ဟင်းချက်ဝါသနာဆိုတာ အမျိုးသမီးတွေတင်မကဘဲ အမျိုးသားတွေပါ သဘောကျနစ်သက်တတ်တဲ့ ဝါသနာကောင်းတခုပါ။ ကမ္ဘာပေါ်ကနာမည်ကြီး စားဖိုမှုးတော်တော်များများကလည်း အမျိုးသားတွေဖြစ်နေကြပါတယ်။ ဟင်းချက်ဝါသနာပါသူတွေထဲမှာ သာမာန်လူတွေတင်မဟုတ်ဘဲ ဒိတ်ဒိတ်ကြဲ Celebrity တွေပါ ပါဝင်နေတာဖြစ်ပါတယ်။ ဒီနေ့မှာတော့ အချက်အပြုတ်ဝါသနာပါတဲ့ ကမ္ဘာ့တစ်ဝှမ်းက နာမည်ကြီး အမျိုးသား Celebrities တွေကို ဖော်ပြပေးလိုက်ပါတယ်။

Snoop Dog

Source : Exitos

နာမည်ကြီး ရက်ပါအဆိုတော် Snooo Dog ကို အားလုံးသိကြမယ်ထင်ပါတယ်။ သူက သီချင်းဆိုတာအပြင် ဟင်းချက်တာက သူ့ရဲ့ဝါသနာတခုပါတဲ့။ သူဟာ ဟင်းချက်တာကို ဘယ်လောက်ဝါသနာပါလဲဆိုရင် သူ့ရဲ့ကိုယ်ပိုင် ကိုယ်ပိုင်ဟင်းချက်နည်းတွေပါဝင်တဲ့ From Crook to Cook: Platinum Recipes from Tha Boss Dogg’s Kitchen ဆိုတဲ့ ဟင်းချက်နည်းစာအုပ်ကိုတောင် ထုတ်ဝေခဲ့ပါတယ်။ ဒါ့အပြင် Martha & Snoop’s Potluck Dinner Party ဆိုတဲ့ TV show တခုမှာလဲ ပါဝင်ချက်ပြုတ်ပြခဲ့ပါသေးတယ်။

David Beckham

Source : Insider

နောက်ထပ် ဟင်းချက်ဝါသနာပါတဲ့ Cele တယောက်ကတော့ မိန်းကလေးတိုင်းရဲ့ စိတ်ကူးထဲကမင်းသားချောဖြစ်ခဲ့တဲ့ ဘောလုံးအကျော်အမော် David Beckham ပါ။ သူဟာ သူ့ရဲ့အချက်အပြုတ်စွမ်းရည်ကို IG ပေါ်က stories တွေမှာလည်း အမြဲတင်တတ်ပါတယ်။
ဘောလုံးလောကမှ အနားယူသွားပြီးဖြစ်တဲ့ Davidဟာ ဟင်းချက်နည်းတွေနဲ့ပတ်သတ်ပြီး သူငယ်ချင်းဖြစ်သူ စားဖိုမှူးကြီး Gardon Ramsay ဆီက ရခဲ့တာဖြစ်ပြီး Beef Wellington လို့ခေါ်တဲ့ အမဲသားဟင်းချက်နည်းကိုလဲ ရခဲ့တယ်လို့ပြောပါတယ်။

Justin Timberlake

Source : Pinterest

အဆိုတော် သီချင်းရေးဆရာ Justin Timberlake နဲ့ သူရဲ့ဇနီးဖြစ်သူတို့ကလဲ မီးဖိုချောင်မှာအတူတူအချိန်ဖြုနရတာကြိုက်ကြသူတွေပါ။
“ သူမက ဟင်းချက်တာကြိုက်တယ် ကျွန်တော်က ကိတ်မုန့်ဖုတ်ရတာကြိုက်တယ်ဆိုတော့ ကျွန်တော်တို့နှစ်ယောက် ကညစာနဲ့ အချိုပွဲလေ” လို့ သူကခပ်နောက်နောက်ပြောတယ်။

Questlove

Source : The New York Times

The Root အဖွဲ့ရဲ့ တည်ထာင်သူနဲ့ဒရမ်သမားဖြစ်တဲ့ အမေရိကန် ဂီတသမား Questlove ကလည်း အချက်အပြုတ်ဝါသနာအိုးတယောက်ပါပဲ။ သူရဲ့သူငယ်ချင်း စားတော်ကဲတွေကိုဖိတ်ပြီး နယူးရောက်ကတိုက်ခန်းမှာ မကြာခဏ အစားအသောက်တွေအမျိုးအမျိုးပြင်ဆင် ချက်ပြုတ်စားရတာကြိုက်နှစ်သက်သူတစ်ဦးလည်းဖြစ်ပါတယ်။

Bradely Cooper

Source : Cookifi

အမေရိကန် နာမည်ကြီးသရုပ်ဆောင် Bradely Cooper က Burnt ဆိုတဲ့ ရုပ်ရှင်မှာ အရည်အချင်းရှိတဲ့ စားဖိုမှူးတယောက်အနေနဲ့ပါဝင်သရုပ်ဆောင်ဖူးပါတယ်။ ရုပ်ရှင်ထဲက ချက်ပြုတ်ပြင်ဆင်တဲ့နည်းတွေအားလုံးက သူ့ရဲ့ပြင်ဆင်နည်းတွေဖြစ်ပြီး သူကချက်ပြုတ်ရတာနှစ်သက်တဲ့ အီတလီမိသားစုကနေ ဆင်းသက်လာတာဖြစ်ပါတယ်။