နယ်ပယ်တစ်ခုမှာ နယ်ပယ်ကျော်ကြားလာတဲ့သူတွေဟာ သူတို့ရဲ့ ကျော်ကြားမှုကို အရင်းခံပြီး စီးပွားရေးလုပ်တာ မဆန်းပါဘူး။ နာမည်ကြီး မင်းသားမင်းသမီးတွေထဲမှာ တချို့က အဝတ်အစားရောင်းတယ် ၊ တချို့ဆို လက်ဝတ်ရတနာတွေ ရောင်းတယ် ၊ အခုပြောမယ့်လူတွေကတော့ အရက်ပါ ရောင်းပါတယ်။
နာမည်ကြီး မင်းသားတွေ အဆိုတော်တွေပိုင်တဲ့ Liquor Brands တွေအကြောင်းကို ဗဟုသုတအနေနဲ့ မျှဝေလိုက်ပါတယ်။
(၁) Sauza 901 Triple-Distilled Tequila

Photo: Ties
ဒီတက်ကီလာအမှတ်တံဆိပ်ကို နာမည်ကျော်အဆိုတော် ဂျက်စတင်တင်းဘားလိတ်ခ်က ၂၀၀၉ ခုနှစ်မှာ သူ့စီးပွားဖက်ဖြစ်တဲ့ ကက်ဗင် ရူဒါနဲ့ တွဲပြီး ဖြန့်ချိခဲ့တာပါ။ စပြီး ဖြန့်ချိချိန်က 901 Tequila လို့ ဖြစ်ပြီး ၂၀၁၄ မှာ ဒီကုမ္ပဏီမှာ Beam Inc ကနေ ရှယ်ယာအများစု ဝယ်ပြီးနောက် ကုမ္ပဏီအမှတ်တံဆိပ်ကို သူ့ရဲ့ Sauza Tequila နဲ့ ပေါင်းစည်းပြီး Sauza 901 လို့ နာမည်ပြောင်းခဲ့တာပါ။ ဒီတက်ကီလာကို အနည်းဆုံး ၇ နှစ် သက်တမ်းရှိတဲ့ Blue Weber နာနတ်ရိုင်းပင်ကနေ ထုတ်ထားတာ ဖြစ်ပြီး နှစ်အိုးဆင့် ပေါင်းခံနည်းနဲ့ ပေါင်းခံထုတ်လုပ်ထားတာပါ။
(၂) Casamigos Reposado Tequila

Photo: Ties
နာမည်ကြီး အနုပညာသမားတွေထဲမှာ တက်ကီလာကို ဓါတ်ကျတဲ့ နောက်တစ်ဦးက မင်းသားကြီး ဂျော့ချ်ကလူနီ ဖြစ်ပါတယ်။ အကယ်ဒမီဆုရှင်ဟောလီဝုဒ်မင်းသားကြီးဟာ Casmigos တက်ကီလာအမှတ်တံဆိပ်ကို တည်ထောင်သူဖြစ်ပါတယ်။ ဒီကုမ္ပဏီကို မင်းသားကြီးဟာ ၂၀၁၃ ခုနှစ်ထဲမှာ သူ့စီးပွားဖက်ဖြစ်ဲ့ ရန်ဒီဂါဘာနဲ့ ပူးတွဲတည်ထောင်ခဲ့တာပါ။
ဂျော့ချ်ကလူနီဟာ တင်းဘားလိတ်ခ်လိုပဲ တက်ကီလာကြိုက်သူတစ်ဦး ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ နာမည်ကြီး အရက်ကုမ္ပဏီ Diageo ဟာ Casamigos ကို ဒေါ်လာသန်း ၇၀၀ နဲ့ ဝယ်ဖို့ ကမ်းလှမ်းခဲ့သလို တက်ကီလာရဲ့ စွမ်းဆောင်ရည်ပေါ်လိုက်ပြီး ၁၀နှစ်ကျော်အတွင်း နောက်ထပ် သန်း ၃၀၀ စုစုပေါင်း ဒေါ်လာ ၁ ဘီလျံ ပေးပြီး ဝယ်သွားခဲ့ပါတယ်။
(၃) Virginia Black American Whiskey

Photo: Ties
ဒေါ်လာ ၄၀ ဝန်းကျင်တန် ဝီစကီတွေ ထုတ်နေတဲ့ Brand ပါ။ Virgin Black ကို အမေရိကန်ရက်ပ်ပါ ဒရိတ်ခ်နဲ့ Deleon Tequila ကုမ္ပဏီတည်ထောင်သူ ဘရန့်ဟော့ကင်းတို့ ပူးပေါင်းတည်ထောင်ထားတာပါ။ အမေရိကန်ဘော်ဘွန်းဝီစကီအမျိုးအစား ဖြစ်ပြီး ၂၀၁၆ ခုနှစ်က စတင် တည်ထောင်ခဲ့တာပါ။ နှစ်နှစ်သား ၊ သုံးနှစ်သားနဲ့ လေးနှစ်သား ဘော်ဘွန်းတွေကို စပ်ထားတဲ့ Blend Whiskey ဖြစ်ပြီး အယ်လ်ကိုဟောပါဝင်မှု ၄၀% ရှိပါတယ်။
(၄) Wild Turkey Longbranch Kentucky Bourbon

Photo: Ties
မင်းသားကြီး မက်သရူး မက်စ်ကွန်နော့ဟေးလ်ရဲ့ Wild Turkey ဘော်ဘွန်းဝီစကီ ဖြစ်ပါတယ်။ တက္ကဆက်ဖွား မင်းသားကြီးဟာ Wild Turkey အမှတ်တံဆိပ်အောက်ကနေ ကင်တက်ကီဘော်ဘီအမျိုးအစားတွေ ထုတ်ပါတယ်။ ပုံမှန်ဘော်ဘွန်းတွေထက် နည်းနည်းအချိုပိုကဲလို့ အဝင်လည်း ညက်ပါတယ်။
