အလုပ်ရခြင်း မရခြင်းမှာ ကျွမ်းကျင်မှုနဲ့ လုပ်သက်အရည်အသွေးတွေပေါ်ပဲ မူတည်နေတာ မဟုတ်ပါဘူး။ အသွင်အပြင်ကလည်း အရေးပါပါတယ်။ အရည်အချင်းတူရင်တောင် Appearance ကောင်းသူဟာ ရာထူးတိုးဖို့/လစာပိုကောင်းဖို့ အလားအလာများပါတယ်။

(၁) ပိုပြီး အလုပ်ခန့်ချင်လာစေတယ်

Photo: ShutterStock

အလုပ်ခန့်ဖို့အတွက် လူတွေ့အင်တာဗျူးမှာ အရင်ဆုံး အကဲခတ်ကြတာက သင့်ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ပုံပန်းသဏ္ဍာန်ပဲ ဖြစ်ပါတယ်။ ပထမဆုံး တွေ့ချိန် Impression မှာ အဆင်မပြေရင် အလုပ်ရဖို့လည်း ခက်မှာပါ။

ဆံပင်ကောင်းကောင်းညှပ် ၊ အဝတ်အစားကို သန့်သန့်ပြန့်ပြန့်ဝတ်ပြီး သွားမယ်ဆိုရင် မြင်မြင်ချင်း သဘောကျစေနိုင်ပါတယ်။

(၂) ရုပ်နုတယ် ထင်ရမယ်

Photo: Pexels

သိပ္ပံနည်းကျ လေ့လာမှုတွေအတွက် အလုပ်ရှင်တွေဟာ အသက်ကြီးတဲ့သူတွေထက် စာရင် ငယ်ရွယ်နုပျိုသူတွေကို အလုပ်ပေးချင်ကြတယ်လို့ဆိုပါတယ်။ အဝတ်အစားနဲ့ အနေအထိုင်ကြောင့် ရုပ်နုတဲ့သူတွေဟာ အလုပ်ရဖို့ အခွင့်အလမ်း ပိုများပါတယ်။

(၃) ပိုယုံကြည်ကြတယ်

Photo: The Motley Fool

ဖောက်သည်ဝန်ဆောင်မှုပေးတဲ့ အလုပ်တွေမှာ ရုပ်ရည်ဟာ အရေးပါနေပါတယ်။ မျက်နှာဥပဓိရုပ်ကောင်းသူကို လူတွေက နှစ်သက်သဘောကျပြီး ယုံကြည်ချင်ကြပါတယ်။ ဖောက်သည်ဝန်ဆောင်မှုမှာ ကိုယ့်ဖောက်သည်တွေဆီက ယုံကြည်မှုရခြင်းဟာ အရေးကြီးဆုံး အရာ ဖြစ်ပါတယ်။

(၄) ရာထူပိုတိုးပေးချင်ကြတယ်

Photo: The Balance Career

ရုပ်ရည်ဟာ ရာထူးထိုးပေးခြင်းနဲ့ တိုက်ရိုက်မဆိုင်ပေမယ့် ခေါင်းဆောင်ဖြစ်မယ့်သူဟာ ချစ်ခင်နှစ်လိုဖွယ် ရုပ်ရည် ရှိသင့်တယ်ဆိုတာ လူတိုင်းလက်ခံထားတဲ့ အရာပါ။ ဒီတော့ အရည်အချင်း တူသူတွေအကြားမှာ ရုပ်ရည် သန့်ပြန့်တဲ့သူက ရာထူးပိုမြင့်မြင့် ရဖို့ Chance ပိုများတယ်လို့ ဆိုရမှာပါ။