၂၀၂၀ ပြည့်နှစ်ဟာ Face Mask တွေ ၊ Hand Gel တွေ ၊ လူအချင်းချင်း ခပ်ခြားခြားနေထိုင်မှုတွေနဲ့ ကုန်ဆုံးခဲ့ပြီ ဖြစ်ပါတယ်။ ဒီနှစ်အတွင်းမှာ လူတိုင်းဟာ COVID-19 ကပ်ဘေးအရိပ်ဆိုးကြီးအောက် ကြောက်လန့်စိုးထိတ်စွာ ဖြတ်သန်းခဲ့ရပါတယ်။ ၂၀၂၁ ခုနှစ်မှာတော့ ကျန်းမာရွှင်လန်းမှုတွေနဲ့ မင်္ဂလာနေ့ရက်တွေ ပြန်ရောက်လာပါစေလို့ ဆုမွန်ကောင်း တောင်းရပါတယ်။
ဒီနှစ်ထဲမှာတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ လူ ၈၂ သန်းကျော်ကို ကူးစက်ခဲ့ပြီး လူပေါင်း ၁.၈ သန်းခန့် COVID-19 ကပ်ရောဂါနဲ့ ကွယ်လွန်ခဲ့ကြပါတယ်။ ကူးစက်ခံရသူတွေကလည်း အနိမ့်အမြင့် ဆင်းရဲချမ်းသာ အညတရကနေ အထင်ကရအထိ လူတန်းစားစုံခဲ့ပါတယ်။ ဒီထဲမှာ အခုပြောတဲ့ ကမ္ဘာကျော်အမျိုးသား ၇ ဦးလည်း ပါခဲ့ပါတယ်။
(၁) တွမ်ဟန့်ခ်

Photo:
COVID-19 ကူးစက်ခံရမှု အစောဆုံး ခံခဲ့ရတဲ့ ကမ္ဘာကျော်တွေထဲက တစ်ဦးကတော့ တွမ်ဟန့်ဖြစ်ပါတယ်။ အဲလ်ဗစ်ပရက်စလေအကြောင်း ဩစတြေးလျမှာ ရိုက်ကူးမှုလုပ်နေစဉ် မတ်လထဲမှာ ကူးစက်ခံရတာပါ။ ဒီသတင်းကြားပြီးနောက် လူတိုင်းဟာ COVID-19 ရောဂါရဲ့ ဆိုးရွားမှုကို အလေးအနက်ပိုထားလာကြပါတယ်။
(၂) ဒွိုင်းဂျွန်ဆင်

Photo: zestradar
The Rock မင်းသားကြီး ဒွိုင်းဂျွန်ဆင်လို ဗလကြီးလည်း ကိုဗစ်ကူးစက်ခံခဲ့ရပါတယ်။ ဩဂုတ်လထဲမှာ ကူးစက်ခံရတာ ဖြစ်ပြီး သူ့မိတ်ဆွေနဲ့ မိသားစုဝင်တွေဆီက ကူးစက်ခံရဖွယ် ရှိတယ်လို့ ပြောခဲ့ပါတယ်။ သူ့ဇနီးနဲ့ သမီးငယ်နှစ်ဦးလည်း COVID-19 ကူးစက်ခံခဲ့ရပါတယ်။
(၃) ချားလ်စ်မင်းသား

Photo: zestradar
အင်္ဂလန်ရဲ့ နန်းမွေခံ ချားလ်စ်မင်းသားလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပါတယ်။ သူကတော့ မတ်လထဲမှာ ကျင်းပခဲ့တဲ့ COVID Death & Despair Party မှာ ကူးစက်ခံခဲ့ရတာပါ။ ချားလ်စ်မင်းသားဟာ အနံ့အရသာတွေ ပြန်ရဖို့ လနဲ့ချီ ကုသမှုခံယူခဲ့ရပါတယ်။
(၄) ဘောရစ်ဂျွန်ဆင်

Photo: zestradar
ဗြိတိန်ဝန်ကြီးချုပ်သစ် ဘောရစ်ဂျွန်ဆင်လည်း ကိုဗစ်ကြောင့် ဆေးရုံတက်ခဲ့ရပါတယ်။ ရက်အနည်းကြာ ဆေးရုံတက်ပြီးနောက် ပြန်သက်သာလာခဲ့ပါတယ်။
(၅) ခရစ္စတီယာနို ရော်နယ်ဒို

Photo: zestradar
အောက်တိုဘာလထဲမှာ COVID-19 positive ဖြစ်ကြောင်း တွေ့ခဲ့ပြီးနောက် ခရစ္စတီယာနို ရော်နယ်ဒိုကို အီတလီနိုင်ငံ တူရင်မြို့ကို လူနာတင် ရဟတ်ယာဉ်နဲ့ အမြန်ခေါ်ဆောင်သွားခဲ့ရပါတယ်။ ၁၉ ရက်အကြာမှာ သူဟာ COVID-19 ကနေ သက်သာပျောက်ကင်းခဲ့တာပါ။
(၆) ကန်နီးဝက်စ်

Photo: zestradar
နာမည်ကျော် ရက်ပါတစ်ဦး ဖြစ်တဲ့ ကန်နီးဝက်စ်ဟာ ဖေဖော်ဝါရီလထဲမှာ ကိုရိုနာဗိုင်းရပ်စ်လက္ခဏာတွေ ခံစားခဲ့ရတယ်လို့ ဇူလိုင်လထဲမှာ ကြေညာခဲ့ပါတယ်။ သူ့ကို ပြုစုတာက သူ့ဇနီး ကင်မ်ကာဒါရှီယန်ဖြစ်ပါတယ်။
(၇) နိုဗက် ဂျိုကိုဗစ်

Photo: zestradar
ခေတ်အဆက်ဆက် အကြီးကျယ်ဆုံး တင်းနစ်သမားတွေထဲက တစ်ဦးဖြစ်တဲ့ ဂျိုကိုဗစ်လည်း ဇွန်လထဲမှာ COVID-19 ကူးစက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့နံပါတ်တစ် တင်းနစ်အကျော်အမော်ဟာ ခရိုအေးရှားနဲ့ ဆားဘီးယားပွဲအပြီးမှာ COVID-19 ကူးစက်ခံခဲ့ရတာ ဖြစ်ပြီး သူ့ဇနီးလည်း COVID-19 ကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။
