လူတိုင်း စမတ်ဖုန်း ကိုင်ကြတဲ့ ခေတ်မှာ ထိပ်ထိပ်ကြဲကျော်ကြားအောင်မြင်တဲ့သူတွေလည်း ဖုန်းကိုင်မှာပဲလို့ အလွယ်လေး တွေးမိကြမှာပါ။ ကျွန်တော်တို့ အထင်နဲ့ တက်တက်စင် လွဲတဲ့ Lifestyle နဲ့ နေနေကြတဲ့ နာမည်ကျော်တွေ ရှိနေတာကို သိရရင် စိတ်ဝင်စားကြမယ်လို့ ထင်ပါတယ်။
အခုပြောမယ့် ကမ္ဘာကျော် အမျိုးသား ၅ ဦးကတော့ ခေတ်ကြီးနဲ့ ပေယျာလကန်ပြုပြီး စမတ်ဖုန်း မကိုင်ဖို့ ဆုံးဖြတ်ချက်ချထားသူတွေ ဖြစ်ပါတယ်။

(၁) အယ်လ်တန်ဂျွန်

elton-john-cannes-2019-b-billboard-1548-compressed

Photo: Billiboard

ဆာဘွဲ့ရ သူကောင်းပြုခံ အင်္ဂလိပ်အဆိုတော်ကြီး အယ်လ်တန်ဂျွန်ဟာ စမတ်ဖုန်း မလိုဘူးလို့ တရားဝင်ပြောထားတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ၁၉၄၇ ဖွား အသက် ၇၄ နှစ်အရွယ် ဂန္ဓဝင်အဆိုတော်ကြီးအနေနဲ့ သူ့အရွယ်နဲ့ ဖုန်းကိုင်စရာအကြောင်းမရှိဘူးလို့ ယူဆထားသူလည်း ဖြစ်ပါတယ်။

(၂) တွမ်ခရုဇ်

tom cruise

Photo: KoiMoi

အအောင်မြင်ဆုံး ရုပ်ရှင်မင်းသားကြီးတွေထဲက တစ်ယောက်ဖြစ်တဲ့ မင်းသားကြီး တွမ်ခရုဇ်လည်း ဖုန်းမကိုင်သူ တစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ ကိုယ်ပိုင်ဖုန်း မထားဘဲ သူ့ အဖွဲ့သား လက်ထောက်တွေနဲ့ပဲ အလုပ်ကိစ္စတွေ ဖုန်းပြောဖို့ လွှဲထားသူလည်း ဖြစ်ပါတယ်။

(၃) ဆိုင်မွန် ကောဝဲလဲ

'America's Got Talent' Season 11 Kick off event, Los Angeles, America

Photo: Variety

ကမ္ဘာကျော် ပါရမီရှင်အဆိုတော်တွေ ရွေးချယ်မွေးထုတ်ပေးနေတဲ့ American Idol ၊ The X Factor နဲ့ America’s Got Talent တို့ရဲ့ အဓိက ဒိုင်တစ်ယောက်အဖြစ် နာမည်ကျော်တဲ့ ဆိုင်မွန်ကောဝဲလ်ဟာ ၂၀၁၇ ခုနှစ်က စပြီး ဖုန်းမကိုင်တော့ဖို့ ဆုံးဖြတ်လိုက်သူ ဖြစ်ပါတယ်။ သူ့ဖုန်းထဲ မရေနိုင်လောက်အောင် များပြားလှတဲ့ မက်ဆေ့တွေ ဝင်လာပြီးနောက် ကမ္ဘာကျော်ဂီတအစီအစဉ်ရဲ့ ဒိုင်လူကြီးဟာ ဖုန်းလုံးဝ မကိုင်တော့ဘူးလို့ ဆိုပါတယ်။

(၄) ဂျက်စတင်ဘီဘာ

justin bieber

Photo: Variety

ဂီတလောကမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ တဟုန်းထိုး အောင်မြင်ကျော်ကြားခဲ့သူ ဂျက်စတင်ဘီဘာလည်း ဖုန်းမကိုင်ဘူးလို့ ဆိုပါတယ်။ ဖုန်းအစား ဆက်သွယ်ရေးအတွက် တက်ဘလက် ဒါမှမဟုတ် iPad တစ်ခုခု ပဲ သုံးဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဒါတောင် သူ့ဆီကို ဆက်သွယ်နိုင်မယ့်လူကို ကန့်သတ်ထားသေးတယ်လို့ ပြောပါတယ်။

(၅) အက်ဒ် ရှီယန်

justin bieber

Photo: Billboards

နောက်ထပ် ဂီတလောကက ထိပ်ထိပ်ကြဲအဆိုတော်တစ်ဦးဖြစ်တဲ့ အက်ဒ်ရှီယန်မှာလည်း ဖုန်းမရှိပါဘူး။ သူ့ဆီကို အီးမေးလ်တစ်ခုတည်းနဲ့ပဲ ဆက်သွယ်လို့ ရနိုင်တယ်လို့ ဆိုပါတယ်။ ၂၀၁၅ ခုနှစ်ကတည်းက စပြီး သူဟာ လူမှုကွန်ရက်ဝက်ဘ်ဆိုက်တွေ အီလက်ထရွန်းနစ် Devices တွေနဲ့ အဆက်ဖြတ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

၂၀၁၇ ခုနှစ်မှာ ဖုန်းမကိုင်ဖို့ ဆုံးဖြတ်လိုက်ရတဲ့ အကြောင်းရင်းကတော့ စိတ်ဖိစီးမှု နည်းချင်တာကြောင့်လို့ ဆိုပါတယ်။ နောက်တော့ စိတ်ဖိစီးတာ သက်သာရာရစေမယ့် iPad တစ်လုံးဝယ်ပြီး အီးမေးလ်နဲ့ပဲ အလုပ်လုပ်တော့တာ ဖြစ်ပါတယ်။