ကွီးရဲ့ စာဖတ်ပရိသတ်တွေထဲမှာ သက်သက်လွတ်စားတဲ့သူတွေရှိလား။ အခုပြောပြချင်တာကတော့ နာမည်ကြီးအနုပညာရှင်တွေထဲက သက်သက်လွတ်စားတဲ့ချစ်စရာအနုပညာရှင်ဆယ်လီ (၅) ယောက်ကိုပြောပြမှာပါ။ ဒါဆို ကိုယ်ကြိုက်တဲ့အနုပညာရှင်များပါမလား ကြည့်လိုက်ရအောင်။

(၁) Ariana Grande

ကဲ ပထမဆုံးတယောက်ကတော့ အဆိုတော်အနုပညာရှင် အားလုံးရဲ့အချစ်တော် အာရီယာနာဂရန်တီ ပဲ ဖြစ်ပါတယ်။ သူမက ၂၀၁၄ခုနှစ်ကစပြီး သက်သက်လွတ်စားခဲ့တာပါလို့ မဂ္ဂဇင်းတခုရဲ့အင်တာဗျူးတခုမှာ ဖြေခဲ့ပါတယ်။ သူမက ” ကျမ တိရိစ္ဆာန်လေးတွေအားလုံးကိုချစ်တယ် လူတွေထက်ကိုပိုချစ်တာပါ ” လို့ပြောပါ တယ်။ ဒါ့ကြောင့်လဲ သူမချစ်တဲ့တိရိစ္ဆာန်လေးတွေအတွက် သက်သက်လွတ်စားခဲ့တာဖြစ်ပါတယ်။

(၂) Liam Hemsworth

နောက်တယောက်က ဟမ်ကာဂိမ်းရုပ်ရှင်ထဲက နာမည်ကြီးမင်းသားချောလီယမ်ဟမ်းမ်ဝေါ့သ်ပါ။ သူကတော့ ၂၀၁၅ ခုနှစ်ကစပြီး သက်သက်လွတ်စားပါတယ်တဲ့။ ” ကျတော့ရဲ့ ကျန်းမာရေးအတွက်ရယ် တိရိစ္ဆာန်လေးတွေ ကို မတရားပြုမူဆက်ဆံနေတဲ့အကြောင်းတွေလေ့လာသိရှိပြီးတဲ့နောက် ကျတော်အသားကိုလုံးဝဆက်မစားနိုင် တော့ပါဘူး” လို့ သူကပြောပါတယ်။ ဒါ့အပြင် သူကသူ့ရဲ့အကိုအကြီးဆုံးဖြစ်တဲ့ ခရစ်ဟမ်းမ်ဝေ့ါသ် ကိုလဲ သက်သက် လွတ်စားဖို့တိုက်တွန်းခဲ့ပါသေးတယ်။

(၃) Natalie Portman

Black Swan ရုပ်ရှင်ဇာတ်ကားနဲ့ အော်စကာဆုရခဲ့တဲ့ မင်းသမီး နာတာလီပေါ့တ်မန်းကလဲ သက်သက်စားရတာ နှစ်သက်တဲ့ အနုပညာရှင်တယောက်ပါ။ သူမကိုယ်ဝန်ဆောင်စဉ်ကတောင် လိုအပ်တဲ့အသားဓါတ်ကို ကြက်ဥ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေကနေပဲရခဲ့တယ်လို့ဆိုပါတယ်။ ကြက်ဥကို သူအရမ်းကြိုက်ခဲ့ပေမယ့် ခုတော့လုံးဝကိုမ ကြည့်တော့ဘူးလို့ဆိုပါတယ်။

(၄) Carrie Underwood

အမေရိကန်အိုင်ဒေါဆုနဲ့ ဂရမ်မီဆုရှင် အဆိုတော့်ကယ်ရီးအန်ဒါဝုဒ်က သူမဟာ သက်သက်လွတ်စားဖို့ကို ရူးရူးမူးမူးဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ အနုပညာရှင်ဖြစ်တဲ့အတွက် သက်သက်လွတ်စားတာဟာ ခရီးသွားတဲ့ အချိန်တွေအတွက်တော့ အခက်အခဲနည်းနည်းရှိတယ်လို့လဲ သူမကပြောပါတယ်။

(၅) Forest Whitaker

သရုပ်ဆောင် ဖောရက်စ်ဝှစ်တစ်ကာဟာ၂၀၀၆ ခုနှစ်က The Last King of Scotland ရုပ်ရှင်နဲ့အကယ်ဒမီ ဆုရပြီးတဲ့နောက် ကိုယ်အလေးချိန်ကျအောင် အသားလုံးဝမစားဖို့ကိုသူသိခဲ့ပါတယ်။ ရုပ်ရှင်ထဲက သူသရုပ်ဆောင် ရမယ့်ဇာတ်ကောင်အတွက် ကိုယ့်အလေးချိန်အတော်လေးချခဲ့ရပြီး သက်သက်လွတ်စားတာက အဲ့လောက်မခက်ခဲပါဘူးလို့လဲ သူကအင်တာဗျူးတခုမှာဖြေခဲ့ပါတယ်။

သက်သက်လွတ်စားရတာကြိုက်တဲ့ နောက်ထပ်အနုပညာရှင်တွေကတော့

(၁) Kristen Bell
(၂) will.i.am
(၃) Paul McCartney
(၄) Russell Brand
(၅) Alicia Silverstone
(၆) Lea Michele
(၇) Bill Clinton