လူတိုင်းလူတိုင်း ပျော်ရွှင်တဲ့ဘဝတစ်ခု ရဖို့ဆန္ဒရှိကြသူတွေချည်းပါပဲ။ တစ်ချို့ကဘာကြောင့်ဘဝမှာမပျော်ရတာလဲ ပျော်ရွှင်မှုပျောက်ဆုံးနေရတာလဲလို့ မေးခွန်းထုတ်ကြပါတယ်။ ဒီနေ့မှာတော့ သင်ပိုင်ဆိုင်ထားတဲ့ဘဝကို ပျော်ရွှင်မှုတွေဝန်းရံနေတဲ့ ဘဝတစ်ခုဖြစ်စေဖို့ သင်ကိုယ်တိုင်ပြောင်းလဲရမယ့် အချက်တွေကို ပြောပြပေးချင်ပါတယ်။
(၁) မကောင်းမြင်စိတ်ကိုပြောင်းလဲပါ

Source : Freepik
လူတစ်ယောက်ကို မကောင်းမြင်စိတ်တွေ ကြီးစိုးလာရင်အဲ့လူရဲ့ဘဝမှာ ပျော်ရွှင်မှုပျောက်ဆုံးသွားတက်ပါတယ်။ ကိစ္စတိုင်းကို မကောင်းမြင်တဲ့စိတ်က ရှေ့ကကာနေတဲ့ အတွက်ဘဝမှာ ပျော်ရွှင်စရာဆိုတာကလည်း တဖြေးဖြေးပျောက်ဆုံးသွားမှာသေချာပါတယ်။ ဒါကြောင့် သင့်အနေနဲ့ မကောင်းမြင်တက်တဲ့စိတ်တွေ အတွေးတွေရှိနေတယ်ဆိုရင် ဒီနေ့ပဲဖျောက်ဖျက်ပြီး အကောင်းမြင်စိတ်မွေးမြူခြင်းအလေ့အကျင့်ကို စတင်မွေးမြူလိုက်ပါ။
(၂) အတိတ်ကိုပြန်သွားခြင်းကိုရှောင်ကျဉ်ပါ

Source : Herbfacts
လူတိုင်းလူတိုင်း အတိတ်မှာမှားခဲ့တာတွေ မကောင်းတဲ့အရာတွေရှိကောင်းရှိပါတယ်။ အတိတ်က အမှားတွေအတွက်နောင်တရပွေးဆွေးနေခြင်းကို မရပ်တန့်ဘူးဆိုရင် သင့်ဘဝရဲ့ ပျော်ရွှင်စရာတွေကို ပျောက်ဆုံးပြီး စိတ်ဓာတ်ကျအားငယ်ခြင်းတွေသာရလာမှာပါ။ ဒါကြောင့် အတိတ်ကအရာတွေကို အကောင်းဆုံးသင်ခန်းစာတစ်ခုလို့ပဲသတ်မှတ်ပြီး ဒီလိုအမှားတွေထပ်မလုပ်မိအောင်သာ ဂရုစိုက်ဖို့အရေးကြီးပါတယ်။
(၃) အနာဂတ်ကိုပုံဖော်ပါ

Source : Xoso888
အတိတ်ကအဖြစ်အပျက်တွေကိုသင်ခန်းစာယူပြီးရင် အနာဂတ်ကိုအကောင်းဆုံးပုံဖော်နိုင်ဖို့လုပ်ဆောင်ရပါမယ်။ အနာဂတ်မှာကိုယ်ဖြစ်ချင်တဲ့အရာတွေလုပ်ဆောင်နိုင်ဖို့ အခုချိန်ကတည်းကစတင်ပြီး ကိုယ်ဘဝကိုစီမံဖို့လိုအပ်ပါတယ်။ ကိုယ့်ဘဝအတွက် ကောင်းမွန်တဲ့ အနာဂတ် Plan တစ်ခုရှိသူတွေဟာ အဆိုပါပန်းတိုင်ကိုရောက်ဖို့ ပျော်ရွှင်တက်ကြွစွာ ကြိုးစားလျောက်လှမ်းနေကြသူတွေဖြစ်ပါတယ်။
(၄) လူတွေကိုကူညီပါ

Source : Shutterstock
သင်ဟာသင်ပတ်ဝန်းကျင်ကိုလူတွေအပေါ် ဖာသိဖာသာပဲနေတက်သူတစ်ယောက်လား။ ဒါဆိုရင်တော့ ဒီနေ့ကစပြီး သင်ပတ်ဝန်းကျင်ကလူတွေကို အလေးထားပါ။ ကူညီပါ။ လူတွေကိုကူညီတက်ခြင်းက ကောင်းမွန်တဲ့လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး သင့်ကို ပျော်ရွှင်ကြည်နူးမှုတွေ့ရရှိခံစားလာစေမှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်တက်နိုင်သလောက် ပတ်ဝန်းကျင်ကိုလူတွေကို ကူညီပေးဖို့အကြံပြုချင်ပါတယ်။
