ပေါ့ပေါ့ပါးပါးလည်းဖြစ်ပြီး ဝတ်ဆင်ရတာ သက်သောင့်သက်သာရှိတဲ့အပြင် ဖက်ရှင်လည်းကျစေတဲ့ Casual ဖက်ရှင်သည် လူငယ်တိုင်းအတွက် အသည်းစွဲဖက်ရှင်တစ်ခုလိုပါပဲ။ ပေါ့ပေါ့ပါးပါးဖက်ရှင်ကိုမှ ကိုယ်ဝတ်ဆင်တဲ့ အဝတ်အစားအမျိုးအစား၊ ဥပမာ ဂျင်းဘောင်းဘီလား၊ ချည်ထည်ဘောင်းဘီလား စတဲ့ အမျိုးအစားပေါ် မူတည်ပြီး Casual ဖက်ရှင်များသည်လည်း အမျိုးမျိုး ပြောင်းလဲသွားတတ်ပါတယ်။

သင့်အနေနဲ့ Casual ဖက်ရှင်မျိုး ဖန်တီးဖို့အတွက် အဝတ်အစားအသစ်များ ဝယ်ဝတ်စရာမလိုပါဘူး။ ကိုယ့်မှာရှိပြီးသား အဝတ်အထည်များကိုသာ ဝတ်စားဆင်ယင်ပြီး ဖက်ရှင်ကျနိုင်ပါတယ်။

ဒါဆိုရင် Casual ဖက်ရှင်ကို ဖန်တီးနိုင်ဖို့အတွက် ဘယ်လိုအဝတ်အထည်အမျိုးအစားတွေ လိုအပ်မလဲ။

အခုဖော်ပြပေးမယ့် အဝတ်အထည်အမျိုးအစား (၁၀) မျိုးခန့်ရှိရုံနဲ့တင် သင့်ရဲ့ဖက်ရှင်ကို သင် လိုအပ်သလို ပုံဖော်ဖန်တီးနိုင်ပါတယ်။

 

Denim Jeans

casual fashion for men

Denim ကတော့ လူတိုင်းမှာရှိတဲ့ ဘောင်းဘီအမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပေါ့ပါးပြီး လူငယ်ဆန်တဲ့ဖက်ရှင်မျိုးအတွက်ကတော့ Denim ဂျင်းဘောင်းဘီများသည် အခြေခံအကျဆုံးပါပဲ။

တီရှပ်

casual fashion for men

ဂျင်းဘောင်းဘီနဲ့ အလိုက်ဖက်ဆုံး ဖက်ရှင်တစ်ခုကတော့ တီရှပ်အင်္ကျီပဲဖြစ်ပါတယ်။ တီရှပ်ကိုမှ အဖြူရောင်၊ နေဗီပြာရောင်၊ အနက်ရောင်နဲ့ မီးခိုးရောင်တွေက ဂျင်းဘောင်းဘီနဲ့ အလိုက်ဖက်ဆုံးပါပဲ။

ပိုလိုရှပ်

casual fashion for men

ဒုတိယဦးစားပေးအနေနဲ့ကတော့ ပိုလိုရှပ်အင်္ကျီပါ။ ပိုလိုရှပ်နဲ့ ဂျင်းဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင်ကာ သင့်ဖက်ရှင်ကို စတိုင်လ်ကျအောင် ဖန်တီးနိုင်ပါတယ်။

Casual ရှပ်အင်္ကျီ

casual fashion for men

သင့်အနေနဲ့ တီရှပ်နဲ့လည်း မဝတ်ချင်ဘူး၊ ပိုလိုရှပ်နဲ့လည်း မဝတ်ချင်ဘူးဆိုရင်တော့ Casual ရှပ်အင်္ကျီနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ သူ့ကိုလည်း တီရှပ်လိုပဲ အခြေခံအကျဆုံးအရောင်တွေသာ ဝယ်ဝတ်လိုက်ပါ။

ချီနိုဘောင်းဘီ

casual fashion for men

ဘောင်းဘီထဲမှာမှ နောက်အမျိုးအစားတစ်ခုကို ဖော်ပြရမယ်ဆိုရင်တော့ ချီနီုဘောင်းဘီပဲဖြစ်ပါတယ်။ ချီနိုဘောင်းဘီဆိုရင်တော့ ကာကီရောင်၊ နေဗီပြာရောင် (သို့) အသားရောင် စတဲ့ အရောင် (၃) မျိုးကိုသာ သေချာဦးစားပေးရွေးချယ်ပါ။

သိုးမွှေးထည်များ

casual fashion for men

Photo Source: Nymag.com

သိုးမွှေးထည်များကိုတော့ တီရှပ် (သို့) ရှပ်အင်္ကျီများ ဝတ်ဆင်တဲ့အခါမှာ အပေါ်ဝတ်အဖြစ် ထပ်မံဝတ်ဆင်နိုင်ပါတယ်။

ဂျက်ကတ်အင်္ကျီ

casual fashion for men

သိုးမွှေးထည်တွေ မကြိုက်ဘူးဆိုရင်တော့ ဂျက်ကတ်ထည်များကို ရွေးချယ်နိုင်ပါတယ်။

ဟူဒီအင်္ကျီ

casual fashion for men

ဂျက်ကတ်အထည်တွေ မကြိုက်ပြန်ဘူးလား။ စိတ်မပူပါနဲ့။ နောက်ထပ်ရွေးချယ်စရာတစ်ခုအနေနဲ့ ဟူဒီတွေကို ရွေးချယ်နိုင်ပါသေးတယ်။

ဖက်ရှင်ကျစေမယ့် Sneakers ဖိနပ်များ

casual fashion for men

ဖိနပ်အမျိုးအစားအနေနဲ့ကတော့ Sneakers ဖိနပ်များကို ဝတ်ဆင်သင့်ပါတယ်။ Sneakers ဖိနပ်တွေက ပိုပြီးလူငယ်ဆန်ပြီး စတိုင်လ်ပိုကျစေပါတယ်။

ဘောင်းဘီတိုဖက်ရှင်

casual fashion for men

ဂျင်းဘောင်းဘီနဲ့ ချီနိုဘောင်းဘီ ဝတ်ဆင်ရတာ ငြီးငွေ့လာတဲ့အခါမှာတော့ ဘောင်းဘီတိုဖက်ရှင်များကို ရွေးချယ်ဝတ်ဆင်လိုက်ပါ။

Source: Luxe.digital

Featured Image Source: Ape To Gentleman