အဆိုတော်  Taylor Swift  အဓိက ပါဝင်သရုပ်ဆောင် ထားတဲ့ Cats ရုပ်ရှင်ကတော့ Razzie Awards ဆု ပေးပွဲမှာ (၂၀၁၉) ခုနှစ်အတွက် အဆိုးဆုံး ရုပ်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အမေရိကန် အခြေစိုက် Razzie Awards ဆုရွေးချယ် ချီးမြှင့်ရေးအဖွဲ့ဟာ နှစ်တနှစ်ရဲ့ အဆိုးဝါးဆုံး ရုပ်ရှင်တွေကို ရွေးချယ်ချီးမြှင့်ပေးအပ်လေ့ရှိတဲ့ အဖွဲ့အစည်းတခုဖြစ်ပါတယ်။

Source: Kantipur Cinemas

ပြီးခဲ့တဲ့ မတ် ၁၆ ရက်နေ့က ကျင်းပတဲ့ Razzie Awards ဆုပေးပွဲမှာ ၂၀၁၉ ခုနှစ်အတွက် Cats ရုပ်ရှင်က အညံ့ဆုံးဒါရိုက်တာ၊ ဇာတ်ညွှန်း၊ ဇာတ်ပို့မင်းသား၊ ဇာတ်ပို့မင်းသမီး၊ အဆိုးဝါးဆုံး ရုပ်ရှင်ဇာတ်ကားဆု၊ Screen Combo ဒါရိုက်တာဆုတွေ နဲ့ စံချိန်တင်ဆုအများဆုံး ရရှိခဲ့တာပါ။

Cats ရုပ်ရှင် ဖြင့် အညံ့ဆုံးဒါရိုက်တာဆုရရှိခဲ့တဲ့ ဒါရိုက်တာ Tom Hooper ဟာ (၂၀၁၁) ခုနှစ်တွင် The King’s Speech ဇာတ်ကားနဲ့ အော်စကာဆု ရထားတဲ့သူဖြစ်ပါတယ်။

Source: BBC.com

Cats ဒီရုပ်ရှင်ကိုတော့ ဘတ်ဂျတ် အမေရိကန်ဒေါ်လာ ၉၅ သန်း ရင်းနှီး မြှုပ်နှံ ရိုက်ကူးထားတာဖြစ်ပြီး Box Office ရဲ့ဖော်ပြချက် အရ ဝင်ငွေ ၆ ဒသမ ၆ သန်းသာ ပြန်လည်ရရှိခဲ့တယ်လို့သိရပါတယ်။

Taylor Swift ကတော့ သူ့အနေနဲ့ ဒီရုပ်ရှင်ကားကို ရိုက်ကူးခဲ့တဲ့အတွက် နောင်တမရခဲ့ဘူးလို့ နာမည်ကျော် တွေ့ဆုံပွဲတခုမှာ ပြောကြားသွားခဲ့ပါတယ်။

Source: BBC.com

၂၀၁၉ ခုနှစ်အတွက် Razzie Awards ရရှိခဲ့တဲ့ ဇာတ်ကားများနှင့် သရုပ်ဆောင်များ

Worst picture: Cats

Worst actor: John Travolta for The Fanatic and Trading Paint

Worst actress: Hilary Duff for The Haunting of Sharon Tate

Worst supporting actress: Rebel Wilson for Cats

Worst supporting actor: James Corden for Cats

Worst screen combo: Any Two Half-Feline/Half-Human Hairballs in Cats

Worst screenplay: Cats

Worst director: Tom Hooper for Cats

Worst remake, rip-off or sequel: Rambo: Last Blood

Worst reckless disregard for human life and public property: Rambo: Last Blood

Razzie Redeemer: Eddie Murphy for Dolemite Is My Name