Casual ဝတ်တယ်ဆိုတာ Comfort ဖြစ်ချင်လို့ ဆိုပြီး ပြောသူတွေ ရှိပါတယ်။ တကယ်တမ်း နေ့စဉ်ဘဝမှာ လူတွေ အဝတ်များဆုံးက Casual ဖက်ရှင်ဖြစ်ပါတယ်။ Casual ဖက်ရှင်နဲ့ ရုပ်ထွက်အောင် ဝတ်တတ်ဖို့က အရေးကြီးပါတယ်။ သိပ်ပြီး Dressy မဖြစ်ချင်ဘူး။ နေ့စဉ်ဘဝကိုပဲ စတိုင်ကျအောင် ဝတ်ချင်တယ်ဆိုရင် Casual Outfit တွေကို လိုက်ဖက်အောင် ဝတ်တတ်ဖို့ လိုပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ ဝတ်ရလွယ်ပြီး ယောင်္ကျားတစ်ယောက်ကို ကြည့်လို့ကောင်စေမယ့် Casual ဖက်ရှင်လေးတွေအကြောင်း မျှဝေပေးချင်ပါတယ်။

(၁) မီးခိုးရောင် Sweatshirt

A Grey Sweatshirt

Photo: Mens Fashion Magazine

မီးခိုးရောင် Grey Sweatshirt ဒါမှမဟုတ် Grey Jumper ဖက်ရှင်ကလည်း ဝတ်နေကျ Casual Wear တစ်ခု ဖြစ်ပါတယ်။ Grey Sweatshirt ကို Fitting ကျတာ ရွေးပြီး အရည်အသွေးကောင်းတာမျိုး ဝယ်ထားသင့်ပါတယ်။ ဒီလို Sweatshirt တွေက တစ်ထည်တည်းနဲ့ အဆင်ပြေသလို ဆောင်းလို အေးတဲ့ရာသီမှာ အပေါ်ကနေ Sports Jacket လေးလည်း ကောက်စွပ်လို့ ရပါတယ်။ အောက်မှာတော့ Jeans ဒါမှမဟုတ် Chino ၊ သိုးမွေးချည်ဘောင်းဘီတစ်မျိုးမျိုးနဲ့ တွဲဝတ်နိုင်ပါတယ်။

(၂) Denim

Denim

Photo: Mens Fashion Magazine

Casual လို့ ပြောလိုက်ရင် Denim Jeans တွေက မပါမဖြစ်ပါ။ ယောင်္ကျားလေးတိုင်း Jeans ဖက်ရှင်ကို သဘောကျကြပါတယ်။ Jeans Pant အမျိုးအစားကောင်းကောင်းတစ်ထည်ဟာ ဒီဘက်ခေတ်မှာ Smart Casual တန်းအဖြစ် ဝတ်တဲ့ဖက်ရှင် ဖြစ်လာနေပါတယ်။ အရောင်ရင့် Dark Wash ၊ အရောင်ချွတ်ထားတဲ့ Light Wash နဲ့ အနက်ရောင် Black Denim တွေကို ပွဲအတော်များများမှာ ဝတ်ဆင်နေကြပါတယ်။ Formal ဆန်ချင်ရင် အပေါ်က Sports Coat လေး ဝတ်ပြီး အောက်မှာ Leather Shoes ကောင်းကောင်း စီးသွားရုံပါပဲ။

(၃) အဖြူရောင် Leather Sneaker

White Leather Sneakers

Photo: Mens Fashion Magazine

တတိယ Casual Item အနေနဲ့ ညွှန်းချင်တာက အဖြူရောင်လယ်သာ Sneaker ပါပဲ။ လယ်သာ Sneaker အဖြူတွေဟာ Dress Shoe နဲ့ Casual Shoe အကြားက စမတ်ကျပြီး အဆင့်အတန်းရှိတဲ့ Shoe တစ်မျိုးပဲ ဖြစ်ပါတယ်။ Leather Sneaker အဖြူရောင်အပြင် ရွေးချယ်နိုင်တာက Tennis Shoes တွေပဲ ဖြစ်ပါတယ်။ ပေါ့ပါးတယ် ၊ လူငယ်ဆန်ပြီး Quality ရှိတယ်လို့ မြင်ရမယ့် ဖက်ရှင်ပါ။

(၄) Leather Jacket

A Leather Jacket

Photo: Mens Fashion Magazine

လယ်သာဂျက်ကတ်တွေဟာ ယောင်္ကျားဆန်မှု ၊ လွတ်လပ်ပေါ့ပါးမှုနဲ့ စတိုင်ရှိခြင်းကို ဖော်ပြနေတဲ့ဖက်ရှင် ဖြစ်ပါတယ်။ လယ်သာဂျက်ကတ်တွေကလည်း ဒီဇိုင်းစုံပါတယ်။ Classic Biker Jacket ကနေ Bomber Jacket တွေအထိ အမျိုးမျိုး ထွက်ပါတယ်။ ယောင်္ကျားတွေအကြိုက်အများဆုံးက အနက်ရောင်နဲ့ အညိုရောင် လယ်သာဂျက်ကတ်တွေပဲ ဖြစ်ပါတယ်။ လယ်သာဂျက်ကတ်ဟာ များများစားစား လိုတဲ့အဝတ်အစားမဟုတ်ဘဲ တစ်ထည်ကောင်းပဲ လိုတာ ဖြစ်လို့ ဝယ်မယ်ဆို ပစ္စည်းကောင်းကောင်းလေး ဝယ်ဖို့ အကြံပေးချင်ပါတယ်။

(၅) T-Shirt

T-Shirt

Photo: Mens Fashion Magazine

T-Shirt ကတော့ ဝတ်ရတာ ငြီးငွေ့စရာရှိမှာ မဟုတ်တဲ့ ဖက်ရှင်ပါ။ T-Shirt ဝယ်မယ်ဆို စဉ်းစားစရာ သိပ်များများ မရှိပါဘူး။ Well-Fit ဖြစ်ရမယ် ၊ ရေလျှော်ခံပြီး ကာလာ ရိုးရှင်းရမယ် ။ ဒီလောက်ပါပဲ။ များသောအားဖြင့် အမျိုးသားတွေ အဝတ်များတဲ့ T-Shirt အရောင်တွေက မီးခိုးရောင် ၊ အဖြူရောင်နဲ့ အနက်ရောင်တွေဖြစ်လို့ ဒီ ၃ ရောင်ဝယ်ထားရင် Casual ဖက်ရှင်အတွက် အဆင်ပြေတယ်လို့ ပြောချင်ပါတယ်။

Featured Photo: Dmarge