ဒီတစ်ပတ်ကတော့ Marvel ပရိသတ်တွေ ပျော်ကြမယ့်ရက်သတ္တပတ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့က Captain Marvel ရုပ်ရှင်ကား ရုံတင်နေလို့ပါပဲ။ ရုပ်ရှင်ကားကြာချိန်က ၂ နာရီနဲ့ ၄ မိနစ်ဆိုတော့ တစ်ဝကြီးထိုင်ကြည့်ရမှာပဲဖြစ်ပါတယ်။

3 D ရုပ်ရှင်ကားဆိုတော့ ကြည့်ရတာအသက်ဝင်လွန်းလှလို့ ရုပ်ရှင်ပြီးသွားတာတောင် မထချင်ဖြစ်နေအောင် ဆွဲဆောင်နေမှာပါ။ ဒါတင်မကသေးပါဘူး။ အက်ရှင်ခန်းတွေကလည်း အက်ရှင်ကားမှ ကြိုက်တယ်ဆိုတဲ့သူတွေအတွက် အံကိုက်ပါပဲ။ အက်ရှင်၊ စွန့်စားခန်းအမျိုးအစား၊ သိပံ္ပစိတ်ကူးယဉ်ဇာတ်လမ်းအမျိုးအစားတစ်ခုလည်း ဖြစ်ပါတယ်။

Source: vanityfair.com

ဇာတ်လမ်းအကျဉ်းလေးကို ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့နဲ့ ရင်းနှီးကျွမ်းဝင်နေကျ စူပါဟီးရိုးကားတွေလိုပဲ ကမ္ဘာကြီးက အန္တရာယ်ကျရောက်နေတဲ့အချိန်မှာ လူစွမ်းကောင်းတွေက လာကယ်တင်ရမှာပါ။ ဒီတစ်ခါမှာတော့ လူစွမ်းကောင်းက ခပ်ချောချောလူစွမ်းကောင်းမလေးပါ။

ကမ္ဘာကြီးက ဂြိုလ်သားတွေနဲ့တိုက်ပွဲဖြစ်တဲ့အခါ လူစွမ်းကောင်းမလေး Captain Marvel တစ်ယောက် စကြဝဠာတစ်ခုလုံးရဲ့ စွမ်းအားအရှိဆုံးသူရဲကောင်းမလေးဖြစ်လာပြီး ကမ္ဘာကြီးကို ဘယ်လိုကယ်တင်မလဲဆိုတာကို ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းနဲ့ တင်ပြထားတဲ့ ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။

Shield ဒါရိုက်တာ Nick Fury ကြီးရဲ့ မျက်လုံးတစ်ဖက် မမြင်ရတော့အောင်လုပ်တဲ့ တရားခံက ဘယ်သူလဲ၊ ဘာ့ကြောင့်လဲဆိုတာ Captain Marvel သွားကြည့်ရင် သိရပါလိမ့်မယ်။ ဒီထက်ပိုပြောမိရင် မကြည့်ရသေးတဲ့သူတွေ Spoiler မိမှာစိုးလို့ ဒီနားမှာပဲ ရပ်ထားလိုက်ပါတော့မယ်။

Source: twitter.com

ဒီရုပ်ရှင်ကားရဲ့ဒါရိုက်တာတွေဖြစ်တဲ့ Anna Boden နဲ့ Ryan Fleck တို့က Marvel ပရိသတ်တွေ လုံးဝထင်မှတ်မထားတဲ့မြှုပ်ကွက်တွေနဲ့ ဘယ်လိုတင်ဆက်ရိုက်ပြထားသလဲဆိုတာကို သိချင်ရင်တော့ Captain Marvel (3D) ဇာတ်ကားကြီးကို ရုပ်ရှင်ရုံမှာ ဇိမ်ကျကျ သွားကြည့်လိုက်ရအောင်။ ကြည့်ပြီးသွားလို့ ညွှန်းတာတောင် နောက်ကျနေပြီဆိုရင်လည်း အခြားသူတွေသွားကြည့်လို့ရအောင် မြန်မြန်လက်တို့ပေးလိုက်ကြပါဦး။

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, City Mall, Junction Mawtin, Nay Pyi Taw Cinema, Mingalar Dagon Centre (II), Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa, Mingalar Tamwe (Bayint Naung)