လောကမှာ နာမည်တူမရှား လူတူမရှားဆိုတာ အများကြီးရှိပါတယ်။ ဒီနေ့ဖော်ပြပေးမယ့် အနုပညာရှင်တွေကတော့ သူတို့ရဲ့ မိဘတွေရဲ့ ငယ်စဉ်က ရုပ်ရည်တွေနဲ့ အံ့သြစရာကောင်းလောက်အောင်ကို တစ်ပုံစံတည်းတူနေကြတာပါ။ ဘယ်အနုပညာရှင်တွေလည်းဆိုတာ ဆက်ဖတ်ကြည့်လိုက်ပါအုန်းနော်။

(၁) ကလင့်အိစ်ဝုနဲ့ စကော့အိစ်ဝု

ကလင့်အိစ်ဝု ရဲ့ သားဖြစ်သူ စကော့အိစ်ဝု ဟာ သူဖခင်လောက်နာမည်ကျော်ကြားမှုကို မမှီသေးပေမယ့် ရုပ်ရည်ရူပကာပိုင်းကတော့ ဖခင်ဖြစ်သူနဲ့လုံးဝတူညီနေပါတယ်။ လက်ရှိမှာ စကော့ဟာဖခင်ကိုမယှဉ်နိုင် သေးပေမယ့် ပါရမီရှိတဲ့လူငယ်တယောက်ဖြစ်ပြီး သူမိဘတွေဆီကအရည်အချင်းကောင်းတွေလဲရရှိထား တဲ့လူငယ်တဦးဖြစ်ပါတယ်။

(၂) ဂျနီဖာဝိန်းနဲ့ ဂျွန်းဝိန်း

ဂျွန်းဝိန်းဟာ အံ့အားသင့်စရာဇာတ်လမ်းကောင်းများစွာနဲ့ ပရိသတ်တွေရဲ့အားပေးမှုကိုရရှိထားတဲ့ဝါရင့်သရုပ် ဆောင်ကြီး ဖြစ်ပြီး ယခုအခါ မြေးမလေးဖြစ်သူ ဂျနီဖာဝိန်းက သူ့ခြေရာနင်းဖို့ဖြစ်လာခဲ့ပါပြီ။ သူမက အဆိုတော် တေးရေးဆရာအဖြစ်နဲ့ ဒီလောကကထဲကိုဝင်ရောက်လာတာဖြစ်ပါတယ်။ ဂျွန်းဝိန်းက ဂျနီဖာမမွေးခင် သုံးနှစ် လောက်မှာဆုံးပါးသွားတာဖြစ်ပေမယ့် သူတို့မြေးအဘိုးကြားမှာ နက်ရှိုင်းတဲ့ဆက်သွယ်မှုတေရှိနေပါတယ်။

(၃) ချက်မက်ကွင်းနဲ့ စတိဗ်မက်ကွင်း

နောက်ထပ် အနုပညာရှင် သားအဖကတော့ ချက်မက်ကွင်းနဲ့ စတိဗ်မက်ကွင်း သားအဖဖြစ်ပါတယ်။ ဒါပေမယ့် ဖခင်ဖြစ်သူစတိဗ်မက်ကွင်းက သူ့ရဲ့အသက်မွေးကျောင်းလမ်းတလျှောက် အထွတ်အထိပ်ရောက်ခဲ့ပေမယ့် စတိဗ်ကတော့ သူ့ဖခင်ရဲ့အောင်မြင်မှုကိုခြေရာမနင်းနိုင်ခဲ့ပါဘူး။

(၄) ရေးလ်နစ်ကိုးလ်ဆန်းနဲ့ ဂျက်နစ်ကိုးလ်ဆန်း

အနုပညာရှင်တဦးဖြစ်တဲ့ ဂျက်ဟာ အဖေဖြစ်သူရေးလ်နဲ့မကြာခနတွဲသွားတွဲလာရှိပြီးတော့ ဖခင်ရဲ့ကြည့်ကောင်းတဲ့သွင်ပြင်ကိုဆက်ခံထားတဲ့ အနုပညာရှင်ဖြစ်ပါတယ်။ ဖခင်ဖြစ်သူ ရေးလ်ကလဲသားဖြစ်သူအတွက် ငွေကြေးဆိုင်ရာအကြံညာဏ်တွေကိုပေးတတ်ပြီး ဂျက်ကသူ့အတွက်အရေးကြီးတဲ့သူဖြစ်တယ်လို့ဆိုပါတယ်။ ဒီအနုပညာရှင် သားအဖရဲ့သွင်ပြင်ကတော့ တကယ့်ကိုတူနေတာပါ။

(၅) ဘင်ဂျမင်နဲ့ အဲဗစ်ပရက်စ်လေ

ရော့အန်ရိုးဘုရင်အဲဗစ်ပရက်စ်လေနဲ့ သူ့ရဲ့ဇနီး ပရစ်ဆီလီယာတို့ရဲ့ တဦးတည်းသောသမီးဖြစ်သူ လီဆာကဖခင်ဖြစ်သူကို အသက် ၉နှစ်အရွယ်မှာပဲဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ လီဆာမှာ သားသမီး ၄ယောက်ရှိပြီး သားအကြီးဆုံးဘင်ဂျမင်က အဘိုးဖြစ်သူ အဲဗစ်ပရက်စ်လေနဲ့ အတော်လေးတူပါတယ်။ ဒါပေမယ့် ဘင်ဂျမင်က အနုပညာလောကထဲကိုတော့ မဝင်သေးပါဘူး။