ကွီးတို့ရေ ယနေ့အချိန်မှာ ကမ္ဘာ့အနှံ့ကို လေကြောင်းခရီးဖြင့် သွားလာနေကြပါတယ်။ ခရီသွားတွေကို သက်ဆိုင်ရာ လေကြောင်းလိုင်းတွေကလည်း ဝန်ဆောင်မှုကောင်းကောင်းနဲ့ ဆွဲဆောင်နေကြပါတယ်။ ဝန်ဆောင်မှုတွေထဲက အစားအသောက်ဝန်ဆောင်မှုကို ပိုကောင်းအောင် အပြိုင်လုပ်ပေး လေ့ရှိပါတယ်။ အထူးသဖြင့် ခရီးဝေးသွားမဲ့ ခရီးသည်များအတွက် စိတ်အပန်းဖြေစေဖို့ အစားအစာနဲ့ အတူ ရှန်ပိန် အပါအဝင် သောက်စရာများကို ဝန်ဆောင်မှုပေးကြပါတယ်။ ကွီးတို့ကို လေယာဉ်ပေါ်က Business Class မှာ တည်ခင်းဧည့်ခံလေ့ရှိတဲ့ အကောင်းဆုံးရှန်ပိန် များ ကို ပြောပြပါမယ်။

Champagne

Photo : The Guardian

လေကြောင်းလိုင်းအလိုက် အပြိုင်အဆိုင် Business Class အကောင်းဆုံးရှန်ပိန် တွေကို ဧည့်ခံကြပါတယ်။ ရှန်ပိန်ဆိုတာက ဝိုင်အမျိုးအစားမှာ ပါပေမဲ့ အကောင်းဆုံး ဖြူနီရောင် စပျစ်သီးကနေ သီးသန့် ထုတ်ထားတာပါ။ အယ်ကိုဟော ၁၂.၂ ရာခိုင်နှုန်း လောက်ပါဝင်ပါတယ်။ Champagne က ခံတွင်းထဲမှာ ခရင်မ်လို မွှေးပြီး နူးညံ့ပြီး အရသာကို ပေးစွမ်းတဲ့အပြင် ကျန်းမာရေးအတွက် ကောင်းတဲ့ ယမကာတစ်မျိုးပါ။

(၁) Dom Pérignon

Business Class အကောင်းဆုံးရှန်ပိန်

Photo : Luxury For Men

Emirates လေကြောင်းလိုင်းလို နာမည်ကျော် လေကြောင်းလိုင်းတွေမှာ Dom Pérignon ရှန်ပိန် ကိုတည့်ခင်းဧည့်ခံပါတယ်။ Dom Pérignon ပုလင်းတိုင်းတွင် တစ်နှစ်အတွင်း ရိတ်သိမ်းထားသော စပျစ်သီးများနဲ့ ထုတ်လုပ်ထားပါတယ်။ ဆိုလိုသည်မှာ ၎င်းတို့အတွက် ထူးခြားသော စပျစ်သီးများကိုသာ သုံးပါတယ်။ စပျစ်သီးနှင့် စိုက်ပျိုးမှုအခြေအနေတွေက သတ်မှတ်နှစ် အတွင်း အဆင်မပြေပါက Dom Pérignon ကို လုံးဝမထုတ်လုပ်နိုင်ပါဘူး။ ထို့အပြင် ထိပ်တန်း Cuvée အမျိုးအစားရှန်ပိန် ဖြစ်ပါတယ်။ ဗာနီကာ၊ ဝက်သစ်ချသီး၊ ကာရမေအနည်းငယ် ခါးသက်တဲ့ အရသာနဲ့ သစ်သီး ရနံ့ကသောက်သူအတွက် ထူးခြားပါတယ်။

