Celebrities တွေဟာ ဈေးကြီးတဲ့ စားသောက်ဆိုင်တွေမှာ ပဲနေ့တိုင်းစားသောက်နေကြတယ်။ တန်ဖိုးကြီးတဲ့ကားတွေ၊ အဝတ်အစားတွေပဲ ဝတ်ကြတယ်လို့ လူအများက ထင်မြင်ယူဆထားကြပါတယ်။
ဒါပေမဲ့ တချို့ Celebrities တွေကြတော့ ကိုယ်ရှာဖွေထားတဲ့ ငွေကြေးတွေကို သူတို့အတွက်ချည်းသုံးတာမဟုတ်ပဲ အများအကျိုးအတွက် အသုံးပြုကြတဲ့သူတွေလည်းရှိပါတယ်။ kwee page ကနေပြီးတော့ စိတ်ရင်စေတနာ ကောင်းကြတဲ့ Celebrities တွေကို ပြောပြပေးသွားမှာပါ။
၁။ Jennifer Lawrence

Source: rexfeatures
The Hunger Games ဇာတ်ကားရဲ့မင်းသမီး Jennifer Lawrence ဟာ အမြဲတမ်းလိုလို discount ချတဲ့ပစ္စည်းတွေကို စောင့်ဝယ်လေ့ရှိတဲ့သူပါ။ သူမရရှိထားတဲ့ discount ကူပွန်တွေကိုလည်း ပြန်လည်အသုံးပြုလေ့ရှိပါတယ်။ ၂၀၁၆ ခုနှစ်တုံးက Louisville မြို့မှာရှိတဲ့ Kosair Hospital ကလေးဆေးရုံကို Jennifer ကဒေါ်လာ ၂ သန်းလှူဒါန်းခဲ့ပါတယ်။
၂။ Keanu Reeves

Source: rexfeatures
Keanu Reeves ဟာ Hollywood နာမည်ကြီးသရုပ်ဆောင်တစ်ဦးဖြစ်ပေမဲ့ အခြားသူတွေလိုမဟုတ်ပဲထူးခြားတဲ့သူပါ။ တခြားနာမည်ကြီးတဲ့သူတွေလို bodyguard တွေလည်းငှားလေ့မရှိသလို ဘက်စ်ကား၊ရထား တွေကိုအသုံးပြုပြီး သွားလာလေ့ရှိတဲ့သူပါ။ The Matrix ဇာတ်ကားကနေရရှိခဲ့တဲ့ သရုပ်ဆောင်ကြေးရဲ့ ၉၀ ရာခိုင်နှုန်းကို ပေးလှူပစ်ခဲ့တဲ့သူပါ။ ပြီးတော့ စတန့်သမား ၁၂ ယောက်ကိုလည်း တန်ဖိုးကြီးဆိုင်ကယ် အသစ်တစီးဆီလက်ဆောင်ပေးခဲ့ပါသေးတယ်။
၃။ Leonardo DiCaprio

Source: rexfeatures
Leonardo ဟာဝင်ငွေကောင်းတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပေမဲ့လည်း Toyota Prius လို Celebrities အတွက် တန်ဖိုးနည်းတဲ့ကားကို မောင်းလေ့ရှိပါတယ်။ လေယာဉ်နဲ့ခရီးသွားရတဲ့အချိန်တွေမှာလည်း first class ဝယ်စီးလေ့မရှိတဲ့သူပါ။ ၁၉၉၈ ခုနှစ်မှာ Leonardo DiCaprio Foundation ဆိုပြီး ပရဟိတ အဖွဲ့တည်ထောင်ခဲ့ပါတယ်။ တခြား ပရဟိတ အဖွဲ့တွေမှာလည်း ဒေါ်လာ ၁၅ သန်းကျော် ပေးလှူခဲ့ပါသေးတယ်။
၄။ Christian Bale

Source: eastnews
Batman နာမည်ကြီးမင်းသား Christian Bale ဟာ သူ့မိသားစုနဲ့အတူ တိုက်ခန်းမှာအတူနေထိုင်တဲ့သူပါ။ တန်ဖိုးကြီး ဆဲလ်ဖုန်းတွေ အသုံးပြုလေ့မရှိသလို bodyguard လည်းငှားရမ်းလေ့မရှိပါဘူး။ ပြီးတော့သူဟာ The Promise ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကနေ ရရှိခဲ့တဲ့ အခကြေးငွေ အားလုံးကို ပရိဟိတ အဖွဲ့တွေထံ ပေးလှူပစ်ခဲ့သူပါ။
၅။ Russell Crowe

Source: eastnews
Oscar ဆုရှင် Russell Crowe ဟာ ပရဟိတ အလှူအတန်းရက်ရောတဲ့သူတစ်ယောက်ပါ။ အရင်တုံးက တန်ဖိုးကြီး အသုံးအဆောင်ပစ္စည်းတွေ အများအပြာ အသုံးပြုခဲ့ပေမဲ့ Australia ကိုပြောင်းသွားပြီးနောက်ပိုင်း အေးအေးဆေးဆေး သာမာန်ဘဝနဲ့ နေထိုင်နေတဲ့သူပါ။ လစဉ်ပရဟိတ အဖွဲ့တွေထံ အလှူငွေတွေ ပေးလှူလေ့ရှိပြီး Montreal မှာလည်း ကျောင်းဆောက်လှူဒါန်းခဲ့ပါသေးတယ်။
