ဂျာမန် ဘွန်ဒက်လီဂါ ဘောလုံးပြိုင်ပွဲတွေကို မေလ ဒုတိယပက်တွင် ပြန်လည်ကျင်းပနိူင်ဖွယ် ရှိတယ်လို့ ဂျာမနီ ဝန်ကြီးချုပ် Angela Merkel က ဗုဒ္ဓဟူးနေ့က ပြောဆိုသွားပါတယ်။ ပြည်နယ် (၁၆) ပြည်နယ်က တာဝန်ရှိသူတွေနဲ့ အစည်းအဝေး ကျင်းပပြီးတဲ့နောက်မှာ Covid-19 ကြောင့် (၂) လကြာ ရပ်ဆိုင်းထားတဲ့ ဂျာမန် ဘောလုံးပွဲစဉ်တွေ ပြန်လည် ကစားနိုင်တော့မှာဖြစ်ကြောင်း ဂျာမနီ ဝန်ကြီးချုပ် Merkel ပြောတာပါ။
Source: Times of India
ဒါပေမယ့် ဘောလုံးပွဲတွေကိုတေ့ ပရိသတ်မပါဘဲ ကျင်းပရမှာ ဖြစ်သလို ဘောလုံးအသင်းတွေကိုလည်း မကစားခင် သီးခြား ခွဲထားဖို့ဆိုတဲ့ ကျန်းမာရေး စည်းကမ်းတွေကို တင်းတင်းကျပ်ကျပ် လိုက်နာရမယ်လို့လည်း သူက ပြောပါတယ်။
အားကစား သတင်းဝန်ဆောင်မူအဖွဲ့ (SID) ကတော့ ဘွန်ဒက်လီဂါ ပြိုင်ပွဲတွေကို မေလ (၁၅) ရက်နေ့မှာ ပြန်လည်စတင်ကျင်းပတော့မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
Source: TRT World
စပိန်နိူင်ငံမှာတော့ ကလပ်အသင်းတော်တော်များများက ဘောလုံးသမားတွေဟာ လေ့ကျင့်ခန်း အစီအစဉ်တွေ ပြန်လည်စတင်နေပြီဖြစ်ပါတယ်။ စပိန်ထိပ်သီး အသင်းတွေဖြစ်တဲ့ ရီးရဲလ်၊ ဘာစီလိုနာ အသင်းတွေရဲ့ ကစားသမားတွေစာလည်း လေ့ကျင့်ကွင်းထဲ ပြန်ရောက်လာကြတာကို တွေ့ရပါတယ်။
ကစားသမားတွေဟာ လေ့ကျင့်ရေးမစခင်မှာ Covid-19 ဗိုင်းရပ်စ် ရှိမရှိ စစ်ဆေးခံရမှာဖြစ်ပါတယ်။ စပိန်ဘောလုံးအဖွဲ့ချုပ်ကတော့ လာလီဂါပြိုင်ပွဲတွေကို ဇွန်လ နောက်ဆုံးထားပြီး ပြန်လည်ကျင်းပနိူင်ဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။
Source: DNA India
ဂျာမန် ဘွန်ဒက်လီဂါ ပြန်လည်စတင်တော့မယ့် သတင်းကတော့ တစ်ကမ္ဘာလုံးက ဘောလုံးပရိသတ်တွေအတွက် သတင်းကောင်း တစ်ပုဒ်ပါပဲ။