အမေရိကန်ရဲ့ အကြမ်းဆုံး ရက်ပ်ပါမတွေထဲက တစ်ယောက်ဖြစ်တဲ့ Cardi B ကတော့ ၂၀၂၃ ထဲမှာ ထွက်ခဲ့တဲ့ Enough (Miami) သီချင်းနောက်ပိုင်း ၁၅ လကျော်လောက် သီချင်းသစ်ထပ်မထုတ်ပဲ ပရိသတ်ကို နေလှန်းထားခဲ့ပြီးနောက် လက်ရှိမှာတော့ “Outside” လို့နာမည်ပေးထားတဲ့ ပထမဆုံး Single သီချင်းတစ်ပုဒ်နဲ့ Come Back လာခဲ့ပါပြီ။

Cardi B

Photo : Rolling Stone

ဒီသီချင်းကို နာမည်ကြီး Music Producer တွေဖြစ်တဲ့ Charlie Heat နဲ့ HeyMicki တို့က Production လုပ်ပေးခဲ့တာဖြစ်ပြီး DJ SwanQo ကလည်း Co-production အနေနဲ့ ပါဝင်ထားပါတယ်။ “Outside” သီချင်း ထွက်မလာခင် ရှေ့တစ်လျှောက်လုံးမှာတော့ Cardi B ရဲ့ တစ်ကိုယ်တော် သီချင်းအသစ် ထွက်ခဲ့တာမရှိပေမယ့် ၂၀၂၃ ခုနှစ်ထဲမှာ Megan Thee Stallion နဲ့အတူတွဲ ဖန်တီးခဲ့တဲ့ Bongos သီချင်း ၊ SZA ၊ Flo Milli တို့နဲ့ ထုတ်ခဲ့တဲ့ Remix သီချင်းတွေကိုတော့ ပရိသတ်တွေ နားဆင်ခဲ့ကြရပါတယ်။

Cardi B ရဲ့ အမာခံ Big Fan တွေကတော့ ၂၀၁၈ က သူမရဲ့ ပထမဆုံးတစ်ကိုယ်တော် အယ်လ်ဘမ် Invasion of Privacy ထွက်ခဲ့ပြီးနောက်ပိုင်း နောက်ဆွဲတွဲ သီချင်း အယ်လ်ဘမ်အသစ်တွေ ထပ်ထုတ်လာဖို့ကို မျှော်လင့်စောင့်စားနေကြပေမယ့် နောက်ထပ်အယ်လ်ဘမ်သစ် ပရောဂျက်တွေနဲ့ ပတ်သတ်လို့ တိတိကျကျ အသိပေးထားတာတော့ မရှိသေးပါဘူး။

Source : Cardi B

Cardi B ကို လွမ်းနေတဲ့ နယူးယောက်က ပရိသတ်တွေအတွက် ဇွန်လ ၂၇ ရက်နေ့မှာ ဘရွတ်ကလင်မှာ ကျင်းပမယ့် LadyLand ဂီတပွဲတော် Headliner အနေနဲ့ ပါဝင်ဖျော်ဖြေသွားမယ့် အကြောင်းကိုလည်း သတင်းစကားပါး လိုက်ပါတယ်။ လက်ရှိမှာ Official Audio အနေနဲ့ ထွက်ရှိထားတဲ့ သူမရဲ့ “Outside” သီချင်းအသစ်ကို ပရိသတ်တွေ ခံစားနားဆင်နိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။

Featured Photo : Billboard