စိတ်ပညာရှင်တဦးရဲ့ အဆိုအရ အသက် ၂၀ ဝန်းကျင်အသက်အရွယ်ဟာ နောက်ထပ်ဆယ်စုနှစ်တွေကို သတ်မှတ်ပေးမယ့်အရွယ်ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သင့်ဘဝရဲ့အရေးကြီးတဲ့ ကိုယ်ရည်ကိုယ် သွေးတွေနဲ့ သက်မွေးဝမ်းကျောင်းအတွက် တစုံတခုဖြစ်လာမယ့်အရွယ်ဖြစ်လို့ပါပဲ။ အောက်မှာပြောပြထားတဲ့အချက်တွေက သင့်ရဲ့ရှေ့လျောက်ဘဝခရီးလမ်းမှာ ပိုကောင်းတဲ့ဘဝဖြစ်လာဖို့ သင့်ကိုယ်သင်ပြောင်းလဲသင့်တဲ့အချက်တွေပါ။
(၁) ပန်းတိုင်တွေကိုချရေးပါ
Source : Twenty20
သင့်ရဲ့အိမ်မက်ပန်းတိုင်တွေကိုချရေးတာက သင့်အတွက်ပိုသေချာစေပါတယ်လို့ ပညာရှင်တဦးကဆိုပါတယ်။ ဒါက သင့်စိတ်ထဲမှာရှိတဲ့ စိတ်ကူးမှန်သမျှကိုတကယ်ဖြစ်လာဖို့ တွန်းအားပေးနိုင်ဖို့ရည်ညွှန်းတဲ့ထင်သာ မြင်သာမှတ်တမ်းတခုဖြစ်စေပါတယ်။
(၂) သင့်ရဲ့ အတ္တကိုလွှတ်ချလိုက်ပါ
Source : Freepik
သင့်ရဲ့ အတ္တကိုဘယ်လိုလက်လွှတ်ရမလဲ ဆိုတာလေ့လာပါ။ ဘာဖြစ်လို့လဲဆိုတော့ သင့်အတ္တက သင့်ရဲ့ဖြစ်နိုင်ခြေနဲ့တိုးတက်မှုတွေကို မျက်စိပိတ်နားပိတ်ဖြစ်စေလို့ပါ။ အကြောင်းအရာတွေက ငါထင်ထားသလိုမဟုတ်ဘူးဆိုရင် ဒါမှမဟုတ် ငါမှန်းတာမှားခဲ့ရင်ရော စသဖြင့် ကိုယ့်ရဲ့ယူဆချက်ကိုပဲအမြဲအမှန်ထင်နေတတ်တဲ့အကျင့်ကိုဖျောက်ဖို့ ဒီလိုရိုးရှင်းတဲ့မေးခွန်းတွေကိုယ့်ကိုယ်ကိုမေးလို့ရပါတယ်။
(၃) စာများများဖတ်ပါ
Source : Shutterstock
သင့်အနေနဲ့ ကျောင်းပြီးသွားရင်တောင် သင်မသိတာတွေအများကြီးရှိနေနိုင်ပါတယ်။ ဒါ့ကြောင့် အရေးကြီးတဲ့တချက်က စာများများဖတ်ပါ။ သင့်ကိုအသိပညာပေးတာပဲဖြစ်ဖြစ် အားကျအတုယူရစေတဲ့စာမျိုးတွေပဲဖြစ်ဖြစ်ဖတ်ပေးလို့ရပါတယ်။ စာဖတ်ခြင်းက ကျောင်းစာသင်ခန်းတွေမှာမသင်ခဲ့ရတဲ့အကြောင်းအရာတွေအများကြီးကို လေ့လာဖို့အကောင်းဆုံးနည်းလမ်းတခုပါ။
(၄) တခြားသူတယောက်ရဲ့ဘဝမှာရှင်သန်ဖို့ မကြိုးစားပါနဲ့
Source : businessinsider
လူတော်တော်များများက သူတပါးရဲ့ မျှော်လင့်ချက်တွေ တန်ဖိုးထားမှုတွေနဲ့ကိုယ့်ရဲ့အောင်မြင်ကိုတိုင်းတာတတ်ကြပါတယ်။ ဒါပေမယ့် ဒါက သင့်ကို အမှန်တကယ်စိတ်ကျေနပ်မှုမပေးနိုင်ပါဘူး။ သင့်မှာ တခြားသူထက်ပိုကောင်းတဲ့အရာတခုရှိနိုင်သလို အဲ့ဒီအရာကသင့်အတွက်တခြားအရာတွေထက်ပိုအထောက်အကူပြုနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ကိုယ်ပိုင်စည်းမျည်းတွေနဲ့ပဲနေပါ။ သင့်ကို လူတယောက်က ဒါမှမဟုတ် လူ့အဖွဲ့အစည်းကမျှော်လင့်ထားတဲ့အတိုင်း မနေပါနဲ့။
(၅) အတိတ်ကိုပြန်တွေးပြီး မကောင်းတာတွေမခံစားပါနဲ့
Source : businessinsider
သင့်ပတ်ဝန်းကျင်လူတွေကိုကြည့်လိုက်ပါ တချို့က သူတို့ကိုယ်သူတို့ ငါသာ ဘဝကိုနောက်ကြောင်းပြန်လို့ရရင် ငါအဲ့အလုပ်ကိုလုပ်ခဲ့သင့်တယ်၊ ငါသာ ပညာသင်ခဲ့ရင် ရာထူးကောင်းကောင်းရမှာ ဒီမိန်းကလေးကိုသာ လက်ထပ်လို့ရခဲ့ရင် ငါပျော်ရွှင်ရမှာ စသဖြင့်အမြဲတမ်းနောင်တရစရာတွေကိုပဲရှာဖွေနေတယ်ဆိုရင် သူတို့ဘဝအနာဂတ်အခွင့်အလမ်းတိုင်းအတွက် ဆုံးဖြတ်ချက်လဲကောင်းကောင်းချနိုင်တော့မှာမဟုတ်ဘူး။ ဒါ့ကြောင့် သင့်ဘဝကိုအတိတ်မှာပဲနေရင်း မကောင်းတာတွေမခံစားပါနဲ့။