ဘာမှ လုပ်ချင်စိတ်မရှိဘဲ ခြေကုန်လက်ပန်းကျနေတယ်လို့ ခံစားရရင် ဘာလုပ်ဖြစ်ပါသလဲ။ စိတ်ထဲမှာ တက်ကြွရွှင်လန်းမှု မရှိရင် ဘာပဲလုပ်လုပ် အလုပ်မဖြစ်ဘဲ လူပဲ ပန်းလျပြီး ကျန်နေတတ်ပါတယ်။ တကယ်လို့ ကိုယ့်ကိုယ်ကိုယ် လုပ်ချင်ကိုင်ချင်စိတ်တွေ ပျောက်နေပြီဆိုရင် ဒီအချက်လေးတွေ လုပ်ကြည့်သင့်ပါတယ်။
(၁) အကြောလျှော့ပါ

Photo: Freepik
ရွှင်လန်းတက်ကြွလာဖို့အတွက် အရင်ဆုံး Physical ပိုင်း ပြင်ရမှာပါ။ ၂ မိနစ်လောက် အကြောလျှော့လိုက်မယ်ဆိုရင် စိတ်ခံစားချက်ဟာ ချက်ချင်း သိသိသာသာ ပြောင်းသွားမှာပါ။ ရုံးထဲမှာဆိုရင်တော့ ထိုင်ခုံကနေ ခဏ ထပြီး အပြင်တစ်နေရာရာမှာ Stretching လုပ်ဖို့ အကြံပေးချင်ပါတယ်။
(၂) အစားအသောက်ပြောင်းပါ

Photo: Freepik
အစားအသောက်ကလည်း လူကို ပြင်ပါတယ်။ စိတ်ခံစားမှုကို အကောင်းဘက် ပြောင်းပေးနိုင်တဲ့ အစားအစာတွေထဲမှာ အမျှင်ဓါတ်နဲ့ ပရိုတိန်းမြင့်တဲ့ အစားအစာတွေ ပါဝင်ပါတယ်။
(၃) သူငယ်ချင်းတွေနဲ့ စကားပြောပါ

Photo: Freepik
ပျင်းရိငြီးငွေ့နေပြီး ဘာမှ မလုပ်ချင်ရင် လုပ်လက်စတွေ ခဏချထားပြီး ကိုယ်သိပ်ခင်ရတဲ့ သူငယ်ချင်းနဲ့ စကားလက်ဆုံပြောကြည့်ပါ။ စိတ်အပြောင်းအလဲ ဖြစ်သွားပါလိမ့်မယ်။
(၄) အားကစားလုပ်ပါ

Photo: Freepik
စိတ်ထဲမှာ ဘာမှ အာရုံစိုက်လို့ မရရင် တစ်ချို့သူတွေက ယောဂလုပ်ကြပြီး တစ်ချို့တွေကတော့ Gym ကို အကောင်းဆုံးဆေးခန်းအဖြစ် ယုံကြည်ကြပါတယ်။ အားကစားလုပ်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာတင် သန်စွမ်းစေတာ မဟုတ်ဘဲ စိတ်ကိုလည်း ကြည်လင်ရွှင်လန်းစေပါတယ်။
(၅) တစ်မှေးအိပ်ပါ

Photo: Freepik
Energy တက်ချင်ရင် ဆက်တိုက်ကြီး မနားတမ်း အလုပ်မလုပ်ပါနဲ့။ နားတတ်ဖို့ လိုပါတယ်။ နေ့လည်နေ့ခင်းတွေမှာ မိနစ် ၂၀ ၊ နာရီဝက် မှေးစက်လိုက်မယ်ဆိုရင် နိုးလာတာနဲ့ ခေါင်းဟာ လန်းဆန်းကြည်လင်နေပြီး စိတ်ဟာလည်း ပိုပြီး ထက်ထက်မြက်မြက် အာရုံစိုက်လာနိုင်ပါတယ်။
