မန်ချက်စတာယူနိူက်တတ်အသင်းရဲ့ ကျောနံပက် (၇) ဂျာစီသမိုင်းကြောင်း
၆။ Cristiano Ronaldo

Source: The Football Faithful
Beckham ရဲ့ခြေရာကို နင်းနိူင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမဲ့ Ronaldo ကတော့ ယုံကြည်မှုအပြည့်နဲ့ သူ့ရဲ့ဘောလုံးပါရမီ ကြိုးစားအားထုတ်မှုတွေပေါင်းပြီးတော့ မန်ယူပရိသတ်တွေရဲ့ အားပေးမှုကို တခနဲ့ရရှိခဲ့ပါတယ်။
ဆယ်ကျော်သက်အရွယ် Ronaldo ကို စပိုတင်း အသင်းကနေဝယ်ယူခဲ့ပြီးတော့ ကမ္ဘာကျော်စတား တစ်ယောက်ဖြစ်အောင် စွမ်းဆောင်ပေးခဲ့သူကတော့ Ferguson ပဲဖြစ်ပါတယ်။
သူလည်း Beckham လိုပဲ ၂၀၀၉ ခုနှစ်မှာ ရီးရဲအသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ အဲ့အချိန်တုံးက သူ့ရဲ့ပြောင်းရွှေ့ကြေးဟာ ဘောလုံးသမိုင်းမှာ စံချိန်ချိုးခဲ့ပါတယ်။
၇။ Michael Owen

Source: Depor
Michael Owen ကတော့ ၂၀၀၉ ခုနှစ်မှာ နယူးကာဆယ်လ် ကနေ ပြောင်းရွှေ့လာခဲ့တာပါ။ Owen ဟာ မန်ယူအသင်းရဲ့ခါးသီးပြိုင်ဘက် လီဗာပူးကစားသမားဟောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ မန်ယူအသင်းကို ရောက်ကတည်းက နေရာတစ်နေရာအတွက် အပြင်းအထန်ကြိုးစားခဲ့ရပါတယ်။ သူ့ရှေ့မှာ ခြေစွမ်းပြကစားနေတဲ့ ရိုးနီ နဲ့ ဘာဘာတော့ဗ် တို့ကြောင့် နေရာသိပ်မရခဲ့ပါဘူး။
အသင်းမှာကစားခဲ့တဲ့ ၃ နှစ်တာအတွင်း ၃၁ ပွဲသာ ပါဝင်ကစားခဲ့ရပြီး ၂၀၁၂ ခုနှစ်မှာ စတုတ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။
၈။ Antonio Valencia

Source: Bleacher Report
Michael Owen ထွက်သွားပြီးပြီးချင်းမှာပဲ Valencia ကို ဝီဂန်ကနေ ခေါ်ယူခဲ့တာပါ။
နောက်ပိုင်းမှာတော့ ကျော်နံပက် (၇) ကနေ သူ့ရဲ့ အရင်နံပက် ဖြစ်တဲ့ ကျော်နံပက် (၂၅) ကို ပြောင်းလဲဝတ်ဆင်ခဲ့ပါတယ်။ အသင်းနည်းပြတွေရဲ့ ယုံကြည်မှုတွေ ရလာပြီးနောက်ပိုင်းမှာ အသင်းခေါင်းဆောင် လက်ပက်ကို ဝတ်ဆင်ရတဲ့အထိ အသင်းအပေါ် အထောက်အကူပြုခဲ့ပါတယ်။
၉။ Angel Di Maria

Source: YouTube
တစ်ရာသီလောက် ပိုင်ရှင်မဲ့ဖြစ်နေတဲ့ ကျော်နံပက် (၇) ကို ရီးရဲမက်ဒရစ်ကစားသမား Di Maria ကိုခေါ်ယူပြီး မျှော်လင့်တကြီးနဲ့ ပေးအပ်ခဲ့ပါတယ်။ ဒါပေမဲ့ အာဂျင်တီးနား ကစားသမားဟာ Louis van Gaal လက်အောင်မှာ အသင်းနဲ့အံဝင်ခွင်ကျ မဖြစ်တဲ့အတွက်ကြောင့် ရုန်းကန်ခဲ့ရပါတယ်။
မန်ယူအသင်းမှာ တစ်ရာသီသာ ကစားခဲ့ရပြီးနောက် PSG အသင်းထံရောင်းချခြင်းခံခဲ့ရပါတယ်။ လက်ရှိမှာတော့ PSG အသင်းမှာ ခြေစွမ်းပြကစားနေပါတယ်။
၁၀။ Memphis Depay

Source: Bleacher Report
PSV အသင်းမှာခြေစွမ်းပြ ကစားနေတဲ့ Depay ကို ၂၀၁၅ ခုနှစ်မှာ မန်ယူအသင်းက တစ်ခြားအသင်းတွေထက် လက်ဉီးပြီး အရခေါ်ယူခဲ့ပါတယ်။ သူ့ကိုလည်း Di Maria လိုပဲ အများကြီးမျှော်လင့်ခဲ့ပေမဲ့ ထင်သလောက် ခရီးမရောက်ခဲ့ပါဘူး။
ဉရောပပြိုင်ပွဲတွေမှာ ခြေစွမ်းပြနိူင်ခဲ့ပေမဲ့ Premier League ပွဲစဉ်တွေမှာတော့ရုန်းကန်ခဲ့ရပါတယ်။ ၂၀၁၇ ခုနှစ်မှာ မော်ရင်ဟိုက သူ့ကို ပြင်သစ်ကလပ် Lyon အသင်းထံရောင်းချခဲ့ပါတယ်။
ကွီးပရိသတ်တွေရော မန်ယူအသင်းရဲ့ ကျောနံပက် (၇) ဝတ်ဆင်ကစားခဲ့တဲ့ ကစားတွေထဲမှာ ဘယ်ကစားတွေက အသင်းအပေါ်အကျိုးပြုခဲ့တယ်ထင်ပါလဲ။
