အားလုံးပဲ မင်္ဂလာပါ။ Kwee ပရိတ်သတ်တွေထဲမှာ ဘီယာကြိုက်တဲ့ ပုရိသတို့ပါကြလားခင်ဗျ။ လူအများစုကတော့ တစ်နေ့တာလုံး အလုပ်တွေကြောင့် ပင်ပန်းတာ၊ စိတ်ရှုပ်ရတာတွေကို ဘီယာလေးတစ်ကျိုက်မော့သောက်ပြီး ဖြေဖျောက်တတ်ကြပါတယ်။

ဒီလိုမျိုး အရသာရှိရှိ သောက်သုံးနေကြတဲ့ ဘီယာကို အချို့လူတွေကတော့ ကောင်းကျိုးပေးမှာမဟုတ်ဘူးလို့ ဆိုတတ်ကြပေမယ့် တကယ်တမ်းတော့ သူ့မှာလည်း ကောင်းကျိုးလေးတွေရှိပါတယ်။ ဘီယာကို အသင့်အတင့်သောက်သုံးမယ်ဆိုရင် စိတ်ညစ်စရာတွေ၊ စိတ်ရှုပ်စရာတွေကို ဖယ်ရှားပစ်ပြီး စိတ်ခံစားချက်ကိုလည်း ကောင်းမွန်စေပါတယ်။

Source: standard.co.uk

ဘီယာသောက်သုံးခြင်းရဲ့ အကျိုးကျေးဇူးများ

  • Antioxidants များ ပါဝင်ခြင်း
  • ဆီးချိုကာကွယ်နိုင်ခြင်း
  • အရိုးသိပ်သည်းဆကို တိုးမြှင့်စေခြင်း
  • နှလုံးကို အကျိုးဖြစ်စေခြင်း
  • ဦးနှောက်မှတ်ဥာဏ်အားတိုးစေခြင်း

စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေမှာဖြစ်ပါတယ်။

Source: geneticliteracyproject.org

ဘီယာသောက်သုံးခြင်းဖြင့် အထက်ဖော်ပြပါ အကျိုးကျေးဇူးတွေကို ရရှိနိုင်တာမှန်ပေမယ့်လည်း ဒီအကျိုးကျေးဇူးတွေကို ရရှိဖို့အတွက် ဘီယာကို အတော်အသင့်သာ သောက်သုံးပေးရမှာဖြစ်ပါတယ်။ အလွန်အကျူးသောက်သုံးမိရင်တော့ ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပစ်တဲ့ အသည်းကို ထိခိုက်လာနိုင်ကာ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ အော့အန်ခြင်းနှင့် အခြားလက္ခဏာများကိုပါ ခံစားလာရမှာဖြစ်ပါတယ်။

တစ်ခါသောက်ရင် ပမာဏအများအပြားသောက်သုံးသလိုမျိုးပဲ ဘီယာကိုနေ့စဉ်သောက်သုံးပါကလည်း အသည်းမှာ အဆီတွေစုလာပြီး လုပ်ဆောင်နိုင်စွမ်းအားလည်း ကျဆင်းသွားမှာဖြစ်ပါတယ်။

Source: miriadna.com

ဒါကြောင့် ကိုယ်ကဘီယာကြိုက်သူမှန်တယ်ဆိုရင်တော့

  • ကိုယ်သောက်နိုင်တဲ့ ပမာဏလောက်သာသောက်သုံးပါ
  • အစာလုံးဝမရှိတဲ့အချိန် မသောက်ပါနဲ့
  • ဘီယာတစ်ခွက်နဲ့ တစ်ခွက်ကြားမှာ ရေသောက်ပေးပါ
  • အသည်းအားတိုးဆေးလေးတွေ သောက်သုံးပါ

တို့လို အချက်လေးတွေကို သေချာမှတ်ထားပြီး လိုက်နာကျင့်ကြံပါ။

Featured Image Source: Maxim