ဆံပင်အရှည် ထားချင်တဲ့ ယောကျာ်းများအတွက် ဆွဲဆောင်မှုတိုးပြီး ကြည့်ကောင်းအောင် ဆံပင်ကို ဘယ်လိုစည်းနှောင်ရမလဲဆိုတာ ဝေမျှပေးချင်ပါတယ်။ ဆံပင်ကို တစ်ဝက် စည်းထားမှာလား၊ အကုန် စည်းနှောင်ထားမှာလားဆိုတာကို မိမိရဲ့ဆံကေသာ အထူအပါးပေါ်လိုက်၍ ပြုပြင်နိုင်ပါတယ်။
ဆံပင်သည် ရှည်လျှင် ရှည်တဲ့အလျောက် ဂရုစိုက်ထိန်းသိမ်းမှုသည်လည်း ပိုတိုးသွားပါတယ်။ ဆံကေသာ မကြမ်းတမ်း၊ မပျက်စီးသွားအောင် နေ့စဉ်နေ့တိုင်း ဂရုစိုက်သင့်ပြီး ဆံပင်က ဖွာလန်ကြဲမနေဘဲ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်ဖြစ်နေအောင်လည်း နေ့တိုင်း ဖြီးလိမ်းပြင်ဆင်သင့်ပါတယ်။
ဆံပင်အရှည်ထားတဲ့ ယောကျာ်းများအတွက် ကြည့်ကောင်းစေမယ့် ဆံပင်စတိုင်လ်များကိုလည်း ဝေမျှပေးလိုက်ရပါတယ်။

Source: Pinterest.com
