တကယ်လို့ သင်ဟာ မုတ်ဆိတ်မွေး ၊ နှုတ်ခမ်းမွေးထားတဲ့သူဆိုရင် COVID-19 အန္တရာယ်အတွက် ပိုပြီး စိုးရိမ်ရပါလိမ့်မယ်။
Centers for Disease Control and Prevention (CDC) လို့ ခေါ်တဲ့ ခေါ်တဲ့ ရောဂါ ထိန်းချုပ်ဟန့်တားရေးစင်တာရဲ့ ကျန်းမာရေး သတိပေးချက်ထဲမှာ ပါးစပ်နှာခေါင်းစည်း တပ်ထားပေမယ့် Facial Hair ထားသူတွေဟာ မုတ်ဆိတ်ရိတ်ထားသူထက်စာရင် ဗိုင်းရပ်စ်ဘေး ပိုပြီး စိတ်မချရဘူးလို့ ဆိုပါတယ်။
Photo: foxnews
“အသက်ရှုတဲ့ ပါးစပ်နှာခေါင်းတွေ တစ်ဝိုက်က မုတ်ဆိတ် ၊ ပါးသိုင်းနဲ့ နှုတ်ခမ်းမွေးလိုမျိုး Facial Hair တွေဟာ ရောဂါကာကွယ်ဖို့ ပါးစပ်နှာခေါင်းစည်း အုပ်ထားချိန်မှာ အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။ ” လို့ CDC က ထုတ်ပြန်ပါတယ်။
ဒါကြောင့်ပဲ လက်ကမ်းစာစောင်အဖြစ် CDC က ထုတ်တဲ့ Mask သုံးနည်းစာစောင်ထဲမှာ မုတ်ဆိတ်ရိတ်ထားတာကို ထောက်ခံထားပါတယ်။ မုတ်ဆိတ်တိုင်းက ကျန်းမာရေးအရ မကောင်းတာ မဟုတ်ဘူးလို့ ဆိုပါတယ်။
CDC ဟာ မုတ်ဆိတ်ထားတဲ့ ဒီဇိုင်း ၃၆ မျိုးကို လက်ကမ်းစာစောင်မှာ ဖော်ပြထားပြီး ဒီထဲမှာ ကျန်းမာရေးနဲ့ ညီပြီး ကိုရိုနာဗိုင်းရပ်စ်မကူးအောင် Mask တပ်ချိန်မှာ အဆင်ပြေတဲ့ ပုံစံ ၁၃ မျိုးကို အမှန်ခြစ်နဲ့ ပြထားပါတယ်။ တိုတိတိထားတာနဲ့ တစ်ချို့ မုတ်ဆိတ်ဒီဇိုင်းတွေကို CDC က လက်ခံပေမယ့် လုံးဝအပြောင်ရိတ်ထားတာကို ကျန်းမာရေးရှုထောင့်အရ ထောက်ခံထားပါတယ်။
Photo: The New Humanitarian
COVID-19 ဟာ ဒီနေ့အချိန်မှာ လူပေါင်း ၁ သိန်းကျော်ကို ကူးစက်ထားပြီး သေဆုံးသူ ၃၆၀၀ ကျော် ရှိလာနေပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မခံရစေဖို့ ဖျားနာသူများနဲ့ ထိတွေ့မှုမှ ရှောင်ကြဉ်ဖို့ ပါးစပ် ၊ မျက်လုံးနဲ့ နှာခေါင်းတွေကို ထိတွေ့ခြင်းမှ ရှောင်ရှားဖို့လည်း CDC က တိုက်တွန်းထားပါတယ်။