စပိန်လက်ရွေးစင်အသင်းနှင့် ရီးယဲလ်အသင်း၏ ဂိုးသမားဟောင်း ကာဆီးလက်စ်ဟာ လာမည့် စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်လို့သိရပါတယ်။
စပိန်လက်ရွေးစင်ဟောင်း ကာဆီးလက်စ် ဟာအသက် ၃၈ နှစ်ရှိပြီဖြစ်သော်လည်း ဘောလုံးလောကမှ အနားယူခြင်းမရှိသေးပဲ စပိန်ကလပ် ပေါ်တိုအသင်းမှာ အဓိက ဂိုးသမားအဖြစ် ကစားနေဆဲပါ။
Source: Malaysia Sun
သို့သော် ပြီးခဲ့သည့်နှစ်က နှလုံးရောဂါကြောင့် ဆေးကုသမှုခံယူခဲ့ရသဖြင့် ကစားသမားဘဝမှ အနားယူရန် စဉ်းစားနေပြီး စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရွေးကောက်ပွဲတွင် ဝင်ရောက်ရွေးချယ်ခံရန် စီစဉ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
Source: AS English
ဒီသတင်းနဲ့ပက်သတ်ပြီးတော့ ကာဆီးလက်စ်က ”ဟုတ်ပါတယ်။ ဥက္ကဋ္ဌရွေးကောက်ပွဲ ပြုလုပ်ရင် ကျွန်တော် ဝင်ရောက်ရွေးချယ်ခံမှာပါ။ ကျနော်က စပိန်ဘောလုံးအဖွဲ့ချုပ်ကို ကမ္ဘာ့ဘောလုံးလောကမှာ အကောင်းဆုံးဖြစ်အောင် မြှင်တင်ပေးချင်တာပါ။ ဒီအကြောင်းကို ပေါ်တိုအသင်းဥက္ကဋ္ဌကိုလည်း ကျွန်တော် အသိပေးထားပြီးပါပြီ” ဟုပြောကြားခဲ့သည်။
Source: ronaldo.com
စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌရွေးကောက်ပွဲမှာ ပုံမှန်အားဖြင့် ဇူလိုင်လနောက်ပိုင်းတွင် ပြုလုပ်လေ့ရှိသော်လည်း လက်ရှိဥက္ကဋ္ဌဖြစ်သူ ရူဘီယာလက်စ်က ဇွန်လတွင် စတင်မည့် ယူရို-၂၀၂၀ ပြိုင်ပွဲမတိုင်မီ ပြုလုပ်ရန် တောင်းဆိုထားကြောင်း သိရှိရသည်။
လက်ရှိအချိန်တွင် စပိန်ဘောလုံးပရိသတ်များစွာက ကာဆီးလက်စ်ကို စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌသစ်အဖြစ် မြင်တွေ့ရရန် ဆန္ဒရှိနေကြကြောင်း သိရှိရသည်။