ဆံကေသာဆိုတာက လူသားတွေအတွက် ဒုတိယမျက်နှာလို့ တင်စားခေါ်ဝေါ်လေ့ရှိကြပါတယ်။ ဆံပင်စတိုင်လ်တွေကလည်း သူ့ခေတ်သူ့အခါနဲ့ စတိုင်လ်အမျိုးမျိုးခေတ်စားလျက်ရှိပါတယ်။ ရှေးမြန်မာအမျိုးသားတွေကဆိုရင် ယနေ့ခေတ်အမျိုးသမီးများကဲ့သို့ပင် ဆံကေသာကို အမြတ်တနိုးထားလေ့ရှိတာကြောင့် သျှောင်ထုံးများထုံးလေ့ရှိတယ်လို့ စာအုပ်များမှတစ်ဆင့်၊ ရှေးလူကြီးများကနေ တစ်ဆင့်စကား တစ်ဆင့်နား ပြောကြားရင်းသိရှိပြီးဖြစ်ပါတယ်။

သို့ပေမယ့် ယနေ့ခေတ်ရာသီဥတုအရရော၊ ဖက်ရှင်ရေစီးကြောင်းအရပါ သျှောင်ထုံး ထုံးဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ထားမယ်ဆိုရင်တောင် လူထူးလူဆန်းအဖြစ်အကြည့်ခံရမှာပါ။ လူထူးလူဆန်းအဖြစ်အကြည့်မခံချင်ဘူး၊ ဖက်ရှင်ကျတဲ့အမျိုးသားအဖြစ်အကြည့်ခံချင်တယ်ဆိုရင်တော့ ဆံပင်စတိုင်လ်ကို အမြဲတမ်းသထားဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ဆံပင်စတိုင်လ်ပြောင်းဖို့ ပြင်နေတဲ့အမျိုးသားတွေအတွက် ကမ္ဘာကျော်အနုပညာရှင်တွေရဲ့ အမိုက်စားဆံပင်စတိုင်လ်ကို လေ့လာနည်းယူလို့ရအောင်လို့ ဝေမျှပေးလိုက်ပါတယ်။

David Beckham

သူ့ဆံပင်စတိုင်လ်ကတော့ ဘေးနှစ်ဖက်မှာ ဆံပင်ကပ်ကပ်လေးညှပ်ထားပြီး အလယ်ကဆံပင်ကိုတော့ အနောက်ကို လှန်ဖြီးထားတဲ့စတိုင်လ်ပါ။ ပါးသိုင်းမွှေးခပ်ရေးရေးလေးထားမယ့်ကွီးတွေ၊ ဒါမှမဟုတ် မျက်လုံးအကြည့်စူးရှတဲ့ ကွီးတွေနဲ့ လိုက်ဖက်မှုရှိပါတယ်။

Brad Pitt

ဘရက်ဒ်ပစ်ရဲ့ဆံပင်ကတော့ အပြင်ထွက်ခါနီးတိုင်း ဂျယ်လ်နိုင်နိုင်သုံးပြီး ရှိုးထုတ်မှရမယ့် ဆံပင်စတိုင်လ်မျိုးပဲဖြစ်ပါတယ်။ မျက်နှာအနည်းငယ်ပြည့်တဲ့အမျိုးသားများနဲ့ လိုက်ဖက်ပါတယ်။

Justin Bieber

ကောင်မလေးတွေအသည်းကျော် ဂျက်စတင်ဘီဘာရဲ့ ဆံပင်စတိုင်လ်ကတော့ ဆယ်ကျော်သက်အမျိုးသားများနဲ့ လိုက်ဖက်ပါတယ်။ တကယ်လို့ သင်ခရက်ရှ်နေတဲ့ ကောင်မလေးက ဂျက်စတင်ဘီဘာကို အသည်းစွဲကြိုက်နှစ်သက်တယ်ဆိုရင်တော့ ဒီဆံပင်စတိုင်လ်က သူမရဲ့စိတ်ဝင်စားမှုကိုရရှိနိုင်အောင် ကူညီပေးမှာပါ။

