ငှက်ပုံတက်တူးများက တက်တူးထိုးသူများအကြား ရေပန်းစားတဲ့ တက်တူးဒီဇိုင်းတစ်ခုပဲဖြစ်ပါတယ်။ ငှက်ပုံတက်တူးများက များသော အားဖြင့် လွတ်လပ်ပေါ့ပါးမှုကို ရည်ညွှန်းပြီး နှောင်ကြိုးမရှိဘဲ အမြင့်သို့ ပျံသန်းနိုင်ခြင်းကိုလည်း ရည်ညွှန်းပါတယ်။ လွတ်လပ်မှုကို နှစ်သက်သော ယောကျာ်းများအတွက် ငှက်ပုံတက်တူးများက ဖက်ရှင်ကျစေပြီး ယောကျာ်းဆန်မှုကို ဖော်ပြပေးနိုင်ပါတယ်။

ငှက်ပုံတက်တူးဒီဇိုင်း ရေးထိုးချင်တဲ့ ယောကျ်ားများအတွက် အမိုက်စား ငှက်ပုံတက်တူးဒီဇိုင်းအချို့ကို ဝေမျှပေးချင်ပါတယ်။

ငှက်ပုံတက်တူးအသေး

bird tattoo for men

ဒီလိုတက်တူးအသေးစားလေးကိုတော့ ရင်အုပ် (သို့) ခါးမှာ ထိုးလို့ ကောင်းပါတယ်။

ရိုးရှင်းသော ငှက်ပုံတက်တူး

bird tattoo for men

တက်တူးတစ်ခါမှ မထိုးဖူးတဲ့ အမျိုးသားများအနေနဲ့ အခုလို တက်တူးအသေးစားမျိုးကို စမ်းထိုးကြည့်သင့်ပါတယ်။

ပျံသန်းနေသော ငှက်

bird tattoo for men

ပျံသန်းနေတဲ့ ငှက်ပုံတက်တူးကတော့ ကောင်းကင်နှင့် မြေကြီးကို ရည်ညွှန်းပြီး စွန့်လွှတ်စွန့်စားရဲသော သတ္တိကိုလည်း ကိုယ်စားပြုပါတယ်။

ငှက်မွှေးကြားမှ လွတ်မြောက်လာသော ငှက်များ

bird tattoo for men

ငှက်မွှေးပုံကတော့ စိတ်ဝိညာဉ်ကို ကိုယ်စားပြုတာကြောင့် ထိုအရာနှစ်ခုကို ပေါင်းစပ်လိုက်တဲ့အခါ စိတ်ဝိညာဉ်ကြားမှ လွတ်မြောက်လာသော ငှက်လို့ အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပါတယ်။

ငှက်လှောင်အိမ်နှင့် ငှက်ပုံတက်တူး

bird tattoo for men

အချို့လူတွေက သူတို့ရဲ့ဘဝမှာ အဆိပ်အတောက်ဖြစ်စေသော အရာများအကြား ပိတ်မိနေခြင်းကို ငှက်လှောင်အိမ်ထဲ ပိတ်မိနေတဲ့ ငှက်အဖြစ် ဖော်ကျူးပြီး ထိုလှောင်အိမ်ထဲမှာ လွတ်မြောက်သွားတဲ့ငှက်ပုံတက်တူးက သူ့အတွက် စိတ်ခွန်အားဖြစ်စေဖို့ ရည်ရွယ်ပြီး ရေးထိုးလေ့ရှိကြပါတယ်။

ငှက်ကလေး သုံးကောင်

bird tattoo for men

ဒီတက်တူးကတော့ Bob Marley ရဲ့သီချင်းထဲက စာသားကို အဓိပ္ပာယ်ဖွင့်ပြီး ရေးထိုးထားတာဖြစ်ပါတယ်။ သူ့သီချင်းထဲမှာ ကိစ္စအသေးအဖွဲများအားလုံးကလည်း နောက်ဆုံးမှာ အဆင်ပြေသွားမှာဖြစ်တဲ့အတွက်ကြောင့် ဘယ်အရာကိုမှ စိုးရိမ်ပူပန်ခြင်း မရှိပါနဲ့လို့ ရေးဖွဲ့သီဆိုထားပါတယ်။

Source: Thetrendspotter.net