PSG အသင္းရဲ႕ တိုက္စစ္မွဴးျဖစ္သူ ကာဗာနီဟာ PSG အသင္းနဲ႔ သူ႔ရဲ႕ အနာဂတ္နဲ႔ ပတ္သက္ၿပီး ဖြင့္ဟေျပာၾကားမႈမ်ား ျပဳလုပ္သြားခ့ဲပါတယ္။ တနဂၤေႏြေန႔က ကစားခ့ဲတ့ဲ တူးေလာ့စ္အသင္းနဲ႔ လိုင္လီအသင္းတုိ႔ရဲ႕ ပြဲစဥ္မွာ အမွတ္ေပးဇယား ဒုတိယေနရာက လိုင္လီအသင္းက ဂုိးမရွိသေရသာ ကစားႏုိင္ခ့ဲၿပီးေနာက္ PSG အသင္းဟာ မုိနာကုိအသင္းနဲ႔ ေနာက္က်ပဲြစဥ္မတုိင္ခင္မွာပဲ ျပင္သစ္လီဂူးရဲ႕ ခ်န္ပီယံအျဖစ္ ေအာင္ပြဲခံႏုိင္ခ့ဲပါတယ္။

Photo Credit : Afriqueactudaily

မိုနာကိုအသင္းနဲ႔ ပဲြစဥ္မွာေတာ့ PSG အသင္းဟာ လူငယ္ၾကယ္ပြင့္တုိက္စစ္မွဴးေလး အမ္ဘာေပရဲ႕ ဟက္ထရစ္သြင္းဂိုးနဲ႔အတူ ၃-၁ ဂုိးနဲ႔ အႏုိင္ရရွိခ့ဲၿပီး အဆိုပါ ပြဲအၿပီးမွာ အမ္ဘာေပက ရီးရဲယ္မက္ဒရစ္ကုိ ေျပာင္းေရႊ႕မယ္ဆုိတ့ဲ သတင္းမ်ားနဲ႔ ပတ္သက္ၿပီး ျငင္းဆန္မႈမ်ား ျပဳလုပ္သြားခ့ဲပါတယ္။ PSG အသင္းရဲ႕ နာမည္ေက်ာ္တိုက္စစ္မွဴး သံုးေယာက္ျဖစ္တ့ဲ ေနမာ၊ အမ္ဘာေပ၊ ကာဗာနီတို႔ဟာ အသင္းနဲ႔ အနာဂတ္မတည္မၿငိမ္ျဖစ္ေနၾကၿပီး ေနမာ အမ္ဘာေပတို႔က အသင္းမွာ ဆက္ရွိေနဖုိ႔ ဖြင့္ဟေျပာၾကားမႈမ်ား ျပဳလုပ္ထားခ့ဲေပမယ့္ ကာဗာနီကေတာ့ အနာဂတ္နဲ႔ ပတ္သက္ၿပီး မရွင္းမလင္း ေျပာၾကားသြားခ့ဲပါတယ္။

Photo Credit : France 24

ကာဗာနီက “ဒီရာသီမွာ မတူညီတ့ဲအရာေတြ အမ်ားအျပား ျဖစ္ပြါးခ့ဲၿပီး တစ္ႏွစ္နဲ႔တစ္ႏွစ္ကေတာ့ ဘယ္ေတာ့မွ မတူညီပါဘူး။ အေရးႀကီးဆံုးက ကြ်န္ေတာ္တို႔ အသင္းသားေတြ အားလံုး ဒါေတြကို အတူတကြ ရင္ဆုိင္ဖုိ႔ပါပဲ။ ကြ်န္ေတာ့္အနာဂတ္လား။ ကြ်န္ေတာ္ ဒီအသင္းမွာ စာခ်ဳပ္သက္တမ္းက်န္ရွိေနဆဲျဖစ္ၿပီး ေနာက္တစ္ႏွစ္က်န္ပါေသးတယ္။ ခင္ဗ်ား ဘယ္လိုအေျဖမ်ိဳးုကို ၾကားခ်င္တာလဲ။ ကြ်န္ေတာ္ ဒီအသင္းမွာ အဆင္ေျပတယ္။ ေအးေအးေဆးေဆးနဲ႔ ဘဝကို ပရိသတ္ေတြနဲ႔အတူ ေပ်ာ္ရႊင္ေနပါတယ္။ ဒါေပမယ့္ ေဘာလံုးေလာကမွာေတာ့ အနာဂတ္နဲ႔ ပတ္သက္ၿပီး ဘယ္သူမွ ႀကိဳမသိႏုိင္ပါဘူး။” ဟု ဖြင့္ဟေျပာၾကားမႈမ်ား ျပဳလုပ္သြားခ့ဲပါတယ္။

