Celes တွေလို့ ခေါ်ကြတဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေဟာ ကျော်ကြားမှုနဲ့ စီးပွားရှာကြပြီး သူတို့ရဲ့ လုပ်ငန်းတွေကလည်း အဝတ်အစားကနေ အစားအသောက်အထိ အမျိုးမျိုး ရှိတတ်ကြပါတယ်။ တချို့ Celes တွေကတော့ ငွေကြေးအမြတ်အစွန်းကို ကြည့်ပြီး လုပ်ငန်းတွေ ထောင်တတ်ကြသလို တချို့လည်း ဝါသနာနဲ့ နီးစပ်တဲ့ စီးပွားရေးဘက်ကို ခြေချတတ်ကြပါတယ်။
နာမည်ကြီးပုဂ္ဂိုလ်တွေရဲ့ စီးပွားရေး လုပ်ငန်းတွေထဲမှာ အမျိုးသားတွေအကြိုက် ယမကာလုပ်ငန်းကို Brands တပ် လုပ်ကြတဲ့ စီးပွားရေးလုပ်ငန်းတွေလည်း ပါဝင်ပါတယ်။ ဒီလို ယမကာအမှတ်တံဆိပ်တွေထဲကမှ ၂၀၂၂ အတွက် အကောင်းဆုံး Celebrity တွေပိုင် Liquor Brands ၅ ခုအကြောင်း ပြောပြချင်ပါတယ်။
(၁) Casamigos Blanco Tequila
Photo : thegentlemansjournal
အနောက်နိုင်ငံက နာမည်ကျော်ပုဂ္ဂိုလ်တွေ ယမကာစီးပွားရေးထဲ ဝင်ရောက်လာတဲ့အခါ မျက်စိအကျဆုံး Liquor အမျိုးအစားက တက်ကီလာလို့ ခေါ်တဲ့ မက္ကဆီကန် နာနာရိုင်းပင်က ထုတ်တဲ့ တက်ကီလာအရက်အမျိုးအစားပါပဲ။ တက်ကွီလာဟာ မက္ကဆီကိုအနောက်ပိုင်း ဂျာလစ္စကိုပြည်နယ်က Tequila ဆိုတဲ့ မြို့က စတင်ခဲ့တဲ့ ကမ္ဘာ့ရှက်ကီသမားတို့ အကြိုက် ယမကာအဖြစ် ကျော်ကြားလာသလို စီးပွားရေးအရလည်း Celes တွေ မျက်စိအကျဆုံး ယမကာအမျိုးအစား ပါပဲ။
နာမည်ကျော် ဟောလီဝုဒ်မင်းသားကြီး ဂျော့ချ်ကလူနီကလည်း Casamigos Blanco Tequila ဆိုပြီး တက်ကီလာ Brand တစ်မျိုး ဈေးကွက်တင်ထားပါတယ်။ အကယ်ဒမီ ၂ ဆုရှင် (သရုပ်ဆောင်အတွက် ၁ ဆု နဲ့ ထုတ်လုပ်သူ အဖြစ် ၁ ဆု) မင်းသားကြီးဟာ စီးပွားရေးအရလည်း အကွက်မြင်လို့ နာမည်ကျော်သူ ဖြစ်ပါတယ်။ ဟောလီဝုဒ်ရဲ့ A-List စာရင်းဝင် မင်းသားကြီးဟာ ငွေကြေးအရ အောင်မြင်တဲ့ ရုပ်ရှင်တွေ ရိုက်ခဲ့သလို အပြင်စီးပွားရေး အဖြစ် Casamigos တက်ကီလာကုမ္ပဏီကို တည်ထောင်ခဲ့ပါတယ်။
Casamigos တက်ကီလာကုမ္ပဏီကနေ သက်တမ်းနု Blanco ၊ ၂ လကနေ ၁ နှစ်အထိ ဝက်သစ်ချသားအဖြူ စည်ထဲမှာ သိမ်းထားတဲ့ Reposado နဲ့သက်တမ်း ပိုရင့်တဲ့ Añejo နဲ့ မက္ကဆီကန် Mezcal ဆိုပြီး တက်ကီလာ အမျိုးအစားတွေ ထုတ်ပါတယ်။ Blanco က ကော့တ်တေးလိုပဲ သိပ်မပြင်းဘဲ အလွတ်သောက်လို့ ရပါတယ်။ Reposado က စမုတ်ကီဆန်ပြီး ချိုမြမြစွက်ပါတယ်။ ဂျော့ချ်ကလူးနီရဲ့ တက်ကီလာ Brand Casamigos ဟာ အတော်ကြီး လူကြိုက်များခဲ့ပါတယ်။ နောက်တော့ ၂၀၁၇ ခုနှစ်မှာ Diageo ကို ဒေါ်လာ ၁ ဘီလျံနီးပါးဈေးနဲ့ လုပ်ငန်းလက်လွှဲ ရောင်းချခဲ့ပါတယ်။
