Celebrities တွေရဲ့ စရိုက်နဲ့ နေထိုင်မှုသဘာဝကို သာမန်လူတွေ နားလည်ဖို့ ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ဘဝအတွက် အရေးပါတဲ့ လူတွေအကြောင်း Cele တွေ သူတို့ကိုယ်ပေါ်မှာ တက်တူးထိုးတာကိုတော့ လူတိုင်း ခံစားနိုင်ပါလိမ့်မယ်။ ဘယ်လောက်ပဲ အကွဲအပြဲများတဲ့ လောကပဲ ဖြစ်ဖြစ် ချစ်ခြင်းမေတ္တာဆိုတာ လူတိုင်းရဲ့ ရင်ဘတ်တစ်နေရာက အသားတံဆိပ်တစ်ခုပဲ မဟုတ်လား။

ဒီတစ်ခေါက်မှာ ကိုယ်ချစ်တဲ့ လူတွေအတွက်တက်တူး ထိုးထားတဲ့ နာမည်ကျော် အမျိုးသား ၅ ဦးအကြောင်း ဖော်ပြပေးချင်ပါတယ်။

(၁) ဒေးဗစ် ဘက်ခ်ဟမ်း

David Beckham and Victoria Beckham

Photo: HelloMagazine

ဒေးဗစ်ဘက်ခ်ဟမ်း တစ်ကိုယ်လုံးမှာ တက်တူးတွေ ရှိတယ်ဆိုတာ လူတိုင်း သိပြီးသားပါပဲ။ သူ့ကိုယ်ပေါ်က တက်တူးတိုင်းမှာ အဓိပ္ပါယ်တစ်ခုစီ ရှိကြပြီး တက်တူးတွေထဲမှာ သူ့ချစ်ဇနီး Spice Girl အဖွဲ့ဝင်ဟောင်း ဗစ်တိုးရီးယားဘက်ခ်ဟမ်း အတွက် ရည်စူးပြီး ထိုးထားတဲ့ တက်တူးတွေလည်း ပါပါတယ်။ ဘက်ခ်ဟမ်းရဲ့ ဘယ်မောင်း အတွင်းဘက်မှာ သက္ကတဘာသာနဲ့ ဗစ်တိုးရီးယားရဲ့ နာမည်ရှိပါတယ်။ ညာဘက်လက်မှာ ဗစ်တိုးရီးယားရဲ့ နာမည်ကို လှလှပပ ဒီဇိုင်းနဲ့ ထိုးထားပါသေးတယ်။

(၂) နစ်ခ်ကန်နွန်

nick-cannon

Photo: The Things

အမေရိကန် ဟာသပညာရှင် ၊ ရက်ပ်ပါ နဲ့ သရုပ်ဆောင် နစ်ခ်ကန်နွန်ဟာ သူ့ချစ်သူ မာရီယာ ကာရေးအတွက် ချစ်ခြင်းမေတ္တာကို ပြသဖို့ ပခုံးတစ်ခုလုံးမှာ မာရီယာရဲ့ နာမည်ကို ထိုးထားတာပါ။ အခုတော့လည်း သူတို့အကြား သံယောဇဉ် ပြတ်တောင်းလို့ တစ်ယောက် တစ်ကြောင်းစီ လျှောက်လှမ်းသွားကြပြီ ဖြစ်ပါတယ်။

(၃) ဂျွန် လီဂျန့်

chrissy teigen john legend tattoo

Photo: Daily Mail

အမေရိကန်အဆိုတော် ဂျွန်လီဂျန့်ဟာ သူ့ဇနီးသည် ခရစ္စီ တိုင်ဂန်နဲ့ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခု တည်ဆောက်ထားပြီး လူနာဆိုတဲ့ သမီးတစ်ယောက်နဲ့ မိုင်းစ်လ်ဆိုတဲ့ သားတစ်ယောက်ရဲ့ ဖခင် ဖြစ်ပါတယ်။ သူတို့ရဲ့ တစ်ယောက်အကြားတစ်ယောက် ချစ်ခြင်းအကြောင်း ပုံဖော်ဖို့ ဂျွန်နဲ့ ခရစ္စီတို့ဟာ တစ်ယောက်လက်မှာ တစ်ယောက် ပုံတူ စာသားတက်တူးလေးတွေ ထိုးထားပါတယ်။ သူတို့ လက်မောင်းမှာ ထိုးထားတဲ့ တက်တူးတွေက ဂျွန် ၊ ခရစ္စီ ၊ လူနာ နဲ့ မိုင်းစ်တို့ရဲ့ နာမည်တွေပဲ ဖြစ်ပါတယ်။

(၄) ဘီလီ ဂျိုး အမ်းစထရောင်း

billie joe armstrong tattoos

Photo: LoudWire

Green Day တီးဝိုင်းထဲက အဆိုတော်နဲ့ ဂစ်တာသမား ဘီလီ အမ်းစထရောင်းကလည်း သူ့ဇနီးသည် အန်ဒရီးနီကို ချစ်မြတ်နိုးသူဖြစ်ပါတယ်။ ဒီအချစ်ကိုလည်း တက်တူးထိုးပြီး သက်သေပြထားပါတယ်။ သူ့ညာလက်မောင်းမှာ အန်ဒရီးနီနာမည် ထိုးထားပါတယ်။ နောက်တက်တူးတစ်ခုက သူ့ဇနီးရဲ့ နာမည် အန်ဒရီးနဲ့ ခပ်ဆင်ဆင် နံပါတ်တစ်ခုဖြစ်တဲ့ 80 ကိုလည်း ထိုးထားပါတယ်။

(၅) တိုင်ဂါ

Tyga

Photo: Daily Mail

နာမည်ကျော် ဆယ်လီတစ်ဦးဖြစ်တဲ့ ကိုင်လီ ဂျန်နာနဲ့ ကြိတ်ပုန်းခုတ်နေတယ်လို့ နာမည်ထွက်ခဲ့တဲ့ အမေရိကန်ရက်ပ်ပါ Tyga ကလည်း သူ့လက်မောင်းအတွင်းဘက်မှာ ကိုင်လီရဲ့ နာမည်ကို တက်တူးထိုးထားပါတယ်။ နောက်ပိုင်းတော့လည်း ကိုင်လီဟာ တခြား လူမည်းရက်ပ်ပါတစ်ဦးဖြစ်တဲ့ ထရာဗစ်စကော့တ်နဲ့ ကြိုက်သွားပြီး ကလေးတစ်ယောက်ပါ ရနေပြီ ဖြစ်ပါတယ်။
တိုင်ဂါမှာတော့ ကိုင်လီရဲ့ နာမည်ပါတဲ့ တက်တူးနဲ့ ကျန်နေခဲ့တာ ဖြစ်ပါတယ်။ ဒီတက်တူးကို တခြားတစ်ခုခုနဲ့ ဖုံးပြီး ပုံဖျက်ပစ်မလားဆိုတာတော့လည်း မသိရသေးပါဘူး။