ချယ်ဆီးအသင်းရဲ့တောင်ပံလူငယ်ကစားသမား Callum Hudson-Odoi ကတော့ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ်ရွေးချယ်ခံခဲ့ရပါတယ်။ ဒါဟာသူအတွက် ကံကောင်းမှုလို့လည်းပြောဆိုခဲ့ပါတယ်။

Source: Skysports

အသက် (၁၈) နှစ်သာရှိသေးတဲ့ သူဟာ အင်္ဂလန်အသင်းရဲ့ ယူရို (၂၀၂၀) ခြေစစ်ပွဲအတွက်ရင်ဆိုင်မဲ့ပွဲစဉ်တွေအတွက်ရွေးချယ်ခဲ့ခံရတာပါ။ ချက်အသင်းနဲ့ မွန်တီဂိုနီးယားတို့ပွဲတွေအတွက်ရွေးချယ်ခံခဲ့ရတာပါ။

Source: Skysports

သူဟာ ယခုနှစ်မှာ ချယ်ဆီးအသင်းအတွက် ပွဲပေါင်း (၁၉) ပွဲကစားထားပေးနိုင်ခဲ့ပြီး ငါးဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ” ဒါဟာ ရူးလောက်အောင် ကောင်းမွန်တဲ့ ပျော်ရွင်မှုတစ်ခုဖြစ်မှာပါလို့” သူကပြောကြားခဲ့ပါတယ်။
သူဟာ U 21 ရဲ့ ခေါ်ယူမှုကိုတော့ လွန်ခဲ့တဲ့ အပတ်ကမှ ရရှိခဲ့တာပါ။ လူငယ်အသင်းနည်းပြရဲ့ ထောက်ခံမှုကြောင့် ယခုလိုက အသင်းကြီးအတွက်ရွေးချယ်ခံခဲ့ရတာပါ။” ကျတော်အရမ်းပျော်ပါတယ်။ အိပ်မက်တွေ တကယ်ဖြစ်လာသလိုပဲ။ ပိုကြိုးစားရတဲ့ အခိုက်အတန့်တွေကို ကျတော်ချစ်ပါတယ်။ အတွေအကြုံကောင်းတွေနဲ့အခွင့်အရေးတွေအတွက် ကျတော်တိုက်ပွဲဝင်နေဦးမှာပါ”.

Source: Skysports

အင်္ဂလန်အသင်းအနေနဲ့ လူ့ရှော၊ ဂျွန်စတုန်း၊ ဒီလက် နဲ့ Roben Loftus တို့ကို ခေါ်ယူအပြီးမှာ သူကိုခေါ်ယူခဲ့တာပါ။ လူငယ်သွေးသစ်လောင်းထားတဲ့ အင်္ဂလန်အသင်းရဲ့ ဖလားအိပ်မက်တွေအတွက်ရင်ခုန်စီးမျောလိုက်ကြရအောင်။