(၂) Teremana Tequila
Photo : rollingstone
ကမ္ဘာကျော် ပရော်ဖက်ရှင်နယ် နပန်းသမားဟောင်းလည်းဖြစ် ၊ ဟောလီဝုဒ်ရဲ့ သရုပ်ဆောင်ကြေးအမြင့်ဆုံး မင်းသားတစ်လက်လည်း ဖြစ်တဲ့ The Rock ရဲ့ တက်ကီလာ အမှတ်တံဆိပ်ပါ။ Teremana တက်ကီလာအမှတ်တံဆိပ်ကတော့ Blanco အမျိုးအစားတွေ စတင် ထုတ်လုပ်ခဲ့ပြီး အခုဆို Reposado နဲ့ Anejo တက်ကီလာတွေလည်း ထုတ်လာပါတယ်။ ချဉ်မြမှု ၊ နာနတ်နံ့ နဲ့ စပ်ရှရှ တက်ကီလာကိုမှ Easy-Drinking Spirit အဖြစ် ပြန်ထုတ်ထားတာပါ။
နွေရာသီမှာ ကော့တ်တေးအစား ခပ်ပြင်းပြင်းနဲ့ ပေါ့ပေါ့ပါးပါး ရင်သိပ်မပူတဲ့ ယမကာအမျိုးအစား ကြိုက်သူတွေအတွက် ဒီတက်ကီလာက ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်နိုင်ပါတယ်။ Teremana Blanco တက်ကီလာတေါဟာ Margarita လိုမျိုး ကော့တ်တေးတွေ လုပ်ရာမှာ အလိုက်ဖက်ဆုံး တက်ကီလာအဖြစ် ညွှန်းထားကြပါတယ်။ မင်းသားကြီး The Rock (ဒွိုန်းဂျွန်ဆင်) က ဒီလုပ်ငန်းကို သူ့ရဲ့ အစုစပ် ငါးဦးနဲ့ ထောင်ထားတာ ဖြစ်ပြီး သူက အမှတ်တံဆိပ်ရဲ့ အစုရှယ်ယာ ၃၀% ပိုင်ဆိုင်ပါတယ်။
(၃) Aviation Gin
Photo : thedrinksbusiness
ဆယ်ကျော်သက်အရွယ်ကတည်းက သရုပ်ဆောင်လောကထဲ ဝင်ရောက်လာခဲ့တဲ့ ကနေဒါမင်းသားကြီး ရိုင်ယန် ရေးနိုးစ် ရင်းနှီးမြှပ်နှံထားတဲ့ ယမကာလုပ်ငန်း ဖြစ်ပါတယ်။ မင်းသားကြီး ရိုင်ယန် ရေးနိုးစ်ကို Deadpool မင်းသားလို့လည်း လူသိများပါတယ်။ တခြား နာမည်ကျော်ကြားသူတွေအတိုင်းပဲ ရေးနိုးစ်လည်း ရုပ်ရှင်ပြင်ပ စီးပွားရေး ရင်းနှီးမြှပ်နှံမှုတွေ လုပ်ပါတယ်။ ဒီထဲမှာ Aviation Gin လုပ်ငန်းလည်း ပါပါတယ်။
ရေးနိုးစ်အနေနဲ့ ၂၀၁၈ ခုနှစ်မှာ Aviation American Gin ကို မြည်းစမ်းကြည့်မိရာကနေ သဘောကျသွားပြီးနောက် ဒီလုပ်ငန်းမှာ ရင်းနှီးမြှပ်နှံဖြစ်လာတာလို့ ဆိုပါတယ်။ ပိုလန်နိုင်ငံမှာ ရှိတဲ့ Aviation Gin ရဲ့ ရှယ်ယာတွေ ရေးနိုးစ် ဝယ်ပြီးနောက် နှစ်နှစ်ခန့်အကြာမှာ ဒီကုမ္ပဏီရဲ့ မိခင်လုပ်ငန်း Davos Brands ဆီကနေ ဒေါ်လာသန်း ၆၁၀ ဈေးနဲ့ ဗြိတိန်ယမကာလုပ်ငန်း Diageo က လက်လွှဲဝယ်ယူပါတယ်။
