လူတိုင်းသည် အောင်မြင်ကျော်ကြားတဲ့နေရာတစ်ခုရောက်ဖို့အတွက် တစ်ကနေပဲ စတင်ခဲ့ရတာပါ။ ဘယ်သူကမှ ချက်ချင်းအောင်မြင်လာကြတာမဟုတ်ပါဘူး။ အောင်မြင်ဖို့အတွက် အချိန်ယူရပါတယ်။

တချို့ကလည်း ကိုယ် စတင်လုပ်ကိုင်တဲ့ အလုပ်ကနေ အောင်မြင်လာခဲ့တာရှိသလို အချို့ကလည်း အလုပ်တွေ တစ်မျိုးပြီးတစ်မျိုးပြောင်းပြီးမှ အောင်မြင်လာခဲ့တာလည်းရှိပါတယ်။ အချို့အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်များ၊ ဆယ်လီများသည်လည်း သူတို့ရဲ့ပထမအလုပ်က အနုပညာအလုပ်မဟုတ်ခဲ့ကြပါဘူး။

Beyonce

celebrity's first job - Beyonce

Beyonce သည် သူမရဲ့မိခင်ကို ငယ်စဉ်အရွယ်ကတည်းက ကူညီပေးခဲ့တာကြောင့် သူမရဲ့ပထမဆုံးအလုပ်အကိုင်သည် ဆံပင်ညှပ်ဆိုင်မှာ တောက်တိုမယ်ရလုပ်ခဲ့ရတဲ့ ကလေးမလေးတစ်ဦးဖြစ်ခဲ့ပါတယ်။

James Corden

celebrity's first job - James Corden

ကမ္ဘာကျော်တစ်ဦးဖြစ်တဲ့ James Corden သည် ပထမအလုပ်အကိုင်အဖြစ်နဲ့ စားသောက်ဆိုင်မှာ စားပွဲထိုးအဖြစ် လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။

Meghan Markle

celebrity's first job - Meghan Markle

Meghan Markle သည်လည်း အနုပညာအလုပ်ကို မလုပ်ခင်တုန်းက စာရေးကိရိယာဆိုင်တွင် စာအုပ်ချုပ်ခြင်း၊ လက်ဆောင်ပစ္စည်းထုပ်ပိုးခြင်းအပြင် ဖိတ်စာပေါ်တွင် လက်ရေးအလှရေးပေးခြင်းကိုလည်း Freelance အဖြစ် လုပ်ကိုင်ခဲ့ပါသေးတယ်။

Taylor Swift

celebrity's first job - Taylor Swift

Taylor သည် Nashville မြို့တွင် ကြီးပြင်းခဲ့တာကိုတော့ အားလုံးသိပြီးသားဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ သူမသည် ခရစ်စမတ်သစ်ပင်များစိုက်ပျိုးထားသည် ဥယျာဉ်ခြံထဲတွင် ကြီးပြင်းခဲ့တာကိုတော့ လူသိနည်းလှပါတယ်။ ဂရမ်မီဆုပိုင်ရှင်တစ်ဦးဖြစ်တဲ့ Taylor သည် အသက် ၅ နှစ်ကနေ ၁၀ အထိ  ခရစ်စမတ်သစ်ပင်များပေါ်တွင် ဥ ဥလေ့ရှိတဲ့ ဓားခုတ်ကောင်နှင့် သူတို့ရဲ့ပိုးအိမ်များ ဖယ်ရှားခြင်းအလုပ်ကို လုပ်ကိုင်ခဲ့ပါတယ်။

Brad Pitt

celebrity's first job - Brad Pitt

Brad Pitt တစ်ယောက် မင်းသားအဖြစ် စတင်မလုပ်ကိုင်ခင်တုန်းက ကားမောင်းသမား၊ ပရိဘောဂများ ပြောင်းရွေ့ပေးခြင်း၊ ကြက်ဝတ်စုံ ဝတ်ဆင်ကာ ကခုန်တင်ဆက်ပေးခြင်း အစရှိသည်တို့ကို လုပ်ဆောင်ခဲ့ပါတယ်။

Harry Styles

celebrity's first job - Harry Styles

Harry သည် အသက် ၁၆ နှစ်အရွယ်မှာ X Factor တွင် သီချင်းဆိုပြိုင်ပွဲဝင်ခဲ့ကာ အနုပညာလောကထဲသို့ ဝင်ရောက်လာခဲ့တာပါ။ သူသည် ထိုအချိန်တွင် ကိတ်မုန့်ဆိုင်၌ အလုပ်လုပ်နေခဲ့တာပါ။ အောင်မြင်မှုရရှိခဲ့ပြီး နှစ်အတော်ကြာတဲ့အခါမှာတော့ This Is Us ဆိုတဲ့ ရိုက်ကူးရေးကို ပြုလုပ်ဖို့အတွက် ထိုကိတ်မုန့်ဆိုင်သို့ တစ်ခေါက်ပြန်လာခဲ့ပြီး ရိုက်ကူးရေးလုပ်ခဲ့ပါသေးတယ်။

အနုပညာရှင်တွေရဲ့ပထမဆုံးအလုပ်အကိုင်တွေက တကယ့်ကိုပဲ  စိတ်ဝင်စားဖို့ကောင်းလှပါတယ်။ သင်ရော ပထမဦးဆုံးအလုပ်ကို ဘယ်အရွယ်မှာလုပ်ခဲ့ပြီးတော့ ဘာအလုပ် လုပ်ကိုင်ခဲ့ပါသလဲ။

Source: Menshealth.com

Featured Image Soruce: Cosmopolitan