PhD (Doctor of Philosophy) ဘွဲ့ရရင် တက္ကသိုလ်ဘွဲတွေ့ထဲမှာ ပညာရေးဆိုင်ရာအမြင့်ဆုံးဘွဲ့ရတာပဲလို့ သတ်မှတ်ကြပါတယ်။ PhD ဘွဲ့ရဖို့ ပညာရပ်ဆိုင်ရာ သုတေသနနဲ့ သင်ကြားရေးဆိုင်ရာပိုင်းတွေမှာ မှတ်တိုင်စိုက်ထူနိုင်တဲ့သူ ဖြစ်ဖို့ လိုပါတယ်။ ချွင်းချက်အနေနဲ့ တက္ကသိုလ်အသိုင်းအဝိုင်းထဲက မဟုတ်သလို ပညာရပ်ဆိုင်ရာသုတေသနလုပ်ရပ်တွေ မလုပ်ခဲ့ပေမယ့်လည်း ပြင်ပလောကမှာ သူတို့ရဲ့ ဩဇာနဲ့ အားထုတ်မှုကြောင့် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ရသူတွေလည်း ရှိပါတယ်။ အနုပညာပညာလောကမှာ ထင်ပေါ်ကျော်ကြားသူတွေထဲမှာလည်း ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ရပုဂ္ဂိုလ်တွေ ရှိပါတယ်။ ဒီထဲက နာမည်ကျော် အမျိုးသားအနုပညာရှင်တချို့အကြောင်း မျှဝေပေးချင်ပါတယ်။

(၁) John Legend

Photo: variety

All of Me အဆိုတော် ဂျွန်လီဂျန့်ဟာ ဂီတဘက်ဆိုင်ရာ ပါရဂူဘွဲ့ကို University of Pennsylvania မှ ၂၀၁၄ မှာ ရရှိခဲ့သူ ဖြစ်ပါတယ်။ ဂျွန်လီဂျန့်ဟာ မျိုးနဲ့ရိုးနဲ့ ဂီတဘက်မှာ ချွန်သူဖြစ်ပါတယ်။ နာမည်ကျော်ပုဂ္ဂိုလ်ဘဝမရောက်ခင် ၁၉၉၉ ခုနှစ်မှာ သူဟာ ပင်န်ဆယ်ဗေးနီးယားတက္ကသိုလ်မှာ ကျောင်းသားဖြစ်ခဲ့ပြီး ကျောင်းတွင်းဂီတတီးဝိုင်းတစ်ခုဖြစ်တဲ့ The Counterparts မှာ ဥက္ကဌနဲ့ ဂီတဒါရိုက်တာ အဖြစ် တာဝန်ယူခဲ့ပါတယ်။

(၂) Jack Nicholson

Photo: thespun

အသက် ၈၃ နှစ် ရှိပြီဖြစ်တဲ့ အမေရိကန် မင်းသားကြီးနဲ့ ရုပ်ရှင်ထုတ်လုပ်သူ ဂျက်ခ်နီကိုဆင်ဟာ အလွမ်းအသောအကြမ်း စရိုက်စုံ သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဟောလီးဝုဒ်လောကထဲ ခြေစုံပစ်ဝင်ဖို့အတွက် ပညာရေးကို လက်လွတ်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ နာမည်ကျော်ကြားတဲ့ သရုပ်ဆောင်ချက်တွေကို The Shining ၊ One Flew Over the Cuckoo’s Nest နဲ့ Batman ကားတွေမှာ တွေ့ရမှာပါ။
အော်စကာသုံးဆုရှင်နဲ့ Golden Globes ၆ ဆုရှင်ဖြစ်တဲ့သူဟာ ၂၀၁၁ ခုနှစ်မှာ Brown University မှ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်ခံရသူ ဖြစ်ပါတယ်။

