ဘော်ဒါတွေ စုပြီး Camping ထွက် ခြင်းသည် ကိုယ့်ရဲ့ နေ့စဥ် စိတ်ဖိစီးစရာများကြားထဲမှ ခဏတဖြုတ်လောက် ရုန်းထွက်ပြီး သဘာဝနဲ့ ရင်းရင်းနှီးနှီး နေလို့ရတဲ့ နည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။ ဒါပေမဲ့ ကွီးတို့ Camping ထွက် တဲ့အခါ အခုဖော်ပြပေးမယ့် အရာတွေကို မေ့နေရင်တော့ ပျော်စရာ မကောင်းတဲ့ မှတ်ဥာဏ်တွေနဲ့သာ ပြည့်နှက်နေမှာ အမှန်ပါပဲ။

ဒီမေးခွန်းများနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်လိုက်ပါ

man

ကွီးတို့ရဲ့ ရွက်ဖျင်တဲကို ဘော်ဒါတွေနဲ့ မျှဝေမှာလား၊ ဒါမှမဟုတ် တစ်ယောက်တည်း သုံးမှာလား။ ဘတ်ဂျက်ကရော ဘယ်လောက် အသုံးပြုမှာလဲ။ ဘာပစ္စည်းတွေ ယူသွားမှာလဲ စတဲ့ မေးခွန်းတွေကို စဥ်းစားထားဖို့ လိုအပ်ပါလိမ့်မယ်။

မီးအိမ်တွေကလည်း မပါမဖြစ်ပါပဲ

lamp

ကွီးတို့က နေ့ဘက်တင် မကဘဲ ညဘက်မှာပါ တည်းခိုကြမှာဆိုရင်တော့ မီးအိမ်တွေက မပါမဖြစ်ပါပဲ။ ချိတ်ဆွဲလို့ရတဲ့ မီးအိမ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ ချက်ဖို့ ပြုတ်ဖို့အတွက် မီးအိမ် နှစ်လုံး၊ ကွီးတို့ ရွက်ဖျင်တဲထဲ ထည့်ဖို့အတွက် မီးအိမ်တစ်လုံးနဲ့ နောက်ထပ် အပိုတစ်လုံးလောက် ယူသွားရင် လုံလောက်ပါပြီ။

ရွက်ဖျင်တဲ

Camping ထွက်

Camping ထွက် ပြီ ဆိုကတည်းက ရွက်ဖျင်တဲက မပါမဖြစ်ပါပဲဗျို့။ ရွက်ဖျင်တဲ မေ့သွားလို့ကတော့ ကွီးတို့ တစ်ညလုံး သွေးလှူဖို့သာ ပြင်ထားပေတော့။ ဒါ့အပြင် ခရီးမထွက်ခင်မှာ ရွက်ဖျင်တဲ ဘယ်လို ဆောက်ရသလဲဆိုတာကိုလည်း သေချာ လေ့လာထားဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ကွီးတို့ ရွက်ဖျင်တဲ ဝယ်ယူတဲ့အခါ ကိုယ့် တစ်ယောက်စာထက် တစ်ဆိုဒ်ကြီးတာမျိုးကို ရှာဝယ်သင့်ပါတယ်။ ဥပမာ ၂ ယောက်အိမဆိုရင် ၃ ယောက်အိပ်လို့ရတဲ့ ရွက်ဖျင်တဲမျိုးပါ။

Sleeping Bag

Camping ထွက်

ဒုတိယ အရေးအကြီးဆုံးကတော့ အိပ်ရာရော စောင်ရောပါ တစ်ပါတည်း တွဲထားတဲ့ Sleeping Bag ပါပဲ။ ရာသီဥတု အေးတဲ့အချိန်ဆိုရင် ဇစ်ကို ပိတ်ထားပြီး Sleeping Bag ထဲမှာ နွေးနွေးထွေးထွေး အနားယူနိုင်သလို ရာသီဥတု ပူရင်လည်း ဇစ်ကို မပိတ်ဘဲနဲ့ အပေါ်ကနေပြီး ဖိအိပ်လိုက်လို့ရပါသေးတယ်။

အလွယ်တကူ ခေါက်သိမ်းနိုင်တဲ့ ထိုင်ခုံများ

Camping ထွက်

Camping ထွက်တဲ့အခါ မီးဖိုနားဘေးမှာ ထိုင်ရတာကလည်း ဘာနဲ့မှ မလဲနိုင်တဲ့ ဖီလင်တစ်မျိုးပဲ မဟုတ်လား။ ထိုဖီလင်လေးကို မမေ့ချင်ဘူးဆိုရင်တော့ အလွယ်တကူ ခေါက်သိမ်းနိုင်တဲ့ Camping ထိုင်ခုံတွေက မရှိမဖြစ်ပါပဲ။ ဒါ့အပြင် အစားအသောက် စားဖို့အတွက် အိုးခွက် ပန်းကန်များ၊ ချက်ဖို့အတွက် သယ်ယူလို့ လွယ်တဲ့ မီးဖိုများကို ယူသွားသင့်ပါတယ်။ ချက်ပြုတ်စားသောက်တဲ့အခါ မီးသတိပြုဖို့တော့ လိုအပ်ပါလိမ့်မယ်။ တောမီးတွေက အလွယ်တကူနဲ့ ငြိမ်းသတ်လို့ မရတဲ့ မီးမျိုးပဲ ဖြစ်ပါတယ်။

အဝတ်အစား

Camping ထွက်

ဖက်ရှင်ကျဖို့လည်း လိုသလို သက်သောင့်သက်သာဖြစ်ဖို့လည်း လိုအပ်ပါသေးတယ်။ ကိုယ်သွားတဲ့နေရာနဲ့ ထိုဒေသနဲ့ လိုက်ဖက်တဲ့ အဝတ်အစားမျိုးကိုသာ ဦးစားပေး ရွေးချယ်ဖို့ လိုအပ်ပါတယ်။

ကွီးတို့ရော ဘော်ဒါတွေစုပြီး Camping ထွက်ရတာမျိုးကို သဘောမကျဘူးလား။

Source: Wellplannedjourney.com

Featured Image: Festivalsafe.com