ကွီးတို့အနေနဲ့ ဆံပင်စတိုင်လ်အဟောင်းကနေ ဆံပင်ကေအသစ်တစ်မျိုး ပြောင်းတော့မယ်လို့ ဆုံးဖြတ်တဲ့အခါ ဘယ်လိုဆုံးဖြတ်လေ့ရှိကြပါသလဲ။
ဆံပင်ညှပ်ဆိုင်ကို တန်းသွားပြီး အဆင်ပြေသလို ညှပ်ပေးပါ ဆိုပြီး ဆံသဆရာရဲ့လက်ထဲ အလုံးစုံပုံအပ်လိုက်ပါသလား။ ဒါမှမဟုတ် မော်ဒယ်များ၊ မင်းသားများ၊ ကမ္ဘာကျော်ဆယ်လီများရဲ့ ဆံပင်စတိုင်လ်များကို နှံ့နှံ့စပ်စပ်လေ့လာပြီးမှ ကိုယ့်အကြိုက်ဆုံးပုံစံကို ဆွဲထုတ်ကာ အဲ့ပုံစံအတိုင်း ညှပ်ပေးပါဆိုပြီး ပြောညှပ်ပါသလား။
ကိုယ့်ရဲ့ဆံသဆရာကို ယုံကြည်တယ်ဆိုရင်တော့ ပထမနည်းက အကောင်းဆုံးပါပဲ။ ကိုယ့်ဖက်ရှင်စတိုင်လ်ကို ကိုယ့်စိတ်တိုင်းကျ ဖန်တီးချင်တဲ့ ကွီးတို့အတွက်တော့ ဒုတိယနည်းကို အသုံးပြုဖို့ အကြံပေးချင်ပါတယ်။
ဒုတိယနည်းကို အသုံးပြုမယ့် ကွီးတို့အတွက် ကမ္ဘာကျော် အနုပညာရှင်များရဲ့ အမိုက်စား ဆံပင်စတိုင်လ်များကို ဝေမျှပေးလိုက်ရပါတယ်။
David Beckham ရဲ့ ပရိတ်သတ်များအတွက် ဆံပင်အထောင်ကိုမှ အနောက်သို့ အနည်းငယ်လှန်ဖြီးထားတဲ့ ဆံပင်ကေ
Brad Pitt ရဲ့ အနောက်သို့လှန်ဖြီးထားပြီး ဘေးနှစ်ဖက်ကို ပါးပါးရိတ်ထားတဲ့ စတိုင်လ်
Zac Efron ရဲ့ လူငယ်ဆန်ဆန်ဆံပင်ကေ
Cristiano Ronaldo ရဲ့ ဘေးနှစ်ဖက် ပါးပါးရိုက်ထားတဲ့ Undercut နဲ့ ဘေးခွဲဆံပင်ကေ
Justin Timberlake ရဲ့ လူကြီးလူကောင်းဆန်တဲ့ ဆံပင်စတိုင်လ်
Adam Levine လို မျက်နှာရှည်တဲ့သူတွေနဲ့ လိုက်ဖက်တဲ့ဆံပင်ကေ
Zayn Malik ရဲ့ အချွန်အတက်တွေနဲ့ ဆံပင်စတိုင်လ်
Jake Gyllenhaal ရဲ့ တိုတိုကပ်ကပ် ဆံပင်ကေ
Ryan Reynolds ရဲ့ ပရိသတ်များအတွက် ဆွဲဆောင်မှုတိုးစေမယ့် ဆံပင်စတိုင်လ်
Bradley Cooper ရဲ့ မတိုမရှည်ဆံပင်စတိုင်လ်
Tom Hardy ရဲ့ ဒီဆံပင်ကေကတော့ ဆံပင်ခဏခဏ မဖြီးချင်တဲ့ ကွီးတို့အတွက်ပါ
Ryan Gosling ရဲ့ ဘေးခွဲဆံပင်စတိုင်လ်
Nick Jonas လို တိုတိုကပ်ကပ်ညှပ်ထားတဲ့ဆံပင်ကေကလည်း ခေတ်စားပါတယ်
ဆံပင်အရှည်ထားချင်သူတွေကတော့ Chris Hemsworth ရဲ့ဆံပင်စတိုင်လ်မျိုး ထားနိုင်ပါတယ်
ကွီးတို့ရဲ့စိတ်ကြိုက်ဆံပင်ကေတွေကတော့ ဘယ်ဆံပင်စတိုင်လ်လေးတွေဖြစ်မလဲဆိုတာ ဝေမျှပေးခဲ့ပါဦး။
Source: Menshairstylestoday.com
Featured Image Source : Hello Magazine