Diageo ဆိုတာ ဂျော့ချ်ကလူနီရဲ့ Casamigos တက်ကီလာ Brand ကို ဝယ်ခဲ့တဲ့ လုပ်ငန်းဖြစ်သလို နာမည်ကျော် ဂျွန်နီ ဝေါ့ကား ၊ Smirnoff နဲ့ Tanqueray တို့ကိုပါ ဝယ်ထားတဲ့ လုပ်ငန်း ဖြစ်ပါတယ်။ ရိုင်ယန် ရေးနိုးစ်ကတော့ Aviation Gin အမှတ်တံဆိပ်ရဲ့ ပူးတွဲပိုင်ရှင် ဖြစ်လာပြီး အမှတ်တံဆိပ်သံတမန်အဖြစ် ဆက်ရှိနေခဲ့ပါတယ်။
(၄) Wild Turkey Longbranch
Photo : kvue
Wild Turkey Longbranch ဆိုတဲ့ ကင်တက်ကီ ဘော်ဘွန်းဝီစကီလုပ်ငန်းမှာ ဟောလီဝုဒ်မင်းသားကြီး မက်သရူး မက်စ်ကိုနော့ဟေးလ်လည်း ပိုင်ဆိုင်ပါတယ်။ မက်စ်ကိုနော့ဟေးလ်ဟာ ၂၀၁၆ ကစပြီး Wild Turkey မှာ Creative Director အဖြစ် ပါလာပါတယ်။ Wild Turkey အတွက် ကော်မာရှယ် ကြော်ငြာတွေပါ သူဦးစီးပြီး ဖန်တီးပါတယ်။ Wild Turkey Bourbon တွေဟာ ၈ နှစ်သားတွေ ဖြစ်ပြီး တောက်ပတဲ့ ရွှေရောင်ကာလာနဲ့ လာပြီး ဗင်နီလာသစ်ခွနဲ့ သစ်မွှေးအနံ့ကို အချိုးကျကျ ရောစပ်ထားတဲ့ အနံ့မျိုးကြောင့် ထင်ရှားပါတယ်။
(၅) Cincoro Blanco Tequila
Photo : mensjournal
ဒီတက်ကီလာက ထူးထူးခြားခြား NBA လောကသား ၅ ယောက်ရဲ့ Brand ပါ။ နာမည်ကျော် NBA ဂန္ဓဝင်ကစားသမား မိုက်ကယ် ဂျော်ဒန် ၊ လော့စ်အိန်ဂျလိစ် Lakers of The National Basketball အသင်း ပိုင်ရှင်နဲ့ ဥက္ကဌ ဂျင်းနီး ဘတ်စ် ၊ မီလ်ဝေါကီ အခြေစိုက် Milwaukee Bucks NBA အသင်း သူဌေး ဝက်စ်လေ ရောဘတ် အီဒင် ၊ NBA အသင်းတစ်သင်းဖြစ်တဲ့ Boston Celtics အသင်း ပိုင်ရှင် ဝိုက်စ် ဂရော့စ်ဘက်ခ် နဲ့ သူ့ဇနီး အမ်မီလီယာ ဖက်ဇာလာရီတို့ ပိုင်ဆိုင်တာပါ။
သူတို့ ၅ ဦး ပေါင်းပြီး ထောင်ထားတဲ့ Cincoro Blanco တက်ကီလာဟာ ပရီမီယံတန်းဝင် တက်ကီလာဖြစ်ပြီး Mixer မလိုဘဲ သောက်နိုင်တဲ့ Blanco အမျိုးအစား တက်ကီလာတွေ ဖြစ်ပါတယ်။ ဒီ Brand ကတော့ ၂၀၁၉ ခုနှစ်က စတင်ခဲ့တာ ဖြစ်လို့ သက်တမ်းနုသေးတဲ့ တက်ကီလာကုမ္ပဏီဖြစ်ပြီး ဈေးကွက် ၁၂ ခုမှာ ဝင်ရောက်ထားတယ်လို့ ဆိုပါတယ်။
Featured Photo : thedrinksbusiness