ရောဂါထိန်းချုပ်ကာကွယ်ရေး စင်တာ CDC ဟာ နိုဗဲလ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကာကွယ်ဖို့ ညွှန်ကြားချက်သစ်တွေ ထုတ်လုပ်ပြီ ဖြစ်ပါတယ်။ အဲ့ဒါကတော့ အမေရိကန်မှာ နေထိုင်သူတွေအနေနဲ့ အိမ်တွင်းဖြစ် အဝတ်နှာခေါင်းစည်း တပ်ဆင်ကြဖို့ပါတဲ့။ ” CDC အနေနဲ့ ထပ်လောင်းပြီး အကြံပေးချင်တာကတော့ ဗိုင်းရပ်စ်ရှိနိုင်တဲ့ လူတွေနဲ့ တစ်ခြားသူတွေကို ရောဂါဖြန့်ဝေမှု မဖြစ်အောင် ဘယ်လိုလုပ်ရမှန်း မသိသူတွေအနေနဲ့ အထောက်အကူဖြစ်စေဖို့ အဝတ်နှာခေါင်းစည်း ရိုးရိုး သုံးဖို့ အကြံပေးထားပါတယ်။” လို့ အမေရိကန်ပြည်သူ့ကျန်းမာရေး အရာရှိချုပ် ဂျယ်ရိုမီအဒမ်စ်က အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Photo: Yahoo News

ဇန်နဝါရီလထဲမှာ COVID-19 ရောဂါ အမေရိကန်ပြည်ထောင်စုမှာ စတင် တွေ့ရှိခဲ့ပြီးနောက် ကျန်းမာရေးဝန်ထမ်းတွေနဲ့ လတ်တလော ဖျားနာသူတွေပဲ face mask တပ်သင့်တယ်လို့ CDC က ပြောခဲ့ပါတယ်။ နာဖျား လူနာနဲ့ အနီးကပ် ထိတွေ့နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ ခွဲစိတ်ခန်းသုံး Surgical Mask တွေ နဲ့ လေထဲက သေးငယ်တဲ့ အမှုန်အမွှားတွေ စစ်ထုတ်ပေးနိုင်တဲ့ N95 အသက်ရှုပစ္စည်းတွေ သုံးနေပါတယ်။

Photo: Yahoo News

သုတေသနတွေအရ ရောဂါလက္ခဏာမပြသူတွေဟာလည်း တစ်ခြားသူကို ကူးစက်နိုင်တယ်လို့ ဆိုပါတယ်။ နောက်ထပ် တွေ့ရှိချက်တွေအရ ကိုရိုနာဗိုင်းရပ်စ်ဟာ ချောင်းဆိုး/နှာချေမှတင် မဟုတ်ဘဲ စကားပြောတာ အသက်ရှုတာနဲ့လည်း ကူးစက်နိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်ပဲ အပြင် သွားမယ့်သူတွေဟာ အဝတ်နှာခေါင်းစည်း သုံးသင့်ကြောင်း CDC က ထောက်ခံထားတာပါ။လူတွေနဲ့ ထိတွေ့ဆက်ဆံရမယ့်သူတွေဟာ mask တပ်ထားချိန်မှာတောင် ၆ ပေအကွာက နေသင့်တယ်လို့လည်း CDC က ပြောကြားထားပါတယ်။