Zac Efron

ဒီဆံပင်ကေကတော့ ခုနကေတွေလိုမျိုး သပ်သပ်ရပ်ရပ်နဲ့ ဂျယ်လ်လိမ်းပြီး ဖြီးစရာမလိုတော့ပါဘူး။ ဂျယ်လ်လိမ်းရတာ မကြိုက်တဲ့အမျိုးသားတွေ ရွေးချယ်ပြီးညှပ်သင့်တဲ့ စတိုင်လ်ပဲဖြစ်ပါတယ်။

Cristiano Ronaldo

ရော်နယ်ဒိုရဲ့ အမာခံပရိသတ်တွေကတော့ သူ့အတိုင်းတစ်ထပ်တည်းလိုက်ညှပ်လေ့ရှိပါတယ်။ ကွီးတို့လည်း ကြိုက်နှစ်သက်တယ်ဆိုရင် ညှပ်ကြည့်ဖို့ အားပေးပါတယ်။

Justin Timberlake

ဂျက်စတင် တင်းဘားလိပ်ခ်ရဲ့ ဆံပင်ကေကတော့ မျက်နှာဝိုင်းတဲ့ အမျိုးသားများနဲ့ လိုက်ဖက်မှုရှိပါတယ်။

Adam Levine

Adam ရဲ့ ဆံပင်ကေကတော့ ဆံပင်အနည်းငယ်ထောင်ထားပြီး ခပ်စောင်းစောင်းလေး ဖြီးထားရပါမယ်။ သူလည်း ဂျယ်လ်နိုင်နိုင်သုံးမှ အမိုက်စားကေကို ရမှာပါ။

Zayn Malik

ဆယ်ကျော်သက်အမျိုးသားတွေနဲ့ လိုက်ဖက်မှုရှိတဲ့ ဆံပင်ကေပါ။

Nick Jonas

ကတုံးဆံတောက်ကေကနေ နည်းနည်းရှည်လာတဲ့ ဆံပင်ကေပဲဖြစ်ပါတယ်။ မျက်နှာရှည်ရှည်သွယ်သွယ် အမျိုးသားများနဲ့ လိုက်ဖက်ပါတယ်။

Ryan Gosling

သပ်သပ်ရပ်ရပ်နဲ့ဘေးခွဲထားတဲ့ ဆံပင်ကေပဲဖြစ်ပါတယ်။ ဘယ်မျက်နှာပုံစံမျိုးနဲ့မဆိုလိုက်ဖက်မှုရှိတဲ့ကေပဲဖြစ်ပါတယ်။

Bradley Cooper

အရမ်းလည်း မတိုလွန်းမရှည်လွန်းတဲ့ ဆံပင်ကေညှပ်ချင်တယ်ဆိုရင်တော့ ဒီကေလေးစမ်းညှပ်ကြည့်ပါ။ ဆံပင်နဂိုကောက်သမားတွေအတွက် သင့်တော်ပါတယ်။

Chris Hemsworth

ဆံပင်အရှည်ထားရတာ ကြိုက်နှစ်သက်တဲ့အမျိုးသားတွေအတွက် Chris ရဲ့ ဆံပင်က ကွက်တိကျမှာပါ။ ဆံပင်အရှည်ထားမယ်ဆိုရင်တော့ ဆံကေသာထိန်းသိမ်းမှုကိုလည်း ဂရုတစိုက်လုပ်ပေးဖို့ မမေ့ပါနဲ့။ နို့မဟုတ်ရင်တော့ သင့်ပုံစံက ဆံပင်ဘုတ်သိုက်နဲ့ မသပ်မရပ်ဖြစ်နေတတ်ပါတယ်။

Source: menshairstylestoday.com