တက်တူးများသည် လူကြိုက်များသော အနုပညာဖန်တီးမှုတစ်ရပ်ဖြစ်ပြီး မြောက်မြားစွာသော ကမ္ဘာကျော်အနုပညာရှင်တွေသည်လည်း သူတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာ တက်တူးများ ရေးထိုးကာ အနုပညာဖန်တီးကြပါတယ်။
ထိုအနုပညာရှင်များသည် ဘယ်လိုရည်ရွယ်ချက်နဲ့ တက်တူးရေးထိုးကြသလဲ။ ဘယ်လိုအမိုက်စား တက်တူးဒီဇိုင်းတွေကို ရေးထိုးကြသလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။
Scarlett Johansson နဲ့ သူ(မ)ရဲ့တက်တူး

ဖိုက်တင်ကျွမ်းတဲ့ Black Widow ကတော့ သူ(မ)ရဲ့ ကျောပြင်ပေါ်မှာ နှင်းဆီပုံတက်တူးကို ရေးထိုးထားတာဖြစ်ပါတယ်။ ထိုတက်တူးကတော့ သူ(မ)ရဲ့ သမီးလေး Rose ကို ကိုယ်စားပြုပါတယ်။
ထိုတက်တူးအပြင် သူ(မ)ရဲ့ နံရိုးပေါ်မှာ Lucky You ဆိုတဲ့ စာသားနဲ့ တွဲဖက်ရေးထိုးထားတဲ့ မြင်းခွာပုံတက်တူး၊ လက်မောင်းပေါ်တွင် နေထွက်နေသောပုံ၊ ခြေကျင်းဝတ်းတွင် စက်ဝိုင်းပုံတက်တူးနှစ်ခုနှင့် ပန်းပွင့်ပုံများကိုလ်ညး ရေးထိုးထားပါတယ်။
Justin Bieber နဲ့ တက်တူးများ

JB သည်လည်း သူ့ခန္ဓာကိုယ်အနှံ့မှာ တက်တူးအမြောက်အမြား ရေးထိုးထားတာကို တွေ့ရပါတယ်။ အထင်ရှားဆုံးတစ်ခုကတော့ ခြေသလုံးမှာ ရေးထိုးထားတဲ့ ယေရှုပုံတူ တက်တူးပဲ ဖြစ်ပါတယ်။
Rihanna

ကမ္ဘာကျော်အဆိုတော် Rihanna ကတော့ သူ(မ)ရဲ့ ဆုံးသွားပြီဖြစ်သော အဘွားကို သတိရအောက်မေ့တဲ့အနေနဲ့ အီဂျစ်နတ်ဘုရားမတစ်ပါးဖြစ်တဲ့ Isis ပုံကို တက်တူးရေးထိုးထားပါတယ်။ ဒါ့အပြင် သူ(မ) လက်ပေါ်မှာ ဟယ်နာတက်တူး၊ ကျောပြင်ပေါ်တွင် ကြယ်ပုံတက်တူးများ၊ ခြေကျင်းဝတ်ပေါ်တွင် ငါးမန်းပုံတက်တူးများကို ရေးထိုးထားပါတယ်။
Johnny Depp

Johnny Depp သည် သူ့ခန္ဓာကိုယ်ပေါ်မှာ တက်တူးပေါင်း အခု ၃၀ ကျော်လောက် ရေးထိုးထားတာဖြစ်ပါတယ်။ ထိုတက်တူးများထဲမှာ ပျံလွှားငှက်ပုံတက်တူးကတော့ Pirates Of The Caribbean နဲ့ သူ့ရဲ့သားကို ကိုယ်စားပြုကာ ရေးထိုးထားတာဖြစ်ပါတယ်။
Cara Delevingne

အောင်မြင်ကျော်ကြားတဲ့မော်ဒယ် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Cara Delevingne ကတော့ လက်ချောင်းပေါ်တွင် ခြင်္သေ့ပုံတက်တူးအပြင် နောက်ကျောပေါ်တွင် မျက်လုံးပုံတက်တူး၊ လက်မောင်းပေါ်တွင် ဆင်ပုံတက်တူးနှင့် နောက်လက်မောင်းတစ်ဖက်ပေါ်တွင် မြွှေပုံတက်တူးတို့ကို ရေးထိုးထားပါတယ်။
Harry Styles

Harry Styles ဆီမှာတော့ တက်တူး အခု ၄၀ ကျော် ရှိတဲ့အနက် အကြီးဆုံး တက်တူးကတော့ ရင်အုပ်ပေါ်တွင် ရေးထိုးထားတဲ့ လိပ်ပြာပုံတက်တူးပဲဖြစ်ပါတယ်။
Paris Jackson

ပေါ့ပ်ဘုရင်ကြီး မိုက်ကယ်ဂျက်ဆင်ရဲ့သမီးဖြစ်သူကတော့ သူ(မ)ရဲ့ခန္ဓာကိုယ်ပေါ်မှာ တက်တူးပေါင်း အခု ၅၀ ခန့် ရေးထိုးထားပြီး ထိုတက်တူးများအနက် တက်တူး ၉ ခုကတော့ သူ(မ)ရဲ့အဖေကို သတိရအောက်မေ့တဲ့အနေနဲ့ ရေးထိုးထားတာဖြစ်ပါတယ်။
Adam Levine

Adam ရဲ့ ကျောပြင်ပေါ်မှာတော့ အရိုးခေါင်းကို ပိုက်ထားတဲ့ ရေသူမပုံတက်တူးအကြီးစားကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ထိုရေသူမတက်တူးသည် အချိန် ၆ လကြာအောင် ရေးထိုးခဲ့ရတာဖြစ်ပါတယ်။
Source: Insider.com
Featured Image Source: Insider.com