Photo Credit : Ovación

ကာဗာနီဟာ (၂၀၁၃) ခုႏွစ္မွာ စီးရီးေအကလပ္ နာပိုလီအသင္းကေန PSG အသင္းကို ေျပာင္းေရႊ႕ေရာက္ရွိလာခ့ဲတ့ဲ ကစားသမားတစ္ေယာက္ျဖစ္ၿပီး အသင္းအတြက္ ၿပိဳင္ပြဲစံုမွာ ဂိုး (၂၀၀) ေက်ာ္ သြင္းယူေပးထားၿပီးျဖစ္တ့ဲ ကစားသမားတစ္ေယာက္လည္း ျဖစ္ပါတယ္။ အသက္ (၃၂) ႏွစ္အရြယ္ ကာဗာနီအေနနဲ႔ လာမယ့္ (၁) ႏွစ္အတြင္းမွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆံုးမွာျဖစ္ၿပီး အဆုိပါ ကစားသမားကို ေခၚယူဖို႔ စပိန္ကလပ္ အက္သလက္တီကိုမက္ဒရစ္အသင္းက စိတ္ဝင္စားလ်က္ရွိေၾကာင္း သတင္းမ်ားထြက္ေပၚလ်က္ရွိပါတယ္။

(Unicode)

PSG အသင်းရဲ့ တိုက်စစ်မှူးဖြစ်သူ ကာဗာနီဟာ PSG အသင်းနဲ့ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဖွင့်ဟပြောကြားမှုများ ပြုလုပ်သွားခဲ့ပါတယ်။ မနေ့က ကစားခဲ့တဲ့ တူးလော့စ်အသင်းနဲ့ လိုင်လီအသင်းတို့ရဲ့ ပွဲစဉ်မှာ အမှတ်ပေးဇယား ဒုတိယနေရာက လိုင်လီအသင်းက ဂိုးမရှိသရေသာ ကစားနိုင်ခဲ့ပြီးနောက် PSG အသင်းဟာ မိုနာကိုအသင်းနဲ့ နောက်ကျပွဲစဉ်မတိုင်ခင်မှာပဲ ပြင်သစ်လီဂူးရဲ့ ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။

Photo Credit : Afriqueactudaily

မိုနာကိုအသင်းနဲ့ပွဲစဉ်မှာတော့ PSG အသင်းဟာ လူငယ်ကြယ်ပွင့်တိုက်စစ်မှူးလေး အမ်ဘာပေရဲ့ ဟက်ထရစ်သွင်းဂိုးနဲ့အတူ ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အဆိုပါ ပွဲအပြီးမှာ အမ်ဘာပေက ရီးရဲယ်မက်ဒရစ်ကို ပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းများနဲ့ ပတ်သက်ပြီး ငြင်းဆန်မှုများ ပြုလုပ်သွားခဲ့ပါတယ်။ PSG အသင်းရဲ့ နာမည်ကျော်တိုက်စစ်မှူး သုံးယောက်ဖြစ်တဲ့ နေမာ၊ အမ်ဘာပေ၊ ကာဗာနီတို့ဟာ အသင်းနဲ့ အနာဂတ်မတည်မငြိမ်ဖြစ်နေကြပြီး နေမာ အမ်ဘာပေတို့က အသင်းမှာ ဆက်ရှိနေဖို့ ဖွင့်ဟပြောကြားမှုများ ပြုလုပ်ထားခဲ့ပေမယ့် ကာဗာနီကတော့ အနာဂတ်နဲ့ ပတ်သက်ပြီး မရှင်းမလင်း ပြောကြားသွားခဲ့ပါတယ်။

Photo Credit : France 24

ကာဗာနီက “ဒီရာသီမှာ မတူညီတဲ့အရာတွေ အများအပြား ဖြစ်ပွါးခဲ့ပြီး တစ်နှစ်နဲ့တစ်နှစ်ကတော့ ဘယ်တော့မှ မတူညီပါဘူး။ အရေးကြီးဆုံးက ကျွန်တော်တို့ အသင်းသားတွေ အားလုံး ဒါတွေကို အတူတကွ ရင်ဆိုင်ဖို့ပါပဲ။ ကျွန်တော့်အနာဂတ်လား။ ကျွန်တော် ဒီအသင်းမှာ စာချုပ်သက်တမ်းကျန်ရှိနေဆဲဖြစ်ပြီး နောက်တစ်နှစ်ကျန်ပါသေးတယ်။ ခင်ဗျား ဘယ်လိုအဖြေမျိုးုကို ကြားချင်တာလဲ။ ကျွန်တော် ဒီအသင်းမှာ အဆင်ပြေတယ်။ အေးအေးဆေးဆေးနဲ့ ဘဝကို ပရိသတ်တွေနဲ့အတူ ပျော်ရွှင်နေပါတယ်။ ဒါပေမယ့် ဘောလုံးလောကမှာတော့ အနာဂတ် နဲ့ ပတ်သက်ပြီး ဘယ်သူမှ ကြိုမသိနိုင်ပါဘူး။” ဟု ဖွင့်ဟပြောကြားမှုများ ပြုလုပ်သွားခဲ့ပါတယ်။

Photo Credit : Ovación

ကာဗာနီဟာ (၂၀၁၃) ခုနှစ်မှာ စီးရီးအေကလပ် နာပိုလီအသင်းကနေ PSG အသင်းကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံမှာ ဂိုး (၂၀၀) ကျော် သွင်းယူပေးထားပြီးဖြစ်တဲ့ ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ အသက် (၃၂) နှစ်အရွယ် ကာဗာနီအနေနဲ့ လာမယ့် (၁) နှစ်အတွင်းမှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အဆိုပါ ကစားသမားကို ခေါ်ယူဖို့ စပိန်ကလပ် အက်သလက်တီကိုမက်ဒရစ်အသင်းက စိတ်ဝင်စားလျက်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိပါတယ်။