မတ်လ ၃၁ ရက်နေ့ တနင်္ဂနွေညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ချယ်လ်ဆီးနဲ့ ကာဒစ်ဖ်စီးတီး အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပွဲပြီးခါနီး မိနစ်ပိုင်းအလိုမှ ချယ်လ်ဆီးရဲ့ ခြေပဂိုးတွေနဲ့ ကာဒစ်ဖ်အသင်းဟာ အိမ်ကွင်းမှာ အရှုံးရလဒ်နဲ့ ရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ပွဲပြီးခါနီးအချိန်မှ မမျှော်လင့်ထားတဲ့ ခြေပဂိုး (၂) ဂိုးသွင်း ယူခဲ့ပြီးနောက် ကာဒစ်ဖ်အသင်းကို (၂ – ၁) ဂိုးနဲ့ အနိုင်ရယူခဲ့တာဖြစ်ပါတယ်။

Source : beIN SPORTS

ပွဲစဉ်ပထမပိုင်း (၄၆) မိနစ်မှာ ကာဒစ်ဖ်အသင်းအနေနဲ့ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး ကစားပွဲကို ဦးဆောင်နေခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါ ပထမဆုံးသွင်းဂိုးကိုတော့ Victor Camarasa က သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။ သို့ပေမယ့် ပွဲချိန် (၈၄) မိနစ်အရောက်မှာတော့ ချယ်လ်ဆီးအသင်းခေါင်းဆောင် အက်ဇ်ပီလီကွယ်တာက ချေပဂိုး တစ်ဂိုးပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။ အက်ဇ်ပီလီကွယ်တာဟာ ခြေပဂိုးမသွင်းခင်အချိန်တွင် လူကျွံတဲ့အနေအထားရှိနေပေမယ့်လည်း ဒိုင်လူကြီးက ချေပဂိုးအဖြစ် သတ်မှတ်ခဲ့တာကြောင့် ကာဒစ်ဖ်အသင်းနည်းပြ ဝါနော်ခ့် အနေနဲ့ မကျေမနပ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Source : WalesOnline

ဆက်လက်ပြီး ပွဲချိန် (၉၀) မိနစ်ကျော်လွန်ပြီး ထပ်ဆောင်းအချိန်ပို (၁) မိနစ်ခန့်တွင် ချယ်လ်ဆီးကွင်းလယ်လူ လော့ဖ်တပ်ချိခ်က ချယ်လ်ဆီးအသင်းအတွက် ဒုတိယမြောက်အနိုင်ဂိုး သွင်းယူခဲ့ကာ ကစားပွဲကို အဆုံးသတ်ခဲ့တာပဲဖြစ်ပါတယ်။ ကာဒစ်ဖ်အသင်းအနေနဲ့ လက်ရှိမှာ တန်းဆင်းဇုန်အတွင်းမှ လွတ်မြောက်ရန် ရုန်းကန်နေရတဲ့ အသင်းတစ်သင်း ဖြစ်တာကြောင့် အခုလိုချယ်လ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့မှုဟာ အသင်းအတွက်များစွာ နစ်နာမှုတွေနဲ့ စိုးရိမ်စရာအခြေအနေဖြစ်ခဲ့ပါတယ်။

Feature Image Source : The National