ခံတွင်းအနံ့ဆိုးထွက်ခြင်းက မနှစ်မြို့စရာကိစ္စတစ်ခုဖြစ်ပြီး ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုလျော့ကျလာစေနိုင်ပါတယ်။ နေ့စဉ်လူတွေနဲ့ ထိတွေ့ပြောဆိုဆက်ဆံတဲ့အခါမှာကိုယ်စီက ဆိုးရွှားတဲ့ ခံတွင်းအနံ့တွေ ထွက်ပေါ်နေရင် လူတွေရဲ့ အထင်သေးခြင်းခံရနိုင်ပါတယ်။ တစ်ချို့သော အစားအစာတွေ ခန္ဓာကိုယ်ကျန်းမာရေးအခြေနေတွေနဲ့ မှားယွင်းတဲ့နေထိုင်မှုပုံစံတွေကြောင့် ခံတွင်းအနံ့ဆိုးတွေထွက်ပေါ်စေနိုင်သလို အခုပြောပြမယ့်အချက်တွေကြောင့်လည်း ခံတွင်းအနံ့ဆိုးတွေဖြစ်စေနိုင်ပါတယ်။
(၁) အစားအစာ

Source : Listerine
တစ်ချို့သော အစားအစာတွေက ခံတွင်းအတွင်း ဘက်တီးရီးယားပေါက်ဖွားမှုတိုးစေတာကြောင့် အနံ့ဆိုးတွေထွက်ပေါ်လာရခြင်းဖြစ်ပါတယ်။ ဥပမာ ကြက်သွန်ဖြူ ကြက်သွန်နီ နှင့် ဟင်းခတ်အမွေးအကြိုင်ကဲ့သို့အစားအစာတွေဖြစ်ပြီး ၎င်းတို့ကိုအစာချေဖျက်ပြီးနောက် သွေးကြောတွေမှတစ်ဆင့် အဆုတ်အထိပို့ဆောင်ပေးတာကြောင့် အသက်ရှုထုတ်တိုင်းမှာ အနံ့ဆိုးတွေ ထွက်နေစေတာဖြစ်ပါတယ်။
(၂) ဆေးလိပ်နှင့်ဆေးရွှက်ကြီး

Source : The South African
ဆေးလိပ်နှင့်ဆေးရွှက်ကြီးသောက်သုံးခြင်းက မနှစ်မြို့စရာ ခံတွင်းအနံဆိုးတွေကို ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။ ဒါ့ထက်ပိုကြောက်ဖို့ကောင်းတဲ့ ဆေးလိပ်နှင့်ဆေးရွှက်ကြီးသုံးစွဲသူတွေဟာ သာမာန်လူတွေထက် သွားဖုံးနှင့်တခြားသော ခံတွင်းကျန်းမာရေးဆိုင်ရာ ရောဂါတွေဖြစ်နိုင်ပွားနိုင်ခြေပိုများတာဖြစ်ပါတယ်။
(၃) သွားနှင့်ခံတွင်းသန့်ရှင်းရေး

Source : Men’s Lifestyle Guide
လူအများစုက သွားနှင့်ခံတွင်းသန့်ရှင်းရေးနဲ့ ပတ်သတ်ပြီးမေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆပဲနေတက်ကြပါတယ်။ တစ်နေ့ကိုမနက်တစ်ကြိမ်ညတစ်ကြိမ်သွားတိုက်ပေးခြင်း သွားတိုက်တဲ့အခါလျှာကိုပါညင်သာစွာတိုက်ပေးခြင်း အစားစားပြီးတိုင်းပလုတ်ကျင်းခြင်း စတဲ့ခံတွင်းသန့်ရှင်းရေဆိုင်ရာကိစ္စတွေမလုပ်ဘူးဆိုရင် ဘက်တီးရီးယားတွေပိုမိုပေါက်ဖွားလာပြီး ခံတွင်းအနံ့ဆိုးတွေထွက်လာစေမှာဖြစ်ပါတယ်။
(၄) ခံတွင်းခြောက်သွေ့မှု

Source : Global Health News
တံတွေးဟာ အနံ့ဆိုးဖြစ်စေတဲ့အမှုန်အမွှားတွေကို ဖယ်ရှားသန့်စင်ပေးပြီး ခံတွင်းသန့်ရှင်းစင်ကြယ်ဖို့ကူညီပေးပါတယ်။ Xerostomia (zeer-o-STOE-me-uh) လို့ခေါ်တဲ့ ခံတွင်းခြောက်သွေ့ခြင်းရောဂါဟာ ခံတွင်းအတွင်း တံတွေးဂလင်းများထုတ်ပေးနိုင်မှုလျော့နည်းလာပြီး ခံတွင်းကိုစိုစွတ်မှုလျော့ကျစေတာကြောင့် အနံ့ဆိုးတွေထွက်စေတာဖြစ်ပါတယ်။ ဒီလိုဖြစ်လာရင်တော့ အကောင်းဆုံးက သွားဆရာဝန်နဲ့ သွားရောက်တိုင်ပင်ဖို့အကြံပြုချင်ပါတယ်။