(၂) Champagne Charles Heidsieck Brut Réserve NV

Business Class အကောင်းဆုံးရှန်ပိန်

Photo : HN Harvey Nicholes

ဒီ ရှန်ပိန်ကတော့ အရည်အသွေးကောင်းမွန်သည့်အတွက် Business Class များထဲက တည်ခင်းဧည့်ခံလေ့ရှိတဲ့ အကောင်းဆုံးရှန်ပိန် များထဲမှာ လူကြိုက်များသော ရှန်ပိန် ဖြစ်ပါတယ်။ အယ်ကိုဟော ၁၂ ရာခိုင်နှုန်း၊ တောက်ပသော ကောက်ရိုး ဖျော့ဖျော့အရောင် ရှိပါတယ်။ ပေါင်မုန့်၊ ပန်းသီးစိမ်း၊ သတ္တုဓာတ်များ ပါဝင်တဲ့ ဘီစကွပ်၊ သစ်သီးနဲ့ အချဉ်ရနံ့မျိုးရှိပါတယ်။ ဝက်သား၊ ကမာ ပုဇွန်စတဲ့ ပင်လယ်စာ၊ ချိစ် တို့နဲ့ တွဲသောက်ရန် သင့်တော်ပါတယ်။

(၃) Champagne Deutz Brut Classic

Business Class အကောင်းဆုံးရှန်ပိန်

Photo : We Love Bubbles

Champagne Deutz Brut Classic ရှန်ပိန်ကတော့ Cathay Pacific လေကြောင်းလိုင်းက Business Class တွင် အလှည့်ကျ ဝန်ဆောင်မှုပေးတဲ့ အကောင်းဆုံးရှန်ပိန် လေးမျိုးထဲမှ တစ်ခုဖြစ်ပါတယ်။

(၄) Champagne Ayala Brut Majeur

Business Class အကောင်းဆုံးရှန်ပိန်

Photo : Champange One

ရွှေရောင်ဖျော့ဖျော့ Champagne Ayala Brut Majeur ပြင်သစ် ရှန်ပိန်ကိုတော့ Virgin Atlantic လေကြောင်း Upper Class နဲ့ ခရီးသွားတဲ့အခါ အကောင်းဆုံး ရွေးချယ်မှုအဖြစ် ရနိုင်ပါတယ်။

(၅) Moët & Chandon Champagne

Champagne

Photo : haus of heenah

Emirates လေကြောင်းလိုင်းအနေနဲ့ သူ့ရဲ့ ခရီးသည်တွေကို Business Class နားနေခန်းတွင် ထူးခြားသော Moët & Chandon Champagne Bar ကို ဝန်ဆောင်မှုပေးတဲ့ ရှည်လျားသောသမိုင်း ကြောင်းရှိခဲ့ပါတယ်။ ဒီရှန်ပိန်က Nectarine၊ သံပုရာခွံနှင့် Nougat တို့၏ရနံ့များရှိပါတယ်။

(၆) Champagne Canard Duchene Brut Cuvée Léonie

Champagne

Photo : The Champange Companay

နာနတ်သီးအစပ် အရသာကို ခံစားရစေမဲ့ ပြင်သစ် ရှန်ပိန်ကို Delta Air Lines က ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက Business Class မှာ ဝန်ဆောင် မှုပေးခဲ့ပါတယ်။

(၇) Piper Heidsieck Cuvée Brut NV

Champagne

Photo : Gifts For Europe

Abu Dhabi အခြေစိုက် Etihad လေကြောင်းလိုင်းရဲ့ Business Class တွင် Piper Heidsieck Cuvée Brut NV ကို ဝန်ဆောင်မှုပေးပါတယ်။ ၁၇၈၅ ခုနှစ်ခန့်က ရှေးအကျဆုံး ရှန်ပိန်မျိုး၊ ဗန်ဒါစေ့ များနှင့် လတ်ဆတ်သော အစိမ်းနုရောင်ရှိသော ရွှေဖျော့ဖျော့ ရှန်ပိန်တစ်ခုဖြစ်ပါတယ်။ လတ်ဆတ်သော သစ်တော်သီး၊ ပန်းသီးနှင့် လိမ္မော်သီးများ၏ နူးညံ့သောအရိပ်အမြွက်များဖြင့် လှပစွာ ဟန်ချက်ညီစွာ ချိန်ညှိထားပါတယ်။ ပေါ့ပါးသောပင်လယ်စာဟင်းလျာများ၊ Steak Sandwich တို့နှင့် အထူးလိုက်ဖက် ပါတယ်။

ကွီးတို့ရေ လေကြောင်းလိုင်းတွေကလဲ Business Class မှာ အကောင်းဆုံးရှန်ပိန် များ ကို ဂုဏ်ယူစွာ တည်ခင်း ဧည့်ခံနေတာကို တင်ပြလိုက်ပါတယ်။

Source : Businessclass.com

Featured Photo : Ustimetoday