FA ဖလားကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဇွန်လ ၂၈ရက်တနင်္ဂနွေနေ့ မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ရှက်ဖီးယူနိုက်တက်အသင်းနှင့် အာဆင်နယ်အသင်းတို့ပွဲစဉ်မှာတော့ အာဆင်နယ်အသင်းက အိမ်ရှင်ရှက်ဖီးအသင်းကို (၂-၁)ဂိုးရလဒ်ဖြင့်အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

Source : Gulf News
အဆိုပါပွဲစဉ်မှာတော့ အာဆင်နယ်အသင်းအနေနဲ့ လူးဝစ်ဇ် မာတီနက်ဇ် ပေပေ ဆာခါ လာကာဇက် ဝီလ်လော့ စတဲ့ကစားသမားကောင်းတွေနဲ့ ပွဲထွက်လာခဲ့ပြီး အိမ်ရှင်အသင်းကလည်း မက်စ်ဘရူနီ ဟန်ဒါဆန် လမ့်စထရန်း ရောဘတ် အီဂန် ဂျွန်ဖလက်စတဲ့ ကစားသမားအစုံအလင်နဲ့ အကောင်းဆုံးပြင်ဆင် ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။ ပွဲကစားချိန် ၁၀ မိနစ်မပြည့်သေးတဲ့အချိန်မှာပဲ အိမ်ရှင်ရှက်ဖီးအသင်းက ဦးဆောင်ဂိုးရရှိမယ့် အခွင့်အရေးကောင်းရခဲ့ပေမယ့် VAR အဆုံးအဖြတ်နဲ့ ပြန်လည်စစ်ဆေးရာမှာတော့ လမ့်စထရန်းလူကျွံနေခဲ့တာကြောင့် ဦးဆောင်ဂိုးရမယ့်အခွင့်အရေးကနေလွဲချော်ခဲ့တာဖြစ်ပါတယ်။ ပွဲကစားချိန် (၂၅) မိနစ်မှာတော့ အာဆင်နယ်အသင်း ပင်နယ်တီပြစ်ဒဏ်ဘောရရှိခဲ့ပြီး အဆိုပါဂိုးကို ပေပေကအကောင်းဆုံးသွင်းယူကာ ဦးဆောင်ဂိုးအဖြစ် အရယူနိုင်ခဲ့ပါတယ်။

Source : Editorials 360
အာဆင်နယ်အသင်းအနေနဲ့ ဦးဆောင်ဂိုးရရှိပြီးနောက် အိမ်ရှင်းအသင်းကို ပြန်လည်ဖိအားပေးကစားနိုင်ခဲ့ပေမယ့် နောက်ထပ်သွင်းဂိုးတွေစွမ်းဆောင်နိုင်ခြင်းမရှိပဲ (၁-ဝ) ဂိုးရလဒ်ဖြင့်သာ ပထမပိုင်းပွဲကစားချိန်ကို အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာတော့ ရှက်ဖီးအသင်းအနေနဲ့ ဒုတိယအကြိမ်မြောက် ဂိုးရရှိမယ့်အခွင့်အရေးရခဲ့ပေမယ့် ဒီတစ်ချိန်မှာလည်း လူကျွံနေခဲ့ပြန်တာကြောင့် ချေပဂိုးရရှိမယ့် အခွင့်အရေးနဲ့ ထပ်မံလွဲချော်ခဲ့ရပြန်တာဖြစ်ပါတယ်။ ရှက်ဖီးအသင်းအနေနဲ့ ချေပဂိုးပြန်လည်ရရှိဖို့ တိုက်စစ်ကိုဖွင့်ပြီးကစားလာခဲ့ပြီး ပွဲပြီးခါနီး (၈၇) မိနစ်မှာတော့ မက်ဂိုးလ်ဒရစ်မှ ပထမဆုံးချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့ပြီး (၁-၁) ဂိုးသရေရလဒ်ထွက်ပေါ်ခဲ့ကာ အချိန်ပိုဆက်လက်ကစားခဲ့ပါတယ်။ အချိန်ပို (၉၁) မိနစ်မှာတော့ လူစားလဲဝင်ရောက်လာခဲ့တဲ့ အာဆင်နယ်ကစားသမား စီဘယ်လော့စ် ရဲ့ နောက်ကျသွင်းဂိုးဖြင့် အနိုင်ရရှိကာ ဆီမီးဖိုင်နယ်ကိုတက်ရောက်သွားခဲ့တာပဲဖြစ်ပါတယ်။

Source : Citizen TV
