခဲ့ပါဦး။

Source : EF

Featured Photo : Twitter