ကားချစ်သူတိုင်း မိမိကားရဲ့ ကျန်းမာရေးကိုတော့ အထူးဂရုစိုက်ဖို့လိုပါတယ်။ ချို့ယွင်းချက်မရှိ လုံခြုံစိတ်ချရတဲ့ ကားတစ်စီးဖြစ်မှသာ သင့်ရဲ့အသက်အန္တရာယ်ပိုင်းဆိုင်ရာမှာလည်း စိတ်ချယုံကြည်ရမှာ ဖြစ်ပါတယ်။ စက်ပစ္စည်းဆိုတာကတော့ တစ်သတ်မှတ်ထဲ သတ်မှတ်ထားလို့မရတဲ့အတွက် မဖြစ်ခင်က ကြိုတင်ကာကွယ်တာ အကောင်းဆုံးပါ။ ဒီနေ့မှာတော့ ကားအိတ်ဇောပိတ်က ထွက်တဲ့မီးခိုးငွေ့တွေရဲ့ အရောင်ကိုကြည့်ပြီး သင့်ကားရဲ့ ကျန်းမာရေးအကြောင်းကို သိနိုင်မယ့်အချက်လေးတွေ မျှဝေပေးချင်ပါတယ်။

(၁) Blue Or Gray

Source : Car From Japan

သင့်ကားအိတ်ဇောပိုက်ကနေ အပြာရောင် သို့မဟုတ် မီးခိုးရောင် မီးခိုငွေ့တွေထွက်နေပြီဆိုရင်တော့ သင့်ကားအင်ဂျင်ဝိုင်ကို စစ်ဆေးကြည့်ဖို့လိုပါပြီ။အဓိကအားဖြင့် ကားအင်ဂျင်အတွင်းက Valves နဲ့ Piston Ring တွေ ပျက်စီးနေမယ်ဆိုရင် အင်ဂျင်ဝိုင်ဟာ လောင်ဆီစာတွေနဲ့ ရောပြီးလောင်ကျွမ်းမှုဖြစ်စေပါတယ်။ ထိုအခါ သင့်ကားအိတ်ဇောကနေ အပြာရောင် သို့မဟုတ် မီးခိုးရောင် မီးခိုငွေ့ထွက်လာမှာဖြစ်ပါတယ်။

(၂) Black

Source : HapaKenya

သင့်ကားအိတ်ဇောပိုက်ကနေ အမဲရောင်မီးခိုးငွေ့တွေ ထွက်နေပြီဆိုရင် ကားအင်ဂျင်မှာ လောင်စာဆီလိုတာထက်ပိုပြီး လောင်ကျွမ်းမှုတွေဖြစ်ပေါ်နေတာ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် Air Filter ၊ Fuel Injector ၊ Fuel Pressure Regulator Sensor တွေ ချို့ယွင်းပျက်စီးနေရင်လည်း ကားမောင်းနေစဉ် အဆိုပါ အမဲရောင် မီးခိုငွေ့တွေ အများကြီးထွက်နိုင်ပါတယ်။

(၃) Milky White

Source : Car From Japan

သင့်ကားအိတ်ဇောပိုက်ကနေ အဖြူရောင် မီးခိုးငွေ့တွေ အများကြီးထွက်နေမယ်ဆိုရင်တော့ အင်ဂျင်အတွင်းက Coolant ရေတွေစိမ့်ပြီး Heat တက်နေတာဖြစ်ပါတယ်။ အဲ့ဒီကနေတစ်ဆင့် Head Gasket ၊ Cylinder Head နဲ့ Engine Block တွေ ပျက်စီးပြီး သင့်ကားကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အဖြူရောင်မီးခိုငွေ့တွေထွက်နေရင်တော့ လုံးဝမပေါ့ဆပါနဲ့လို့ သတိပေးချင်ပါတယ်။