ဖာဘရီဂတ်စ်ဟာ သူလက်တွဲလုပ်ခဲ့ရသမျှ မန်နေဂျာထဲမှာ အကောင်းဆုံးနည်းပြ နှစ်ဦးအဖြစ် အာဆင်ဝင်ဂါနှင့် မော်ရင်ဟိုတို့ကို ရွေးချယ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ မိုနာကိုအသင်းတွင် ကစားနေသည့် အဆိုပါကစားသမားဟာ အာဆင်နယ်၊ဘာစီလိုနာနှင့်ချဲလ်ဆီးအသင်းတို့တွင် ကစားခဲ့ဖူးပြီး အမှတ်ပေးဖလား တွေရရှိထားတာလည်းဖြစ်ပါတယ်။ စပိန်အသင်းနှင့်လည်း (၂၀၁၀) ကမ္ဘာ့ဖလားရရှိခဲ့ဖူးပြီး ယူရို (၂၀၀၈၊၂၀၁၂) ဖလားတို့လည်း ဆွတ်ခူးထားသူဖြစ်ပါတယ်။

ဒီလိုအောင်မြင်မူတွေရရှိခဲ့တာဟာ သူနဲ့အတူလက်တွဲလုပ်ခဲ့တဲ့ အသင်းမန်နေဂျာတွေရဲ့စွမ်းဆောင်ရည်တွေလည်း ပါဝင်ပြီး အဆိုပါ နည်းပြတွေထဲမှာ သူအကြိုက်ဆုံး နှစ်ဦးကိုရွေးထုတ်ခဲ့တာလည်းဖြစ်ပါတယ်။

PIC ALAN WALTER 140407 Premiership ARSENAL V BOLTON WANDERERS CESC FABREGAS CELEBRATES HIS GOAL WITH ARSENE WENGER

Photo : Just Arsenal

“ကျွန်တော် အကောင်းဆုံးဆိုတဲ့ မန်နေဂျာတွေနဲ့လက်တွဲပြီး အလုပ်လုပ်ဖူးပါတယ်။ အာဆင်ဝင်ဂါနဲ့မော်ရင်ဟိုကတော့ အကောင်းဆုံးပါ” ဆိုပြီး ဖာဘရီဂတ်စ်က သူ့ရဲ့ အင်စတာဂရမ် အကောင့်မှာ ပြောဆိုသွားခဲ့ပါတယ်။

အဆိုပါရွေးချယ်မူမှာ ဘာစီလိုနာအသင်းကိုအောင်မြင်မူတွေများစွာရယူပေးခဲ့တဲ့ နည်းပြဟောင်း ဂွာဒီယိုလာနဲ့ စပိန်အသင်းကို ကမ္ဘာ့ဖလားနှင့် ယူရိုဖလားတို့ရယူပေးခဲ့တဲ့ Vicente del Bosque တို့ကော ချန်လှပ်ထားခဲ့တာလည်းဖြစ်ပါတယ်။

ဘာစီလိုနာအသင်းကို ဂွာဒီယိုလာနည်းပြစဉ်အခါတုံးက ဖာဘရီဂတ်စ်ဟာ အသင်းနဲ့အတူ အဓိကဖလား (၆) လုံး ကိုင်မြောက်ခဲ့ဖူးပေမဲ့ ကစားသမားအနေနဲ့ စပိန်မြေမှာ ခြေစွမ်းပြနိူင်ခဲ့ခြင်းမရှိပဲ ရုန်းကန်နေခဲ့ရတာပါ။ ဖာဘရီဂတ်စ် အနေနဲ့ ဂွာဒီယိုလာနှင့်တွဲဖက်မညီခဲ့ပေမဲ့ ချဲလ်ဆီးတွင် ကစားခဲ့စဉ်မှာ မော်ရင်ဟိုနဲ့တော့ အဆင်ပြေနေခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

fabregas and Mourinho

Photo : Goal.com

“သူ့ကိုကျွန်တော် ချစ်တယ်။ သူ့အပေါ်မှာ ကျေးဇူးတွေရှိတယ်။ ဘာလို့လဲဆိုတော့ အခုကျွန်တော် ဒီအဆင့်ထိရောက်လာတာသူ့ကြောင့်ပါ။ ကျနော် ဒါကိုအမြဲတမ်းသတိရနေမှာပါ” ဆိုပြီး မော်ရင်ဟိုအပေါ်မှာ သူ့ရဲ့အမြင်ကို ပြောဆိုသွားခဲ့တာပါ။

ဖာဘရီဂတ်စ်ဟာ အာဆင်နယ်အသင်းမှာ (၂၀၀၃-၂၀၁၁) အထိကစားပေးခဲ့ပြီး (၂၁၂) ပွဲအထိကစားပေးထားပါတယ်။ အဲ့ဒီနောက်မှာတော့ ဘာကာ အသင်းဆီ (၂၀၁၁) ခုနှစ်တွင် ပြောင်းရွေ့သွားခဲ့ပြီး (၃) နှစ်ကြာကစားခဲ့ကာ (၂၀၁၄) ခုနှစ်မှာ ချဲလ်ဆီးအသင်းထံ ပြောင်းရွှေ့ကစားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းမှာ (၅) နှစ်ခန့်ကစားခဲ့ကာ (၂၀၁၉) ခုနှစ်တွင် မိုနာကိုအသင်းထံ ပြောင်းရွှေ့လာခဲ့ကာ ပြင်သစ်မြေမှာ လက်ရှိအထိ ကစားလျက်ရှိနေပါတယ်။

Featured Photo : Republika