သွားပိုးစားတယ်ဆိုတာ လူကြီးလူငယ်မရွေးဖြစ်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ သွားပိုးစားခြင်းက အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ သွားပိုးစားတာအများစုကတော့ သွားချေးတွေကြောင့်ပါ။ သွားကြားမှာ သွားချေးတွေတက်နေတာ၊ အစားအသောက်အကြွင်းအကျန်တွေကပ်ကျန်နေတာတွေကြောင့် သွားပိုးစားခြင်းကိုဖြစ်ပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ သွားပိုးစားခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကို ပြောပြပေးသွားမှာပါ။

ညဘက် အစားစာခြင်း

Source: The Conversation

ညအိပ်ရာဝင်ခါနီးအစာစားတာ (သို့) တရေးနိုးတဲ့အချိန် အစာစားခြင်းက သွားကိုထိခိုက်စေနိုင်ပါတယ်။ သွားတိုက်ပြီးမှ အိပ်ခါနီးတစ်ခုခုစားတာ၊ တရေးနိုး ညလယ်စာစားတာ အကျင့်ရှိတယ်ဆိုရင် သွားပိုးစားခြင်းကို ဖြစ်စေပါတယ်။

သွားသေချာမတိုက်ခြင်း

Source: Church Road Dental

သွားတိုက်နည်းမမှန်တာ (သို့) လုံလောက်တဲ့အချိန်မပေးတာစတဲ့ အပြုအမူတွေက သွားကိုပျက်စီးစေပါတယ်။ ဒီလိုနည်းနဲ့သာ သွားတိုက်နေပါက သွားမှန်မှန်မတိုက်ရင်လည်း သွားချေးတွေမြန်မြန်ဖြစ်လာပြီး စတင်ပျက်စီးလာပါလိမ့်မယ်။

သွားတိုက်တံ အရည်အသွေးမကောင်းခြင်း

Source: Eastern Virginia Family

အရည်အသွေးမကောင်းတဲ့သွားပွတ်တံတွေကို အသုံးပြုပါက သွားကြားမှာကပ်နေတဲ့ စားကြွင်းစားကျန်တွေ မပြောင်ဘဲရှိနေတတ်ပါတယ်။ ကြိုကြိုကြားကြား အကုန်ရှင်းလင်းနိုင်ဖို့နဲ့ အံသွားတွေအထိရောက်နိုင်မယ့် ပျော့ပျောင်းတဲ့သွားပွတ်တံဖြစ်သင့်ပါတယ်။ အရည်အသွေးကောင်းတဲ့ သွားတိုက်တံတွေကို သာဝယ်သုံးပါ။ သွားတိုက်တံကို သုံးလတစ်ကြိမ်အသစ်လဲပေးပါ။

ခံတွင်းခြောက်သွေ့တာ

Source: CariFree

တံတွေးက သွားမှာကပ်ငြိနေတဲ့အစားအစာကျန်တွေနဲ့ သွားချေးတွေကို ဖယ်ရှားပေးပြီး သွားပိုးစားခြင်းကို ကာကွယ်ပေးပါတယ်။ တံတွေးမှာပါတဲ့ဓါတ်ပစ္စည်းတွေက ဘက်တီးရီးယားတွေကြာင့်ဖြစ်လာတဲ့ အက်စစ်ဓာတ်ကိုဖြေရှင်းပေးနိုင်ပါတယ်။ တချို့ဆေးဝါးတွေကြောင့် ၊ တချို့ရောဂါတွေကြောင့် (သို့) ကင်ဆာဆေးတွေကြောင့် ခံတွင်းခြောက်သွေ့စေနိုင်ပြီး သွားပျက်စီးစေနိုင်ပါတယ်။