တစ်ချို့သော ရုပ်ရှင် နှင့် ကာတွန်း ဇာတ်ကောင်များကို ဖန်တီးရာတွင် တကယ့်အပြင်မှာရှိတဲ့ လူတွေကိုတုပထားလေ့ရှိကြပါတယ်။ တစ်ခါတစ်လေမှာ သူတို့ရဲ့စရိုက်လက္ခဏာ အမူအရာများကိုပါ ရုပ်ရှင်ထဲမှာ ထည့်သွင်းရိုက်ကူးလေ့ရှိကြတယ်။

ဒီနေ့ kwee page က အပြင်မှာတကယ်ရှိတဲ့လူတွေကို တုပပြီးဖန်တီးထားတဲ့ ကားတွန်းဇာတ်ကောင်တွေအကြောင်း ပြောပြပေးသွားမှာပါ။

Montogomery Burns – Baron Jacob Rothschild

The Simpsons ဇာတ်ကားထဲမှ သန်းကြွယ်သူဌေး Mr.Burns ဇာတ်ကောင်သည် လူချမ်းသာဇာတ်ရုပ်တွေကို စုစည်းပြီး ဖန်တီးထားတဲ့ ဇာတ်ကောင်ဖြစ်ပါတယ်။ လူချမ်းသာစာရင်းထဲမှာတော့ နော်ဝေးစီးပွားရေး လုပ်ငန်းရှင် Olav Thon၊ Fredrik Olsen ၊ ဘီလျှံနာ သူဌေးကြီးများဖြစ်ကြသော John Rockefeller နှင့် Baron Jacob Rothschild တို့ပါဝင်ပါတယ်။

Ursula – Actor Harris Glenn Milstead (Divine)

Little Mermaid ဇာတ်ကားထဲမှ ပင်လယ်စုန်းမ Ursula ၏ ဇာတ်ကောင်စရိုက်သည် အမေရိကန် မင်းသမီး Herris Glenn Milstead ၏ စရိုက်ကို အသက်သွင်း ဖန်တီးထားခြင်းဖြစ်ပါတယ်။

Ariel – Actress Alyssa Milano

Little Mermaid ဇာတ်ကားထဲမှ Ariel ဇာတ်ကောင် ပုံကြမ်း သည် ဇာတ်ကောင်ဖန်တီးသူ Gelen Keane ၏ မိန်းမ ပုံကို နမူနာယူ ရေးဆွဲဖန်တီးထားခြင်း ဖြစ်ပါတယ်။ သို့သော် နောက်ဆုံး ဗားရှင်း တွင် Aerial ဇာတ်ကောင်နှင့် တူသော ၁၆ နှစ် အရွယ် Alyssa Milano ၏ ဇာတ်ရုပ်ကို အခြေခံပြီး ဖန်တီးရိုက်ကူးခဲ့ပါတယ်။

Sherk – Wrestler Maurice Tilet

Sherk ဇာတ်ကောင် ဖန်တီးရန် Dreamwork မှ တာဝန်ရှိ Animator များက  “The French Angel” ဟု တင်စားခေါ်ဝေါ်သော ပြင်သစ်-ရှရှား နပန်းသမား Maurice ကို နမူနာယူ ဖန်တီးရေးဆွဲခဲ့ပါတယ်။

Beety Boop – Helen Kane

အမေရိကန် အဆိုနှင့် ဂီတပညာရှင် Helen Kane ၏ ဟန်ပန်အမူအရာကို လွတ်လပ်ပေါ့ပါးသည့် ချစ်စဖွယ် Betty Boop ဇာတ်ကောင် အဖြစ် ဖန်တီးပုံဖော်ခဲ့ပါတယ်။ ဒါပေမယ့် ကာတွန်းဇာတ်ကောင် ဖန်တီးသူများသည် Helen ၏ ပုံကြမ်း ကို မရေးဆွဲခင် အသိပေးအကြောင်းကြားထားခြင်းမရှိခဲ့ပါ။ ထို့ကြောင့် ဇာတ်ကား တစ်ခုလုံး ဖန်တီးအပြီးတွင် မူပိုင်ခွင့် ဥပဒေ ညှိစွန်းခဲ့သည့်အတွက် ဖန်တီးသူတို့ ဗျာများခဲ့ရသည်။ တရားခုံရုံး မှ ဒီအမှု့ကို ဥပဒေဘောင်အတွင်းမှ စည်းကမ်းချက်များနှင့် ထိန်းသိမ်းခဲ့ပါတယ်။ Betty Boop နှင့် Helen Kane တို့အကြားတွင် အသံနှင့် ဆိုဟန် အနေအထားတော့ ကွဲထွက်ခဲ့ပါတယ်။

Snow White – Actress Marge Champion

Snow White ဇာတ်ကောင် ကို သရုပ်ဆောင် နှင့် ဘဲလေး အက ပညာရှင် Marge Champion ၏ စရိုက် ၊ လှုပ်ရှားမှု့ဟန်ပန် တို့ဖြင့် ဖန်တီးရိုက်ကူးခဲ့ပါတယ်။ Animation ဇာတ်ကားများတွင် Rotoscoping နည်းပညာကို ကျယ်ပြန့်စွာ အသုံးပြုနေသည်မှာ (၁၀) စုနှစ် အနည်းငယ် ကြာခဲ့ပါပြီ။ သရုပ်ဆောင်၏ လှုပ်ရှားမှု့ပုံရိပ်ကို ဖလင်ဖြင့် ဖမ်းယူပြီးမှ ကာတွန်း ဇာတ်ကောင် အသွင် ဖန်တီးရိုက်ကူးကြတယ်။ စနှိုးဝိုက်နေရာတွင် သရုပ်ဆောင်သူ မင်းသမီး က စနှိုးဝိုက် ၏ ဦးခေါင်းသည် ပုံမှန် လူတစ်ယောက်၏ အရွယ်ထက် အနည်းငယ်ကြီးသောကြောင့် ဘေ့စ်ဘော ဦးထုပ်ဆောင်းကာ သရုပ်ဆောင် ရိုက်ကူးခဲ့ရပါတယ်။

Aladin – Actor Tom Cruise

အာလာဒင် ဇာတ်ကောင်ဟာ မူလအစဖန်တီးစဉ်က Michael J.Fox နှင့် တူသည်ဟု မှတ်ယူထားကြပေမယ့် အဆုံးသတ်တွင် Tom Curise နှင့် လုံးလုံးလျားလျား တူသည် ဟု သတ်မှတ်ရွေးချယ်ခဲ့ပါတယ်။ အာလာဒင် ၏ ဘောင်းဘီဟာ ဒီဇိုင်နာ MC Hammer ၏ ကျော်ကြားသော အောက်ပွခြေစည်း ဘောင်းဘီ စတိုင်လ်ကို နမူနာယူ တုပ ဖန်တီးခဲ့တာဖြစ်ပါတယ်။

Edna Mode – Costume Designer Edith Head

နာမည်ကျော်ကြားလူကြိုက်များသည့် Incredibles ဇာတ်ကားထဲမှ ဖက်ရှင်ဒီဇိုင်နာ Edna Mode သည် Costume Designer အော်စကာ ၈ ဆုရှင် Edith Head ကို နမူနာယူပြီး ဖန်တီးခဲ့တာဖြစ်ပါတယ်။

Source: Bright Side