(၃) Morgan Freeman

Photo: sustainability-times

ရုပ်ရှင်သမိုင်းမှာ အကောင်းဆုံး ဇာတ်ပို့မင်းသားကြီးတစ်ဦးအဖြစ် ညွှန်းလေ့ရှိတဲ့ မင်းသားကြီး မော်ဂန်ဖရီးမန်းဟာ ကိုယ်တိုင်ဒါရိုက်တာနဲ့ ထုတ်လုပ်သူလည်း လုပ်ပါတယ်။ မော်ဂန်ဖရီးမန်းဟာ ဂုဏ်ထူးဆောင် ဒေါက်တာဆုနှစ်ကြိမ် ရထားသူ ဖြစ်ပါတယ်။ တစ်ခုက Howard University က ရတာ Boston University ကလည်း သူ့ကို Doctorate of Humanities ဆုတစ်ဆု ချီးမြှင့်ထားပါတယ်။

(၄) Orlando Bloom

Photo: jakpost

အသက် ၄၄ နှစ်အရွယ် ဗြိတိန်မင်းသားချော အော်လန်ဒို ဘလွန်းမ်ကို Pirates of the Caribbean ၊ Lord of the Rings တို့နဲ့ ပိုပြီး လူသိများကြပါတယ်။ အော်လန်ဒိုဘလွန်းမ်ကို ဇန်နဝါရီ ၁၃ ၊ ၁၉၇၇ ခုနှစ်မှာ ယူကေနိုင်ငံ ကန်တာဘာရီမှာ မွေးဖွားခဲ့တာပါ။ ဗြိတိန်မင်းသားချော အော်လန်ဒိုဘလွန်းမ်ဟာ University of Kent ကနေ ဒေါက်တာဘွဲ့အပ်နှင်းခံရသူလည်း ဖြစ်ပါတယ်။

(၅) Ben Affleck

Photo; dailypioneer

အော်စကာနှစ်ဆုရှင် မင်းသားကြီး ဘန်အက်ဖ်လက်ခ်ကို Batman မင်းသားအဖြစ် The Suicide Squad နဲ့ Jusitce League စီးရီးတွေမှာလည်း နာမည်ကြီးပါတယ်။ ကိုယ်တိုင်က ဒါရိုက်တာ နဲ့ ထုတ်လုပ်သူအဖြစ်လည်း လုပ်ဆောင်တဲ့ မင်းသားကြီးဟာ ၂၀၁၃ ခုနှစ်က Brown University ကနေ ဂုဏ်ပြုတဲ့ Doctor of Fine Arts ဘွဲ့လည်း ရရှိထားပါတယ်။ ကောလိပ်ကျောင်းတစ်ဝက်တစ်ပျက်နဲ့ ထွက်ခဲ့တဲ့ ဘန်အက်ဖ်လက်ခ်ဟာ မတ်သ်ဒေမွန်နဲ့လည်း ငယ်ပေါင်းကြီးဖော်တစ်ဦး ဖြစ်ပါတယ်။

(၆) Robert De Niro

Photo: hollywoodreporter

ဂန်းစတားနဲ့ မာဖီးယားဇာတ်ကောင်တွေနဲ့ ကျော်ကြားခဲ့တဲ့ မင်းသားကြီး ရောဘတ်ဒီနီရိုးဟာ အော်စကာနဲ့ Golden Globe ဆုရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ စာနယ်ဇင်းသမားတွေကတော့ ရောဘတ်ဒီနီရိုးကို ဟောလီးဝုဒ်ပင်ဆင်စားအကြီးအကဲလို့ တင်စားပါတယ်။ အကြောင်းက သူဟာ ဘယ်တော့မှ သူ့အသက်ကို မဖုံးကွယ်ဘဲ သရုပ်ဆောင်တတ်လို့ ဖြစ်ပြီး အဖိုးကြိး ဇာတ်ရုပ်တွေနဲ့လည်း သရုပ်ဆောင်လေ့ရှိလို့ ဖြစ်ပါတယ်။ မင်းသားကြီးကို ၂၀၂၁ ခုနှစ်မှာ Gates College ကနေ Doctor of Fine Arts ဘွဲ့ထူးချီးမြှင့်ခဲ့ရပါတယ်။